DVB Logo
Home
မြန်မာသတင်း
လွိုင်ကော် fever clinic ၌ တီဘီ၊ သွေးလွန်တုပ်ကွေးနှင့် ငှက်ဖျားရောဂါ ရှာဖွေကုသပေးနေ
DVB
·
July 13, 2020
လွိုင်ကော် fever clinic ၌ တီဘီ၊ သွေးလွန်တုပ်ကွေးနှင့် ငှက်ဖျားရောဂါ ရှာဖွေကုသပေးနေ
1 / 7
Donate to DVB

ကယားပြည်နယ်၊ လွိုင်ကော်မြို့ မြို့နယ်ခန်းမမှာ ဖွင့်လှစ်ထားတဲ့ အခမဲ့ဆေးခန်း (fever clinic)မှာ ဒီကနေ့ ဇူလိုင် ၁၃ ရက်နေ့ကစပြီး တီဘီ၊ သွေးလွန်တုပ်ကွေးနဲ့ ငှက်ဖျားရောဂါပိုးတွေကိုပါ အခမဲ့စမ်းသပ်ပေးနေပါတယ်။

ကိုဗစ်-၁၉ ကပ်ရောဂါ ကြိုတင်ကာကွယ်နိုင်ဖို့ ရည်ရွယ်ပြီး လွိုင်ကော်မြို့ မြို့နယ်ခန်းမမှာ အဖျားရောဂါကု အခမဲ့ဆေးခန်း (fever clinic)ကို ဇွန်လ ၁ ရက်နေ့ကတင်ဖွင့်လှစ်ခဲ့ပြီး ဒီကနေ့မှာ  ထပ်တိုးဝန်ဆောင်မှုပေးမှာဖြစ်တယ်လို့ အဖျားရောဂါကုဆေးခန်းမှာ တာဝန်ယူလုပ်ဆောင်နေတဲ့ ဒေါက်တာပြည့်ဖြိုးကျော်ကပြောပါတယ်။

“ဒီ fever clinic ကိုစစချင်လုပ်တုန်းကတော့ ပုံမှန် ကိုဗစ်-၁၉ ကို ထိန်းချုပ် ကာကွယ် ကုသရေးကို တဘက်တလမ်းကနေ အထောက်အကူပြုဖို့ အဖျားလူနာနဲ့ အသက်ရှုလမ်းကြောင်း ဆိုင်ရာလူနာတွေကို ကြည့်နေတာပေါ့နော်။ အဲလိုလုပ်ရင်းနဲ့မှ ကျနော်တို့ ပြည်နယ်တီဘီတို က်ဖျက်ရေးဌာနနဲ့ပူးပေါင်းပြီးတော့ အဖျားလူနာနဲ့တွဲတဲ့ ချောင်းဆိုးတဲ့ လူနာတွေကို တီဘီရောဂါပါ ရှာဖွေပေးမယ်ဆိုပြီးတော့ အခုရွေ့လျား ဓာတ်မှန်စက်နဲ့ ဓာတ်ပုံရိုက်ပေးမယ်ပေါ့နော်။ နောက်တခု ထပ်တိုးတဲ့ဝန်ဆောင်မှုအနေနဲ့ကတော့ အဖျားရောဂါနဲ့ တွဲတဲ့ သွေးလွန်တုပ်ကွေးပေါ့နော်။ အခုဆိုရင် မိုးရာသီ ရာသီချိန်လည်းရောက်လာပြီ သွေးလွန်တုပ်ကွေးတွေလည်း လွိုင်ကော်မြို့မှာ တွေ့လာရပြီဆိုတော့ သွေးလွန်တုပ်ကွေး ပိုးရှိမရှိကိုပါ စစ်ဆေးပေးမယ်ပေါ့နော်။”

ဒီလိုထပ်တိုးဝန်ဆောင်မှုအတွက် ပြည်နယ် တီဘီတိုက်ဖျက်ရေးဌာနက ဆရာဝန်တဦး၊ ဓာတ်မှန်ကျွမ်းကျင် ၂ ဦးနဲ့ ဓာတ်ခွဲဝန်ထမ်း ၂ ဦးတို့က ပါဝင်ကူညီ စမ်းသပ်ကုသပေးနေတာဖြစ်ပါတယ်။

အရင်လက စတင်ဖွင့်လှစ်တဲ့ အဖျားရောဂါ ကုသဆေးခန်းအတွက် မြန်မာနိုင်ငံဆရာဝန်အသင်း (ကယားပြည်နယ်)  နဲ့ ပရဟိတအဖွဲ့တွေပူးပေါင်းပြီး  ဒီအခမဲ့ဆေးခန်းကို ဖွင့်လှစ်ခဲ့တာပါ။

ဇွန်လ ၁ ရက်မှ ဇူလိုင် ၁၁ ရက်နေ့အထိ အဖျားရောဂါကု အခမဲ့ဆေးခန်း (fever clinic)မှာ လာရောက်ပြသတဲ့လူနာ ၁၁၀ ကျော်ရှိခဲ့ပြီး အများစုမှာ အဖျားရောဂါနဲ့  လာရောက်သူများပြားခဲ့သလို ကိုဗစ်-၁၉ သံသလူနာ မရှိခဲ့ဘူးလို့ ဒေါက်တာ ပြည့်ဖြိုးကျော်က ပြောပါတယ်။

လွိုင်ကော် မြို့နယ်ခန်းမမှာ ဖွင့်လှစ်တဲ့  အဖျားရောဂါကု အခမဲ့ဆေးခန်း (fever clinic )ကို မနက် ၉ နာရီခွဲကနေ ၁၁ နာရီခွဲ တကြိမ်၊ မွန်းလွဲ ၂ နာရီခွဲကနေ ၄ နာရီခွဲအထိ တနေ့နှစ်ကြိမ်ဖွင့်လှစ်ပေးတာဖြစ်ပြီး အပတ်စဉ် တနင်္ဂနွေနေ့တိုင်း  ပိတ်မှာဖြစ်ပါတယ်။

ဒီကနေ့ ဇူလိုင် ၁၃ ရက်နေ့ကစပြီး တနင်္လာ၊ ဗုဒ္ဓဟူးနဲ့သောကြာနေ့တွေမှာ တပတ်ကို ၃ ရက်နဲ့ အခမဲ့ စမ်းသပ် ကုသပေးမှာဖြစ်ပါတယ်။

Support DVB
Live
DVB Donate၂၀၂၆ ကမ္ဘာ့ဖလား
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013