DVB Logo
Home
မြန်မာသတင်း
ကယားပြည်နယ်တွင် ညမထွက်ရအမိန့်ကို ၂ လ ထပ်မံတိုးမြှင့်
DVB
·
July 15, 2020
ကယားပြည်နယ်တွင် ညမထွက်ရအမိန့်ကို ၂ လ ထပ်မံတိုးမြှင့်
Donate to DVB

ကိုဗစ်-၁၉ ရောဂါကူးစက်ပြန့်ပွားတာကို ကာကွယ်ထိန်းချုပ်နိုင်ဖို့အတွက် ကယားပြည်နယ် အတွင်းထုတ်ပြန်ထားတဲ့  ညမထွက်ရအမိန့် ၂ လတိတိ ထပ်မံတိုးမြှင့်လိုက်ကြောင်း ဇူလိုင်လ ၁၄ ရက်နေ့ ရက်စွဲနဲ့ မြို့နယ်အုပ်ချုပ်ရေးမှူး အသီးသီးက လက်မှတ်ထိုး ထုတ်ပြန်လိုက်ပါတယ်။

မေလ ၁၅ ရက်နေ့ကစပြီး ည ၁၂ နာရီကနေ မနက် ၄ နာရီအထိ ညမထွက်ရအမိန့်ကို ထုတ်ပြန်ခဲ့ပြီး အဲဒီထုတ်ပြန်ချက်ကို ဖြေလျှော့ခြင်းမပြုဘဲ ဆက်လက်ထားရှိမှာဖြစ်ကြောင်း ဒီအမိန့်စာကို လိုက်နာရန် ပျက်ကွက်ပါက တည်ဆဲဥပဒေအရ အရေးယူခြင်းခံရမယ်လို့  မြို့နယ်အသီးသီးက ထုတ်ပြန်ထားပါတယ်။

ည ၁၂ နာရီမှ မနက် ၄ နာရီထိ ညမထွက်ရ အမိန့်စာ ထုတ်ပြန်တဲ့ရက်မှ  ၂ လ အတည်ဖြစ်ကြောင်းလည်း ပြည်နယ်အတွင်းရှိ မြို့နယ် ၇ မြို့နယ်လုံးရဲ့ အုပ်ချုပ်ရေးမှူးအသီးသီးက ထုတ်ပြန်ထားပါတယ်။

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013