DVB Logo
Home
မြန်မာသတင်း
တာချီလိတ် ဘိလပ်မြေဖျော်လုပ်ငန်း၌ ဆက်ကြေးကောက်သူ ၃ ဦး RCSS/SSA အဖွဲ့ကမဟုတ်ဟု ငြင်းဆို
DVB
·
July 12, 2020
တာချီလိတ် ဘိလပ်မြေဖျော်လုပ်ငန်း၌ ဆက်ကြေးကောက်သူ ၃ ဦး RCSS/SSA အဖွဲ့ကမဟုတ်ဟု ငြင်းဆို
Donate to DVB

တာချီလိတ်မြို့နယ် ဝမ်းလုံးကျေးရွာအနီး ဘိလပ်မြေဖျော်လုပ်ငန်းခွင်အတွင်း ဆက်ကြေး ကောက်ခံခဲ့တဲ့သူတွေဟာ RCSS/SSA က မဟုတ်ဘူးလို့ ပြောရေးဆိုခွင့်ရှိသူ ဗိုလ်မှူးကြီးအွန်းခေးက ငြင်းဆိုလိုက်ပါတယ်။

“အဲ့ဒီကိစ္စက ကျနော်တို့လူ မဟုတ်ပါဘူး၊ အခုလည်း ကျနော်တို့စုံစမ်းချက်အရ သိရတာပါ။ ကျနော်တို့က အဲ့လိုမျိုး ဆက်ကြေးကောက်တဲ့အလုပ်တွေ မလုပ်ဘူ။ ပြည်သူက စေတနာရှိလို့ ထည့်ဝင်တဲ့ငွေမျိုးတော့ လက်ခံတယ်။ တပ်ဘက်က တာဝန်ရှိသူတွေက တရားဝင်တော့ အကြောင်းမကြားလာသေးပါဘူး” လို့ပြောပါတယ်။

ဝမ်းလုံးရွာက Great Golden Hourse (ကြီးမြတ်သောရွှေမြင်း) ကုမ္ပဏီပိုင် ဘိလပ်မြေဖျော်စက်ရုံကို RCSS/SSA က လို့ ဆိုပြီး လူ ၃ ဦးရောက်ရှိလာကာ ဇူလိုင် ၁၁ ရက်နေ့ မနက်ပိုင်းက အခွန်ငွေ လာရောက်ကောက်ခံခဲ့တာလို့ သိရပါတယ်။

၂၀၂၀ လဆန်းပိုင်းကလည်း တာချီလိတ်မြို့နယ်အတွင်း RCSS/SSA က ဆိုကာ တာချီလိတ် လွယ်တော်ခမ်းကျေးရွာအုပ်စုအတွင်း သစ်ခုတ်နေတဲ့ လူ ၁ ဦးကို ငွေးကြေးကောက်ခံပြီး လူသတ်မှုတခု ဖြစ်ခဲ့ပါတယ်။

အခုနောက်ပိုင်း ဆက်ကြေးကောက်ခံမှုတွေရှိခဲ့ပေမယ့် ရှမ်းပြည်ပြန်လည်ထူထောင်ရေး ကောင်စီ/ရှမ်းပြည်တပ်မတော် (RCSS/SSA) ဘက်ကတော့ သူတို့လူတွေ မဟုတ်ဘူးလို့ ငြင်းဆန်ခဲ့တာပါ။

အခုကိစ္စနဲ့ပတ်သက်ပြီး ငွေကြေးကောက်ခံတဲ့သူ ၃ ဦးကို လိုက်လံဖမ်းဆီးခဲ့ပေမယ့် ဖမ်းဆီးနိုင်ခဲ့ခြင်းမရှိခဲ့ဘူးလို့ ရဲတပ်ဖွဲ့ တာဝန်ရှိသူတဦးက ပြောပါတယ်။

“အဲဒီ ၃ ယောက်ကို မြို့အထွက် မရမ်းဂိတ်ကို လှမ်းတားတယ်၊ တားပေမဲ့ မမိခဲ့ဘူး။ သူတို့ ထွက်ပြေးလွတ်မြောက်သွားတယ်” လို့ ပြောပါတယ်။

အဲဒီ ၃ ဦးကို RCSS/SSA ဘက်ကလည်း လိုက်လံစုံစမ်းမှုတွေ ပြုလုပ်နေတယ်လို့ သိရပါတယ်။

ကိုဇက်

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013