DVB Logo
Home
မြန်မာသတင်း
မြို့နယ် ၄ ခုတွင် တနေ့တည်း ကျပ်သိန်းပေါင်း ၄ သောင်းကျော်တန်ဖိုးရှိ မူးယစ်ဆေးများ ဖမ်းမိ
DVB
·
July 10, 2020
မြို့နယ် ၄ ခုတွင် တနေ့တည်း ကျပ်သိန်းပေါင်း ၄ သောင်းကျော်တန်ဖိုးရှိ မူးယစ်ဆေးများ ဖမ်းမိ
1 / 4
Donate to DVB

တာချီလိတ်၊ နောင်ချို၊ သာစည်နဲ့ ကျိုက်ထိုမြို့တို့မှာ ဇူလိုင် ၈ ရက် တနေ့တည်း ငွေကျပ်သိန်းပေါင်း ၄ သောင်းကျော် တန်ဖိုးရှိ မူးယစ်ဆေးတွေ ဖမ်းဆီးမိခဲ့တယ်လို့ သိရပါတယ်။

မွန်ပြည်နယ် ကျိုက်ထိုမြို့နယ်မှာ ဇူလိုင် ၈ ရက်နေ့ ည ၆ နာရီလောက်က ငွေကျပ်သိန်း ၁၄,၃၀၀ တန်ဖိုးရှိ စိတ်ကြွရူးသွပ်ဆေးပြားများ ဖမ်းဆီးရမိခဲ့တယ်လို့ ပြည်ထဲရေးက ထုတ်ပြန်ပါတယ်။

မူးယစ်ဆေးဝါးတားဆီးနှိမ်နင်းရေးရဲတပ်ဖွဲ့မှ တပ်ဖွဲ့ဝင်တွေဟာ ကျိုက်ထိုမြို့နယ်၊ မရမ်းချောင်အမြဲတမ်းစစ်ဆေးရေးစခန်းမှာ ဇေယျာချစ် မောင်းနှင်ပြီး ဘရန်(ခ)ချစ်ကိုကို လိုက်ပါလာတဲ့ Harrier အမျိုးအစားမော်တော်ယာဉ်ကို ရပ်တန့်ရှာဖွေရာ စိတ်ကြွရူးသွပ်ဆေးပြား ၂၈၆,၀၀၀ ပြား၊ မြန်မာငွေ ၈၇,၀၀၀ ကျပ်နဲ့ လက်ကိုင်ဖုန်း ၂ လုံးတို့ကို သိမ်းဆည်းရမိခဲ့တယ်လို့ ပြည်ထဲရေးက ထုတ်ပြန်ထားပါတယ်။

အလားတူ ဇူလိုင် ၈ ရက်နေ့ မွန်းလွဲ ၂ နာရီက မူးယစ်ဆေးဝါးတားဆီးနှိမ်နင်းရေးရဲတပ်ဖွဲ့မှ တပ်ဖွဲ့ဝင် တွေဟာ တာချီလိတ်မြို့နယ်၊ တာလေမြို့၊ တာချီလိတ်-ကျိုင်းတုံသွားကားလမ်းမှာ ရှားဟီ ၄၅ နှစ် မောင်းနှင်လာတဲ့ မော်တော်ဆိုင်ကယ်ကို ရပ်တန့်ရှာဖွေရာ ဆာလာအိတ်အတွင်းမှ စိတ်ကြွရူးသွပ်ဆေးပြား ၃၀,၀၀၀ ပြား၊ ဘိန်းစိမ်း ၃ ဒသမ ၅ ကီလိုနဲ့ လက်ကိုင်ဖုန်းတစ်လုံးတို့ကို သိမ်းဆည်းရမိခဲ့ပါတယ်။

ဒီနောက် တာလေမြို့၊ နားယောင်းကျေးရွာ အုပ်စု၊ ဟွေခိုက်ကျေးရွာရှိ နေအိမ်ကို ဆက်လက်ရှာဖွေရာ စိတ်ကြွရူးသွပ်ဆေးပြား ၁၃၀,၀၀၀ ပြား၊ စုစုပေါင်း  ငွေကျပ် ၁,၆၅၂.၅ သိန်းဖို့ မူးယစ်ဆေးတွေ ဖမ်းမိခဲ့ပါတယ်။

နောင်ချိုမြို့နယ်မှာလည်း ဇူလိုင် ၈ ရက်နေ့ မွန်းလွဲ ၁ နာရီခွဲလောက်က ငွေကျပ် ၂၃,၅၈၄ သိန်းတန်ဖိုးရှိ မူးယစ်ဆေးဝါးတွေ ဖမ်းဆီးရမိခဲ့ပါတယ်။

မူးယစ်ဆေးဝါးတားဆီးနှိမ်နင်းရေးရဲတပ်ဖွဲ့မှ တပ်ဖွဲ့ဝင်တွေဟာ နောင်ချိုမြို့နယ်၊ နောင်ချို-ရပ်စောက်သွားကားလမ်း၊ မိုင်တိုင်အမှတ်(၁၁၈/၀)အနီးမှာ စိုင်းစံမြင့်(ခ)မာန်အောင် မောင်းနှင်ပြီး အောင်သောင်း လိုက်ပါလာတဲ့ DONG FENG အမျိုးအစား ယာဉ်ကို ရပ်တန့်ရှာဖွေရာမှ ဘိန်းဖြူ ၂၆.၁၈ ကီလို၊ စိတ်ကြွရူးသွပ် ဆေးပြား ၈၀၀,၀၀၀ ပြား၊ မြန်မာငွေကျပ် ၁၀ သိန်းနှင့် လက်ကိုင်ဖုန်း ၃ လုံးတို့အား သိမ်းဆည်းရမိခဲ့ပါတယ်။ 

သာစည်မြို့နယ်မှာလည်း ဇူလိုင် ၈ ရက်နေ့ မနက် ၈ နာရီခွဲအချိန်က ငွေကျပ် ၁,၁၉၈.၀၅ သိန်းတန်ဖိုးရှိ ဘိန်းစိမ်းတွေ ဖမ်းဆီးရမိခဲ့ပါတယ်။

မူးယစ်ဆေးဝါးတားဆီးနှိမ်နင်းရေးရဲတပ်ဖွဲ့မှ တပ်ဖွဲ့ဝင်တွေဟာ သာစည်မြို့နယ်၊ ကျွဲတပ်ဆုံပူးပေါင်းစစ်ဆေးရေးဂိတ်မှာ မြင့်ဝင်း မောင်းနှင်ပြီး သားဦး လိုက်ပါလာတဲ့ HIJET အမျိုးအစားမော်တော်ယာဉ်ကို ရပ်တန့်ရှာဖွေရာ ဘိန်းစိမ်း ၇၉ ဒသမ ၈၇ ကီလို၊ မြန်မာငွေ ၁၀၀,၀၀၀ ကျပ်နဲ့ လက်ကိုင်ဖုန်း ၂ လုံးတို့ကို သိမ်းဆည်း ရမိခဲ့ပါတယ်။

မြို့နယ် ၄ ခုမှာ မူးယစ်ဆေးဝါးတွေနဲ့ ဖမ်းဆီးရမိသူတွေကို မူးယစ်ဆေးဝါးနှင့် စိတ်ကိုပြောင်းလဲစေသော ဆေးဝါးများဆိုင်ရာဥပဒေအရ အရေးယူထားတယ်လို့ သိရပါတယ်။

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013