DVB Logo
Home
မြန်မာသတင်း
လွိုင်ကော်တွင် ကိုဗစ်ကာကွယ်ရေးစည်းကမ်းနှင့်အညီ‌ ကျောင်းအပ်လက်ခံနေ
DVB
·
July 14, 2020
လွိုင်ကော်တွင် ကိုဗစ်ကာကွယ်ရေးစည်းကမ်းနှင့်အညီ‌ ကျောင်းအပ်လက်ခံနေ
1 / 6
Donate to DVB

၂၀၂၀-၂၀၂၁ ပညာသင်နှစ်အတွက် နိုင်ငံတဝန်းမှာ အခြေခံပညာအထက်တန်းအဆင့်  ကျောင်းစတင်အပ်နှံနေသလို ကယားပြည်နယ်မှာလည်း ဇူလိုင် ၁၃ ရက်နေ့ကစပြီး အထက်တန်းကျောင်းနဲ့ အထက်ကျောင်းခွဲတွေမှာ ကိုဗစ်ကာကွယ်ရေး သတ်မှတ်စည်းကမ်းတွေနဲ့အညီ‌ ကျောင်းအပ်လက်ခံနေပါတယ်။

လွိုင်ကော်မြို့လယ်မှာရှိတဲ့ အ.ထ.က ၁ ကျောင်းမှာတော့ ကျောင်းလာအပ်တဲ့မိဘ နဲ့ကျောင်းသားတွေကို အဝင်ဝမှာကတည်းက အပူချိန်တိုင်းတာ၊ လက်ဆေးစေတာတွေ ပြုလုပ်ပေးသလို လူစုလူဝေးမဖြစ်ပေါ်စေရေးအတွက် ကျောင်းအပ် ပုံစံတွေကို ထုတ်ပေးပြီး နောက်နေ့တွေမှာ ပြန်လည်တင်လာဖို့ စီစဉ်ထားတယ်လို့  လို့ကျောင်းအုပ်ဆရာကြီး ဦးအောင်ဇော်ဦးက ပြောပါတယ်။ 

“ခါတိုင်းကျတော့ ဒီလောက်ထိ အားစိုက်စရာမလိုဘူးလေ။ သမားရိုးကျပဲ ကျောင်းအပ်လက်ခံတာ ဒီနှစ်ကျတော့ ကိစ္စတခုခုလုပ်မယ် ကြံတိုင်း ဒီ ကိုဗစ်နဲ့ငြိသလား အမြဲတမ်း ပဲ ကြည့်နေရတာပေါ့နော်။ အခုမိဘတွေကိုကျောင်းအပ်လက်ခံတဲ့အခါမှာ ကျနော်တို့က form ပေးတယ်။  ပြီးသူတို့တက်မယ့် ဘာသာတွဲကို ရွေးချယ်ပြီးရင် လာပေးလိမ့်မယ်။ အဲဒီမှာ ကျနော်က အစည်းအဝေးဖိတ်စာကိုပါ တခါတည်းပေးလိုက်တယ်။ ၁၈ ရက်နေ့မှာ အစည်းအဝး မပျက်မကွက်တက်ရောက်ဖို့ပေါ့။  အဲဒီနေ့မှာ တက်တဲ့သူလက်မှတ်ထိုး စာအုပ်ကို ဝေလိုက်မယ်။ အစည်းအဝေးပျက်ရင် စာအုပ်မရဘူး။  ”

ဒါ့အပြင် ကိုဗစ်ကာလ ကျောင်းတက်ရမယ့် အနေအထားတွေနဲ့ပတ်သက်ပြီး မိဘတွေ သိအောင် ကျောင်းသားမိဘတွေအားလုံးကို ဇူလိုင် ၁၈ ရက်နေ့မှာ အစည်းအဝေးခေါ်ထားပြီး အဲဒီနေ့ကျမှာ ကျောင်းသုံးဖတ်စာအုပ်နဲ့ ကိုဗစ်ကာကွယ်ရေးအတွက် MASK နဲ့ FACESHILF တွေကို ပေးအပ်သွားမယ်လို့လည်း ကျောင်းအုပ်ဆရာကြီး ဦးအောင်ဇော်ဦးက ပြောပါတယ်။

ကျောင်းတက်ချိန်မှာ ကျောင်းသူကျောင်းသားတွေ အလွယ်တကူနဲ့ လက်ဆေးနိုင်ဖို့ အခန်းတိုင်းရဲ့ရှေ့မှာ လက်ဆေးဘေဇင်တွေ တပ်ဆင်ပေးထားသလို ဆပ်ပြာတွေကိုလည်း ကျောင်းက ကိုယ်တိုင်လုပ်ထားတဲ့ဆပ်ပြာတွေကို အသုံးပြုဖို့ ပြင်ဆင်ထားကောင်းလည်း ဆရာဦးအောင်ဇော်ဦးက ပြောပါတယ်။

“ကျောင်းရှေ့ဂိတ်ပေါက်မှာ ကျနော်တို့ အပူချိန်စောင့်တိုင်းမှာ မဟုတ်ဘူး။ ဂိတ်ပေါက်မှာ စောင့်တိုင်းလိုက်ရင်း လမ်းအပြင်မှာ block ဖြစ်သွားမယ်။ ကားတွေဘာတွေနဲ့ ကလေးတွေ ယာဉ်အန္တရာယ်ရှိတယ်။ အဲတော့ ကျနော်တို့က အဲဒီကနေ ကြိုးတန်းပြီးမှ ဝင်ကမ္ဘာလိုမျိုး ခုံနဲ့ ကြိုးနီတားထားမှာဖြစ်တဲ့အတွက် တတန်းနဲ့တတန်း ၆ ပေခြားမယ်။  တယောက်နဲ့ တယောက်ကလည်း ၆ ပေခြားမယ်။ အထဲမှာပဲ ကလေးကိုစုပြီး အဲဒီလမ်းကြောင်းအတိုင်း လျှောက်လာခဲ့ ဆရာမက အဲဒီမှာ အပူချိန်တိုင်းပြီးမှ ဒုတိယအဆင့်မှ ကျနော်တို့က ကျောင်းလက်ခံမှာဖြစ်တယ်။  ”

၁၀ တန်းကျောင်းသူကျောင်းသားတွေကို  ပိုပြီးအချိန်ပေးဖို့ ပညာရေးဌာနက ညွှန်ကြားတဲ့အတွက် မြို့ပေါ်ကျောင်းအားလုံးမှာ ၁၀ တန်းတွေကို မနက် ၈ နာရီကနေ ၁၂ နာရီအထိ နေ့တိုင်းစာ သင်ပေးသွားမှာဖြစ်ပြီး ၉ တန်းတွေကို တပတ်ခြား သင်ပေးသွားမှာဖြစ်ပါတယ်။

အလယ်တန်းကျောင်းသားတွေကိုလည်း မနက်ပိုင်းဆိုရင် ၅ တန်း ၆ တန်းနဲ့  ညနေပိုင်းမှာ ၇ တန်း ၈ တန်း သင်စေမှာဖြစ်ပြီး မူလတန်းကျောင်းသားကျောင်းသူတွေကိုတော့ မနက်ပိုင်း တချိန်တက်ဖို့ စီစဉ်ထားတယ်လို့   ကျောင်းအုပ်ဆရာကြီးက ပြောပါတယ်။

ကျောင်းတွင်း အခန်းတိုင်း လက်ဆေးဘေစင်နဲ့  ရေရရှိစေဖို့ ပြီးခဲ့တဲ့မေလကတည်းက ကျောင်းသားမိဘ အလှူရှင်တချို့နဲ့အတူ ပြင်ဆင်ထားခဲ့တာဖြစ်ပြီး အထက်ထန်းကနေ မူလတန်းအထိ  အခန်းတိုင်း လက်ဆေးဘေစင်နဲ့ ရေရရှိဖို့ လုပ်ဆောင်ခဲ့တာလို့ ဆိုပါတယ်။

ကျောင်းလာအပ်တဲ့ ကျောင်းသားမိဘတဦးကတော့ “ကျမတို့ ကယားပြည်နယ်မှာတော့ ကိုဗစ်-၁၉က မရှိဘူးပေါ့နော်။ အဲကျတော့ စိုးရိမ်ပူပန်မှုက သိပ်မရှိဘူး။ ဒါပေမဲ့ ကလေးတွေအနေနဲ့တော့ အများကြီး ဂရုစိုက်ရမှာပေါ့နော်။ အငယ်လေးတွေကျတော့ ၆ ပေအကွာဆိုလည်း သူတို့က နေမှာမဟုတ်ဘူးလေ။ အဲကျတော့ မူလတန်းကလေးတွေကို ပိုပြီးတော့ ဂရုစိုက်ရမှာပေါ့။  ”

ကိုဗစ်ကာလအတွင်း ဇူလိုင် ၂၁ ရက်နေ့ကစပြီး  အထက်တန်းအဆင့် ကျောင်းစတင်ရမှာ ဖြစ်ပြီး အလယ်တန်း အဆင့်တွေကို သြဂုတ်လ၄  ရက်နဲ့ မူလတန်းဆင့်တွေကို  သြဂုတ်လ ၁၁ ရက်မှာ စတင်ဖွင့်လှစ်ဖို့ ကြေညာထားပါတယ်။

ကယားပြည်နယ်ရှိ မြို့နယ် ၇ မြို့နယ်မှာ အခြေခံပညာသင်ကျောင်းပေါင်း ၄၅၃ ကျောင်းရှိပြီး ကျောင်းသူ ကျောင်းသားပေါင်း ၈၀၀၀၀ နီးပါး ရှိပါတယ်။

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013