DVB Logo
Home
မြန်မာသတင်း
သတင်းမီဒီယာ၊ သဘင်အစည်းရုံးနှင့်အဖွဲ့အချို့ကို တပ်မတော်က စားသောက်ကုန်များ လှူဒါန်း
DVB
·
July 10, 2020
သတင်းမီဒီယာ၊ သဘင်အစည်းရုံးနှင့်အဖွဲ့အချို့ကို တပ်မတော်က စားသောက်ကုန်များ လှူဒါန်း
1 / 6
Donate to DVB

မြန်မာနိုင်ငံ သတင်းမီဒီယာတွေ၊ အနုပညာရှင်တွေနဲ့ ရိုးရာလက်ဝှေ့အဖွဲ့တို့အတွက် ကိုဗစ်-၁၉  ရောဂါဖြစ်ပွားနေတဲ့ ကာလမှာ စားသောက်ရေး အဆင်ပြေစေဖို့ တပ်မတော် (ကြည်း၊ ရေ၊ လေ) မိသားစုတွေက ရိက္ခာအမယ်လေးမျိုးကို ဒီနေ့ လှူဒါန်းခဲ့ပါတယ်။

ဆန်၊ ဆီ၊ ပဲ၊ ဆားတို့ကို ရန်ကုန်တိုင်း ဒဂုံမြို့နယ်က တပ်မတော်ခန်းမမှာ တပ်မတော်ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင် တက်ရောက်ပေးအပ်ခဲ့တာလို့ တပ်မတော် သတင်းမှန်ပြန်ကြားရေးအဖွဲ့က ထုတ်ပြန်ပါတယ်။

မြန်မာနိုင်ငံသတင်းမီဒီယာကောင်စီ၊ မြန်မာနိုင်ငံသဘင်အစည်းအရုံး၊ မြန်မာနိုင်ငံ ပန်းချီပညာရှင်များ အဖွဲ့၊ မြန်မာနိုင်ငံအားကစားမီဒီယာများအဖွဲ့ချုပ်၊ မြန်မာနိုင်ငံဆိုင်း ပညာရှင်များအဖွဲ့၊  မြန်မာနိုင်ငံ ရိုးရာလက်ဝှေ့ အဖွဲ့ချုပ်၊ မြန်မာနိုင်ငံဂီတအစည်းအရုံး(ဗဟို)နဲ့ မြန်မာနိုင်ငံရုပ်ရှင် အစည်းအရုံးတို့ကို ပေးအပ်လှူဒါန်းတာပါ။

ဆန် အိတ် ၅၀ဝ၊ ဆီ ပိဿာ ၁၀ဝဝ၊ ပဲ ပိဿာ ၁၀ဝ၀ နဲ့ ဆား ပိဿာ ၁၀ဝ၀ ပေးအပ်တယ်လို့ ဆိုပါတယ်။

ဒါ့အပြင် တပ်မတော်ကာကွယ်ရေးဦးစီးချုပ်ဟာ ဗဟိုအမျိုးသမီးဆေးရုံကြီးအတွက် ခွဲစိတ်ခန်းသုံးနှာခေါင်းစည်း အခု ၂၀ဝဝဝ ၊ N 95 Mask အခု ၂၀ဝ၊ Surgical Gown ၅၀ဝခု ၊ လက်အိတ် အခု ၁၀ဝဝ၊ Sodium Hypochloride ၃ ပုံး၊ Fetal Doppler ၊ CTG Machine (Fetal Monitor) (ကလေးနှလုံးခုန်နှုန်းနဲ့ မိခင်သားအိမ်ညှစ်နှုန်းတိုင်းစက်)၊ Portable Ultrasound၊ Portable X-Ray တို့ကို ဒီနေ့ ပေးအပ်လှူဒါန်းခဲ့ပါသေးတယ်။

Photo - Ko Ye / MPA

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013