DVB Logo
Home
မြန်မာသတင်း
အာဇာနည်နေ့တွင်  ဥသြဆွဲရန်နှင့် ကားဟွန်းတီးရန် သမ္မတရုံး ညွှန်ကြား
DVB
·
July 13, 2020
အာဇာနည်နေ့တွင်  ဥသြဆွဲရန်နှင့် ကားဟွန်းတီးရန် သမ္မတရုံး ညွှန်ကြား
Donate to DVB

လာမယ့် ဇူလိုင် ၁၉ ရက် ၇၃ နှစ်မြောက် အာဇာနည်နေ့မှာ နိုင်ငံတဝန်း မြန်မာနိုင်ငံအလံကို တိုင်တဝက်ချ လွှင့်ထူဖို့၊  ဥသြဆွဲဖို့နဲ့ ကားတွေဟွန်းတီးကြဖို့ နိုင်ငံတော် သမ္မတရုံးက ညွှန်ကြားထားပါတယ်။

အာဇာနည်ခေါင်းဆောင်တွေ ကျဆုံးခဲ့တဲ့ မနက် ၁၀ နာရီ ၃၇ မိနစ်မှာ မြန်မာ့အသံနဲ့ ရုပ်မြင်သံကြားက ဥသြဆွဲ အချက်ပေးဖို့နဲ့ အဲဒီအချိန်မှာ သွားလာနေတဲ့ မော်တော်ယာဉ်တွေ ခဏရပ်ပြီး ဟွန်းတီးစေဖို့လည်း အစိုးရဌာနအားလုံးက လက်အောက်ဌာနအဖွဲ့အစည်း အဆင့်ဆင့်ကို ဆက်လက်ညွှန်ကြားထားပါတယ်။

ရန်ကုန်မြို့၊ ဗဟန်းမြို့နယ်၊ အာဇာနည်ဗိမာန်မှာ ကျင်းပမယ့် နိုင်ငံတော်အဆင့်  အာဇာနည်နေ့အခမ်းအနားအတွက် ဒီကနေ့မနက်က  အစမ်းလေ့ကျင့်ရာမှာ ရန်ကုန်တိုင်းဝန်ကြီးချုပ် ဦးဖြိုးမင်းသိန်း တက်ရောက်ခဲ့ပါတယ်။

ဗိုလ်ချုပ်အောင်ဆန်းပြတိုက် (ရန်ကုန်)နဲ့ ဗိုလ်ချုပ်အောင်ဆန်း နေအိမ်ပြတိုက် (နတ်မောက်) တို့မှာ နှစ်စဉ်ပြသနေကျဖြစ်တဲ့ အထူးပွဲတွေကို ဒီနှစ်မှာတော့ ကိုဗစ်-၁၉ ထိန်းချုပ်ရေးကာလဖြစ်လို့ အွန်လိုင်းကနေပဲ ပြသတော့မှာ ဖြစ်ပါတယ်။

ပြပွဲတွေကို www.nationalmuseumyangon.gov.mm

https://www.facebook.com/nationalmuseumyangon/

https://www.facebook.com/National-Museum-Nay-Pyi-Taw-809739482451309/ တို့မှာ ကြည့်ရှုနိုင်ပါတယ်။

ဓာတ်ပုံ- Chief Minister Office  

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013