DVB Logo
Home
မြန်မာသတင်း
တရုတ်တွင် ရေကြီးမှုသတိပေးချက် ဒုတိယအမြင့်ဆုံး တပ်လှန့်
DVB
·
July 13, 2020
တရုတ်တွင် ရေကြီးမှုသတိပေးချက် ဒုတိယအမြင့်ဆုံး တပ်လှန့်
Donate to DVB

တရုတ်အာဏာပိုင်တွေက နိုင်ငံတွင်းရေကြီးမှု သတိပေး တပ်လှန့်ချက်ကို ဇူလိုင်လ ၁၂ ရက်မှာ ဒုတိယအမြင့်ဆုံးအဆင့်ထိ မြှင့်တင်လိုက်ပြီး ကယ်ဆယ်ရေးလုပ်ငန်းတွေကို အရှိန်တိုး လုပ်ဆောင်နေပါတယ်။

 တရုတ်နိုင်ငံရဲ့အကြီးဆုံး ရေချိုကန်ပိုယန်မှာ စိုးရိမ်ရေမှတ် ၆၄ ပေကို ကျော်လွန်ပြီး ရေမျက်နှာပြင်က ၇၄ ပေထိ သမိုင်းဝင်စံချိန်တင် မြင့်တက်ခဲ့လို့ ကန်ရဲ့အနီးဝန်းကျင်မှာ ရေကြီးနေ ပါတယ်။

ပြည်နယ်တွင်း စစ်ဘက်အာဏာပိုင်တွေက ကူညီကယ်ဆယ်ရေး အားဖြည့်ဖို့ ထောင်ချီတဲ့ စစ်သည်တွေကို ကန်ရဲ့ ကမ်းပါးနဲ့ ၆မိုင်အကွာဆီ တပ်ဖြန့် စေလွှတ်ထားတယ်လို့ အစိုးရမီဒီယာ စီစီတီဗီက ပြောပါတယ်။

တရုတ်နိုင်ငံမှာ ရေကြီးမှု အရေးပေါ်သတိပေးချက်ကို လေးဆင့် သတ်မှတ်ထားပြီး အဆင့်တစ်က အဆိုးရွားဆုံးအဆင့်ကို ကိုယ်စားပြုပါတယ်။

 ဒီနှစ် ရေဘေးမှာ တရုတ်နိုင်ငံအတွင်း လူ ၁၄၁ ယောက် သေဆုံး ပျောက်ဆုံးခဲ့ပြီး လယ်မြေ ဟက်တာ ၃ ဒသမ ၅၃ သန်း ပျက်စီးကာ အိမ်ခြေ ၂၈,၀၀၀ ပျက်စီးခဲ့ပါတယ်။

 စီးပွားရေးအရ ဆုံးရှုံးမှုတန်ဖိုး အမေရိကန်ဒေါ်လာ ၁၁ ဒသမ ၇၅ ဘီလီယံဖိုး ရှိခဲ့တယ်လို့ အစိုးရသတင်းဌာန ရှင်းဟွာက ဇူလိုင်လ ၁၂ရက်မှာ ကြေညာခဲ့ပါတယ်။  

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013