DVB Logo
Home
မြန်မာသတင်း
ကင်ညာတွင် ကိုဗစ်-၁၉ ရောဂါကြောင့် ကျန်းမာရေးဝန်ထမ်း ၄ ဦးသေဆုံး
DVB
·
July 16, 2020
ကင်ညာတွင် ကိုဗစ်-၁၉ ရောဂါကြောင့် ကျန်းမာရေးဝန်ထမ်း ၄ ဦးသေဆုံး
Donate to DVB

ကိုဗစ်-၁၉ ကူးစက်ကပ်ဘေးကြောင့် ကင်ညာနိုင်ငံမှာ ကျန်းမာရေးဝန်ထမ်း လေးယောက် သေဆုံးပြီး အယောက် ၄၅၀ ကူးစက်ခံရတယ်လို့ ကင်ညာကျန်းမာရေးဝန်ကြီးက ဇူလိုင်လ ၁၅ ရက်မှာ ပြောပါတယ်။

 ကင်ညာရဲ့အကြီးဆုံးသားဖွားဆေးရုံ ပမ်ဝါနီမှာ ရောဂါကူးစက်မှု ဖြစ်ခဲ့တာပါ။ မြို့တော်နိုင်ရိုဘီက ဆေးရုံမှာ ဝန်ထမ်း ၄၁ ယောက်ထက်မနည်း ကိုရိုနာဗိုင်းရပ်စ် ကူးစက်ခံ ရတယ်လို့ ကျန်းမာရေးဝန်ကြီးဌာန ဆေးဘက်ဝန်ဆောင်မှုဌာနညွှန်ချုပ်က ပြောပါတယ်။

ကူးစက်ခံတွေဟာ ဝေဒနာအပျော့စားကို ခံစားနေရပြီး နောက်ထပ်ရောဂါလက္ခဏာတွေ မပြဘဲ ပြန်နေကောင်းလာမယ်လို့ မျှော်လင့်တယ်လို့လည်း ပုဂ္ဂလိကပိုင် Citizen TV ကို ပြောပါတယ်။

အရင်အပတ်ကလည်း နိုင်ရိုဘီမြို့တော်တွင်း တခြားဆေးရုံမှာ အလုပ်လုပ်နေတဲ့ ဆရာဝန် တယောက် ကိုရိုနာဗိုင်းရပ်စ် ကူးစက်ခံရလို့ သေဆုံးပါတယ်။

 ကင်ညာမှာ ကိုဗစ်-၁၉ ကူးစက်ခံအတည်ပြုလူနာ ၁၁၂၅၂ ယောက်ရှိပြီး ကူးစက်ခံသေဆုံးသူ ၂၀၉ ယောက် ရှိထားတယ်လို့ ဝန်ကြီးဌာနက ပြောပါတယ်။ 

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013