DVB Logo
Home
မြန်မာသတင်း
မြေပုံမြို့နယ် စစ်ဘေးရှောင်စခန်း ၂ ခုတွင် စားနပ်ရိက္ခာပြတ်လပ်နေ 
DVB
·
July 14, 2020
မြေပုံမြို့နယ် စစ်ဘေးရှောင်စခန်း ၂ ခုတွင် စားနပ်ရိက္ခာပြတ်လပ်နေ 
1 / 7
Donate to DVB

ရခိုင်ပြည်နယ်၊ မြေပုံမြို့နယ်ရှိ ရက်ချောင်းနဲ့ စညှင်း စစ်ဘေးရှောင်စခန်း နှစ်ခုမှာ စားနပ်ရိက္ခာ ပြတ်လပ်နေပြီး အကူအညီလိုအပ်နေတယ်လို့ လူမှုကယ်ဆယ်ရေးအဖွဲ့တွေက ပြောပါတယ်။

အဆိုပါ စစ်ဘေးရှောင် စခန်း နှစ်ခုမှာ လောလောဆယ် စားနပ်ရိက္ခာ ၁၅ ရက်လောက်စာကျန်ရှိပြီး အခုဆိုရင်နိုင်ငံတကာအဖွဲ့အစည်းတွေ အကူအညီပေးဖို့ မရောက်ရှိတာ ၅လကျော်ကြာသွားပြီလို့ စခန်းတာဝန်ခံ မြတန်ဆောင်းဆရာတော်က မိန့်ပါတယ်။

“လိုအပ်တာကတော့ အိမ်သာမရှိ အခက်အခဲဖြစ်တယ်။ နောက်တစ်ခုက စားနပ်ရိက္ခာ။ မနေ့ကတော့ ဒေသတွင်းကတစ်ဖွဲ့ စားနပ်ရိက္ခာနည်းနည်း လာလှူလာတယ်။ ဒေသတွင်းအဖွဲ့ အကူအညီနဲ့တော့ အဆင်မပြေနိုင်ပါဘူး။ သူတို့ကတော့ တပိုင်တနိုင် လာလှူကြ တာပါ။ နိုင်ငံတကာ အဖွဲ့တွေ အကူအညီလိုအပ်တယ်။ အခုကတော့ သူတို့လည်း ရောက်မလာကြဘူး စားနပ်ရိက္ခာကလည်း ၁၅ ရက်စာလောက်ကျန်တော့တယ်။”

အခုအချိန်မှာတော့ အစိုးရခွင့်ပြုချက်မရလို့ နိုင်ငံတကာ အဖွဲ့အစည်းတွေဖြစ်ကြတဲ့ WFP, ICRC အဖွဲ့အစည်းတွေက အကူအညီ မပေးကြတာကြောင့် ပြည်တွင်းက အလှူရှင်တွေဆီကရတာနဲ့ စားရေးသောက်ရေးကိုဖြေရှင်းနေရတယ်လို့ မြတန်းဆောင်ဆရာတော်က မိန့်ပါတယ်။

တိုက်ပွဲကြောင့်အသစ်ထွက်ပြေးလာကြတဲ့ စစ်ဘေးရှောင်တွေက စစ်ရှောင်စခန်းတွေမှာ နေရာမရှိတာကြောင့်နီးစပ်ရာ မြို့ပေါ်ရပ်ကွက်တွေနဲ့ အနီးဝန်းကျင်က ကျေးရွာတွေမှာ နေကြရပြီး  မရရှိနိုင်တာကြောင့် ရေရှည်မှာ အခက်အခဲဖြစ်လာနိုင်တယ်လို့ ရခိုင်တိုင်းရင်းသားများအစည်းအရုံးက REC အတွင်းရေးမှူး ဦးဇော်ဇော်ထွန်းက ပြောပါတယ်။

“အသစ်ထွက်ပြေးလာသူတွေ အများစုက စခန်းတွေကို မရောက်ရှိကြဘူးလေ။ နီးစပ်ကျေးရွာ၊ မိတ်ဆွေနေအိမ်တွေမှာနေကြတယ်။ သူတို့နဲ့ ပတ်သတ်တဲ့ အချက်အလက်တွေလည်း ကျတော်တို့ သေသေချာချာစာရင်းမရကြဘူး။ ရေရှည်မှာ အခက်အခဲဖြစ်လာနိုင်တယ်။”

စစ်ဘေးရှောင်စခန်း နှစ်ခုထဲက ရက်ချောင်းစစ်ဘေးရှောင်စခန်းမှာ လူဦးရေ ၄၅၁ ယောက်၊ အိမ်ထောင်စု ၁၁၈ စု၊ အမျိုးသား ၂၂၁ ဦး၊ အမျိုးသား  ၂၃၀  ဦးရှိပြီး စညှင်းစစ်ဘေးရှောင် စခန်းမှာတော့ လူဦးရေ ၄၀၂ ဦး၊ အိမ်ထောင်စု ၁၂၅ စု၊ ကျား ၁၆၇ ) ဦး ၊ မ ၂၃၅ ဦးရှိပါတယ်။

ပြီးခဲ့တဲ့ ဇူလိုင် ၅ ရက်နေ့ကလည်း မိုးသည်းထန်စွာရွာသွန်းပြီး တောင်ကျရေစီးဆင်းမှုကြောင့် မြေပုံမြို့နယ် ရက်ချောင်းလေးတောင် ကျေးရွာအနီးမှ စစ်ဘေးရှောင်ဒုက္ခသည် ၄၀၀ ကျော် ဘေးလွတ်ရာ ထွက်ပြေးခဲ့ရပါတယ်။

သတင်း-ဝဏ္ဏခွာညို- ဓာတ်ပုံ- ခိုင်ကောင်းစံ

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013