DVB Logo
Home
မြန်မာသတင်း
ဧရာဝတီတိုင်းက ပင်လယ်ကမ်းခြေအပန်းဖြေစခန်းများ ပြန်ဖွင့်ရန် စီစဉ်
DVB
·
July 15, 2020
ဧရာဝတီတိုင်းက ပင်လယ်ကမ်းခြေအပန်းဖြေစခန်းများ ပြန်ဖွင့်ရန် စီစဉ်
Donate to DVB

ဧရာဝတီတိုင်းအတွင်းရှိ ချောင်းသာ၊ ငွေဆောင်နဲ့ ဂေါ်ရန်ဂျီစတဲ့ ကမ်းခြေဒေသရှိ ဟိုတယ်နဲ့ တည်းခိုခန်းတွေအပါအဝင် ခရီးသွား ဧည့်သည်ဝင်ရောက်မှု ပြန်လည်ဖွင့်လှစ်ဖို့အတွက် စီစဉ်ဖို့ တိုင်းအစိုးရအဖွဲ့ရုံးက သတင်းထုတ်ပြန်ပါတယ်။

တိုင်းအတွင်းရှိ ကမ်းခြေတွေကို ကျန်းမာရေးနှင့် အားကစားဝန်ကြီး ဌာနမှ ထုတ်ပြန်ထားတဲ့ စည်းမျဉ်းစည်းကမ်းများနဲ့အညီ ဖွင့်လှစ်နိုင်ရေး စီစဉ်ဆောင်ရွက်သွားဖို့ တိုင်းအစိုးရအဖွဲ့ရုံးက ဇူလိုင်လ ၁၄ ရက်နေ့ ညပိုင်း သတင်းထုတ်ပြန်လိုက်တာပါ။

အပန်းဖြေသက်သက်နဲ့ လူစုလူဝေးဖြစ်မှာစိုးရိမ်လို့ ကမ်းခြေဒေသရှိ ဟိုတယ်နဲ့ တည်းခိုခန်း တွေကို လကုန်ထိပိတ်ထားမှာဖြစ်ပါတယ်။ မြို့ပေါ်ရှိ ဟိုတယ်နဲ့ တည်းခိုခန်းတွေကိုတော့ ကျန်းမာရေး ဝန်ကြီးဌာနရဲ့ သတ်မှတ်ထားတဲ့ စည်းမျဉ်းစည်းကမ်းတွေနဲ့အညီ ပြန်လည်ဖွင့်လှစ်ခွင့်ပေးမှာ ဖြစ်ပေမယ့် အရင် စစ်ဆေးတာတွေပြုလုပ်သွားမှာဖြစ်တယ်လို့ တိုင်းအစိုးရ အဖွဲ့ရုံးက သိရပါတယ်။

တိုင်းအတွင်းမှာရှိတဲ့ ရုပ်ရှင်ရုံတွေ ဗီဒီယိုရုံတွေ ကာရာအိုကေတွေနဲ့ စင်တင်ဖျော်ဖြေရေး လုပ်ဆောင်တဲ့ နေရာတွေကိုတော့ ဇူလိုင်လကုန်ထိ ပိတ်ထားမှာဖြစ်ပါတယ်။

ကမ်းခြေဒေသရှိ ဟိုတယ်နဲ့ တည်းခိုခန်းတွေကို ၁၅ ရက်နေ့ထိပိတ်ထားမှာ ဖြစ်ပေမဲ့ ခရီးသည်ယာဉ်လိုင်းတွေ ပိတ်ထားတာကို ပြန်လည်ပြေးဆွဲခွင့်ပြုခဲ့သလို ပိတ်ပင်ထားတဲ့ စျေးတွေနဲ့ စျေးတွေကိုတော့ ပြန်လည်ရောင်းချခွင့်ပြုခဲ့ပြီးဖြစ်ပါတယ်။

ဧရာဝတီတိုင်းအတွင်းရှိ ချောင်းသာကမ်းခြေမှာ ဟိုတယ် ၃၉ လုံး၊ တည်းခိုခန်း ၅၉ လုံးနဲ့ ငွေဆောင်ကမ်းခြေမှာ ဟိုတယ် ၃၃ လုံး၊ တည်းခိုခန်း ၄၆ လုံးရှိပြီး ၁ နှစ်ကို ခရီးသွား သိန်းနဲ့ချီ ဝင်ရောက်လည်ပတ်လေ့ရှိတယ်လို့ အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနရဲ့ မှတ်တမ်းတွေအရ သိရပါတယ်။

မင်းထက်မုန်း (ပုသိမ်)

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013