DVB Logo
Home
မြန်မာသတင်း
မော်လမြိုင် Quarantine စင်တာထဲ အရက်ဝင်သောက်သူ ၃ ဦးကို တရားစွဲ
DVB
·
July 12, 2020
မော်လမြိုင် Quarantine စင်တာထဲ အရက်ဝင်သောက်သူ ၃ ဦးကို တရားစွဲ
Donate to DVB

မွန်ပြည်နယ်၊ မော်လမြိုင် ပညာရေးကောလိပ်က အသွားအလာကန့်သတ် စောင့်ကြည့်ထားတဲ့ Facility Quarantine Camp ထဲ အရက်ဝင်သောက်ခဲ့တဲ့ လူငယ် ၃ ဦးကို ကူးစက်ရောဂါ ကာကွယ်နှိမ်နင်းရေးဥပဒေနဲ့ တရားစွဲဆိုထားတယ်လို့ မြို့နယ်အုပ်ချုပ်ရေးမှူးက ပြောပါတယ်။

ဒီလူငယ် ၃ ဦးဟာ ဇူလိုင် ၈ ရက်နေ့ ညပိုင်းက အသွားအလာကန့်သတ် စောင့်ကြည့်ခံထားရတဲ့ ထိုင်းနိုင်ငံပြန် လူငယ် ၁ ဦးရဲ့ အဆောင်ထဲမှာ အရက်အတူ သောက်ခဲ့ကြတာပါ။

အခုအခါမှာတော့ ကန့်သတ်နယ်မြေထဲ အရက်ဝင်သောက်ခဲ့တဲ့ လူငယ် ၃ ဦးကို ကူးစပ်ရောဂါ ကာကွယ်နှိမ်နင်းရေး ဥပဒေနဲ့ တရားစွဲဆိုလိုက်ပြီလို့ မော်လမြိုင်မြို့နယ် အုပ်ချုပ်ရေးမှူး ဦးဝေလင်းထွန်းက DVB ကို ပြောပါတယ်။

ဒီလူငယ် ၃ ဦးကို အဆောင်ထဲ အရက်အတူသောက်ဖို့ ခေါ်ဆောင်ခဲ့တဲ့ ထိုင်းနိုင်ငံပြန် လူငယ်ဟာ အသက် ၁၅ နှစ်အရွယ်သာ ရှိသေးတဲ့အတွက်ကြောင့် အသက်အရွယ် ပြန်လည်စိစစ်နေပြီး အသက်မပြည့်ရင်တော့ တခြားဥပဒေတခုနဲ့ တရားစွဲဖို့ ဥပဒေအရာရှိထံ အကြံဉာဏ်တောင်းခဲ့ထားတယ်လို့ ဆိုပါတယ်။

မော်လမြိုင်မှာ ပြီးခဲ့တဲ့ ဧပြီ ၁၃ ရက်နေ့ကလည်း အသွားအလာကန့်သတ် စောင့်ကြည့်ထားတဲ့ Facility Quarantine Campထဲမှာ အရက်သောက်ပြီး ဆဲဆိုတာတွေ လုပ်ဆောင်ခဲ့တဲ့ အမျိုးသား ၄ ဦးကို ကူးစက်ရောဂါ ကာကွယ်နှိမ်းနင်းရေး ဥပဒေနဲ့ အရေးယူတာတွေ လုပ်ဆောင်ခဲ့ပါတယ်။

Support DVB
Live
DVB Donate၂၀၂၆ ကမ္ဘာ့ဖလား
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013