DVB Logo
Home
မြန်မာသတင်း
တရုတ်နှင့် ထိုင်းနိုင်ငံတို့တွင် အခက်အခဲကြုံနေသည့် မြန်မာနိုင်ငံသား ၁၆၀ ကျော်ကို ပြန်ခေါ်
DVB
·
July 11, 2020
တရုတ်နှင့် ထိုင်းနိုင်ငံတို့တွင် အခက်အခဲကြုံနေသည့် မြန်မာနိုင်ငံသား ၁၆၀ ကျော်ကို ပြန်ခေါ်
Donate to DVB

တရုတ်နဲ့ ထိုင်းနိုင်ငံတို့မှာ အခက်အခဲကြုံတွေ့နေရတဲ့ ပညာသင်များအပါအဝင်  မြန်မာနိုင်ငံသား ၁၆၁ ဦးကို ကယ်ဆယ်ရေးလေယာဉ်နဲ့ မနေ့ညက ပြန်လည်ခေါ်ဆောင်ခဲ့တယ်လို့ နိုင်ငံခြားရေးဝန်ကြီးဌာနက ထုတ်ပြန်ပါတယ်။

နိုင်ငံတကာခရီးသည်တင် လေယာဉ်တွေ ပျံသန်းမှု ယာယီရပ်ဆိုင်းထားတာကြောင့် တရုတ်နိုင်ငံမှာ ပညာသင်ကြားနေသူ မြန်မာနိုင်ငံသား ၇၅ ဦးကို ကယ်ဆယ်ရေးလေယာဉ်နဲ့ ခေါ်ဆောင်ခဲ့ပြီး ရန်ကုန်အပြည်ပြည်ဆိုင်ရာလေဆိပ်ကို ည ၉ နာရီခွဲကျော်လောက်  ပြန်ရောက်လာခဲ့ပါတယ်။

အလားတူ ထိုင်းနိုင်ငံမှာ အခက်အခဲကြုံနေတဲ့ မြန်မာနိုင်ငံသား ၈၆ ဦးကိုလည်း မြန်မာအမျိုးသားလေကြောင်းလိုင်း ကယ်ဆယ်ရေးလေယာဉ်နဲ့ ခေါ်ဆောင်ခဲ့ပြီး ရန်ကုန်အပြည်ပြည်ဆိုင်ရာ လေဆိပ်ကို မနေ့ည ၇ နာရီခွဲကျော်လောက် ပြန်လည်ရောက်ရှိလာတယ်လို့ ထုတ်ပြန်ထားပါတယ်။

မြန်မာနိုင်ငံ ပြန်ရောက်လာသူတွေကို ၂၁ ရက်တာ အသွားအလာကန့်သတ်နေထိုင်စေပြီး စောင့်ကြည့်သွားမယ်လို့ ဆိုပါတယ်။

ဇူလိုင် ၉ ရက်နေ့ မနက်ပိုင်းကလည်း ထိုင်ဝမ်(တရုတ်-တိုင်ပေ) မှာ အခက်အခဲကြုံနေတဲ့ မြန်မာနိုင်ငံသား ၅၅ ဦးအား China Airline Cargo လေယာဉ်နဲ့ မြန်မာနိုင်ငံကို ပြန်လဉ်ခေါ်ဆောင်ခဲ့ပါတယ်။

ကိုဗစ်-၁၉ ရောဂါ ကူးစက်ကာလ မြန်မာနိုင်ငံကို နိုင်ငံတကာ လေကြောင်း ခရီးစဉ်တွေ ယာယီရပ်ဆိုင်းတာကြောင့် ပြည်ပနိုင်ငံအသီးသီးမှာ အခက်အခဲကြုံတွေ့နေကြတဲ့  မြန်မာနိုင်ငံသားတွေကို ပြန်လည်ခေါ်ဆောင်ခဲ့တာ ဒီနေ့အထိ စုစုပေါင်း ၇၃၀၁ ဦးရှိပြီလို့ သိရပါတယ်။

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013