DVB Logo
Home
မြန်မာသတင်း
ကချင်ပြည်နယ်၌ ၁၈ နှစ်ပြည့်ပြီး ပထမဆုံးမဲပေးမည့် လူငယ်မဲဆန္ဒရှင် ၁ သိန်းကျော်ရှိ 
DVB
·
July 15, 2020
ကချင်ပြည်နယ်၌ ၁၈ နှစ်ပြည့်ပြီး ပထမဆုံးမဲပေးမည့် လူငယ်မဲဆန္ဒရှင် ၁ သိန်းကျော်ရှိ 
1 / 2
Donate to DVB

ကချင်ပြည်နယ်အတွင်း ၂၀၂၀ နိုဝင်ဘာ ၈ ရက်နေ့ ရွေးကောက်ပွဲအချိန်မှာ ၁၈ နှစ်ပြည့်ပြီး ပထမဦးဆုံးအကြိမ်  မဲစတင်ပေးရမယ့် လူငယ်မဲဆန္ဒရှင်ပေါင်း ၁ သိန်းကျော်ရှိပြီး မိုးညှင်းခရိုင်မှာ အများဆုံးဖြစ်တယ်လို့ ရွေးကောက်ပွဲကော်မရှင်အဖွဲ့ခွဲကနေ သိရပါတယ်။ 

မိုးညှင်ခရိုင် ရွေးကောက်ပွဲကော်မရှင်အရာရှိက ဇူလိုင် ၁၃ ရက် မိုးညှင်းခရိုင် ရွေးကောက်ပွဲကော်မရှင်ရုံးခန်းမှာ နိုင်ငံရေးပါတီတွေနဲ့ လုပ်ငန်းညှိနှိုင်းဆွေးနွေးပွဲမှာ မြစ်ကြီးနား၊ ဗန်းမော်၊ ပူတာအို၊  မိုးညှင်းခရိုင် ၄ ခရိုင်ရှိ မဲဆန္ဒရှင်တွေရဲ့ အခြေအနေနဲ့ ပတ်သက်ပြီး  ပြောကြားခဲ့တာ ဖြစ်ပါတယ်။

မိုးညှင်းခရိုင် ရွေးကောက်ပွဲကော်မရှင် အရာရှိ ဦးမျိုးမင်းဦးက “၂၀၂၀မှာ အသစ်စက်စက် စတင်မဲပေးရမယ့်လူငယ်တွေ မိုးညှင်းခရိုင်မှာ ငါးသောင်းကျော်၊ ဗန်းမော်ခရိုင်မှာ သုံးသောင်းကျော်၊ မြစ်ကြီးနားခရိုင်မှာ နှစ်သောင်းကျော်၊ ပူတာအိုခရိုင်မှာ ငါးထောင်ကျော် ရှိတဲ့အတွက် မိုးညှင်းခရိုင်ကအများဆုံးပါပဲ”လို့ ပြောပါတယ်။

မိုးညှင်းခရိုင်အတွင်း မိုးညှင်းနဲ့ ဖားကန့်မြို့နယ် ၂ ခုပေါင်း မဲဆန္ဒရှင် အရေအတွက် စုစုပေါင်း ၃ သိန်းလောက်နဲ့  မိုးကောင်းမြို့နယ်မှာ  ၁ သိန်းလောက် ရှိနိုင်မယ်လို့ ကော်မရှင်က ပြောပါတယ်။

၂၀၂၀ ရွေးကောက်ပွဲမှာ ဝင်ပြိုင်ဖို့အတွက် ကိုယ်စားလှယ်လောင်းတင်သွင်းခဲ့တဲ့ ပါတီတွေကတော့ မိုးညှင်းမှာ  ၁၀ ပါတီ၊ ဖားကန့်မှာ  ၉ ပါတီနဲ့ မိုးကောင်းမှာ  ၁၁ ပါတီ ရှိပါတယ်။

သတင်း-မုန်းမုန်းမင်း

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013