DVB Logo
Home
မြန်မာသတင်း
ထိုင်းတွင် အမြန်ရထားနှင့်ကားတိုက်မိပြီး  မြန်မာအလုပ်သမား ၁ ဦးသေ၊ ၁ ဦးဒဏ်ရာရ 
DVB
·
July 14, 2020
ထိုင်းတွင် အမြန်ရထားနှင့်ကားတိုက်မိပြီး  မြန်မာအလုပ်သမား ၁ ဦးသေ၊ ၁ ဦးဒဏ်ရာရ 
Donate to DVB

ထိုင်းနိုင်ငံမှာ အမြန်ရထားတစင်းနဲ့ ကားတစီးတိုက်မိပြီး  မြန်မာအမျိုးသား တစ်ဦး သေဆုံးကာ  အမျိုးသား ၁ ဦး ဒဏ်ရာရသွားတယ်လို့  ထိုင်းနိုင်ငံထုတ် သည်နေးရှင်းသတင်းမှာ  ဒီကနေ့ ဖော်ပြပါတယ်။

ရက်ချဘူရီခရိုင်၊ ဘန်ဖောင်မှာ  ဇူလိုင်လ ၁၃ ရက် နေ့က ဖြစ်ခဲ့တာဖြစ်ပြီး အဆိုပါအမျိုးသားဟာ ပစ်ကပ်ထရပ်ကားပေါ်မှာ နွားတကောင်ကို တင်ဆောင် မောင်းနှင်လာခဲ့တာဖြစ်ပါတယ်။ တခြားသူတစ်ဦးကတော့ သီသီ လေးလွတ်မြောက်သွားခဲ့ပြီး ထိခိုက်ဒဏ်ရာတွေ ရရှိသွားခဲ့တယ်လို့ ဆိုပါတယ်။

       ဘန်ဖောင်ရဲစခန်းတာဝန်ရှိသူတွေကတော့ သတင်းပေးချက်အရ အခင်းဖြစ်တဲ့ နေရာကို ရောက်ရှိချိန်မှာတော့ ရက်ချဘူရီခရိုင်မှတ်ပုံတင်နံပါတ်ပြားနဲ့ အပြာရောင်နစ်ဆန်း ပစ်ကပ်ကားကို တပတ်လည်မှောက်လျက်သားအနေအထားနဲ့ တွေ့ရှိခဲ့ရပြီး တိုက်မိခဲ့တဲ့ ရထားကတော့ ရထားအမှတ် ၁၆၈ ဘန်ကောက်-ကန်တန်အမြန်ရထားဖြစ်တယ်လို့ ပြောပါတယ်။

ဖြတ်လမ်း လမ်းဆုံမှာ ရထားနဲ့ ကားတိုက်မိပြီးနောက် ကားပေါ်မှာ မြန်မာအမျိုးသား ၂ ယောက်လုံးဟာ လွင့်ထွက်သွားခဲ့ပြီး မီတာ ၁၀၀ အကွာမှာ သေဆုံးနေတဲ့ နွား တကောင်ကိုလည်း တွေ့ရှိခဲ့ပါတယ်။

       သေဆုံးသူရဲ့ အမည်ကိုတော့ အသက် ၃၅ နှစ်အရွယ် မင်းမင်းလို့ ဖော်ပြထားပြီး ထိခိုက်ဒဏ်ရာရရှိသွားတဲ့ နောက်တယောက်ကိုတော့ ရှိုလို့ သတင်းမှာ ဖော်ပြပါတယ်။

ရှိုကိုတော့ နီးစပ်ရာ ဘန်ဖောင်ဆေးရုံဆီ ပို့ဆောင်ခဲ့ပြီးနောက်မှာတော့ သက်သာနေပြီ ဖြစ်ပါတယ်။

       ရှိုရဲ့ ပြောပြချက်အရ သူနဲ့ သေဆုံးသူ မင်းမင်းတို့ဟာ နခွန်ပထုံခရိုင်ထဲက သား သတ်ရုံတရုံမှာ အလုပ်လုပ်နေကြသူတွေဖြစ်ပြီး အခင်းဖြစ်တဲ့နေ့ကတော့ မွေးမြူရေးခြံကနေ နွားကို တင်ဆောင်ပြီး ပြန်လာခဲ့တာဖြစ်တယ်လို့ ဆိုပါတယ်။

လက်ရှိမှာတော့ အဆိုပါ လမ်းပိုင်းကို ပြန်လည်ဖွင့်လှစ်ထားခဲ့ပြီဖြစ်ကာ အခင်း ဖြစ်တဲ့ နေရာအနီးတဝိုက် မျက်မြင်သက်သေတွေကို သက်ဆိုင်ရာက စစ်ဆေးမေးမြန်းမှု တွေ လုပ်ဆောင်နေတယ်လို့ ထိုင်းသတင်းမှာ ဖော်ပြပါတယ်။

ကိုးကား-THE NATION

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013