DVB Logo
Home
မြန်မာသတင်း
YBS အစီး ၅၉၀ ကျော် ကတ်စနစ်ဖြင့် ဇူလိုင် ၂၁ ရက် စတင်ပြေးဆွဲမည်
DVB
·
July 9, 2020
YBS အစီး ၅၉၀ ကျော် ကတ်စနစ်ဖြင့် ဇူလိုင် ၂၁ ရက် စတင်ပြေးဆွဲမည်
Donate to DVB

YBS ငွေပေးချေရေးကတ်စနစ်ကို ဇူလိုင် ၂၁ ရက်နေ့ စတင်မှာဖြစ်ပြီး ကတ်တခုကို ငွေ နှစ်ထောင်နဲ့ ရောင်းချသွားမယ်လို့ Asia Starmar ကုမ္ပဏီက ပြောပါတယ်။ 

ရန်ကုန်မြို့မှာ ပြေးဆွဲနေတဲ့ YBS ယာဉ်တွေထဲက YBPC အများပိုင်ကုမ္ပဏီနဲ့ ဗန္ဓုလသယ်ယူပို့ဆောင်ရေးအများပိုင်ကုမ္ပဏီက ယာဉ်အစီး ၅၉၀ ကျော်ကို ဇူလိုင် ၂၁ ရက်နေ့ကစပြီး ကတ်စနစ်နဲ့ ငွေကြေးကောက်ခံမှုတွေ လုပ်ဆောင်တော့မှာပါ။ 

YBPC ကုမ္ပဏီက ယာဉ်လိုင်းပေါင်း ၇ လိုင်းနဲ့ ဗန္ဓုလကုမ္ပဏီက ယာဉ်လိုင်းပေါင်း ၅ လိုင်းမှာ ကတ်စနစ်စတင် အသုံးပြုလို့ရမှာဖြစ်သလို တဖြည်းဖြည်းနဲ့ ယာဉ်လိုင်းတွေ တိုးချဲ့သွားမယ်လို့ Asia Starmar ကုမ္ပဏီက ပြောပါတယ်။ 

YBS ငွေပေးချေရေးကတ်တွေကို ဇူလိုင် ၁၆ ရက်နေ့ကစပြီး G&G စတိုးဆိုင် ၁၀၀ ကျော်မှာ ငွေကျပ် ၂၀၀၀ နဲ့ ဝယ်ယူရမှာဖြစ်သလို ပထမတစ်လအတွက် ကျပ် ၅၀၀၀ ငွေဖြည့်ရင် ကတ်အခမဲ့ပေးမယ်လို့ Asia Starmar ကုမ္ပဏီရဲ့ Chief Marketing Officer ဒေါ်ခင်ခင်ရီ ပြောပါတယ်။

YBS ကတ်စနစ်အသုံးပြုဖို့ ရန်ကုန်မြို့မှာ ပြေးဆွဲနေတဲ့ YBS ယာဉ်အစီးရေ ၁၉၀၀ ကျော်မှာ စက်တွေ တပ်ဆင်ထားပြီးဖြစ်သလို အဲဒီအထဲက YBPCနဲ့ဗန္ဓုလကုမ္ပဏီက ယာဉ်တွေမှာ အရင်အသုံးပြုဖို့ စီစဉ်ခဲ့တာလို့ ဇူလိုင် ၈ ရက်နေ့က ပြုလုပ်တဲ့ သတင်းစာရှင်းလင်းပွဲမှာ YRTAတွဲဖက်အတွင်းရေးမှူး ဦးလှအောင်က ပြောပါတယ်။

YBS ငွေပေးချေရေးကတ်စနစ်ကို ငွေကျပ် ၂၀၀၀ နဲ့ ရောင်းချမယ့်အပေါ် ငွေပမာဏသိပ်မများတာကြောင့် နောက်ပိုင်းအဆင်ပြေသွားနိုင်တယ်လို့ ပြောဆိုတဲ့ ခရီးသည်တွေရှိသလို လက်ရှိအချိန်ဟာ ကြပ်တည်းနေတဲ့ကာလဖြစ်လို့ ခရီးသည်တိုင်း ကတ်စနစ် အသုံးမပြုနိုင်ဘူးလို့ ပြောဆိုမှုတွေလည်း ရှိပါတယ်။

YBS ငွေပေးချေရေးကတ်တွေနဲ့ ပတ်သက်လို့ ပိုင်းလော့ပလော့ဂျက်အနေနဲ့ နည်းပညာစမ်းသပ်စီးနင်းမှုတွေကို လူဦးရေ ၁၀၀ လောက်သုံးပြီး  ဇန်နဝါရီလ ၂၀ ရက်နေ့ကနေ ဖေဖော်ဝါရီ ၉ ရက်နေ့ထိ ပြုလုပ်ခဲ့သလို့ ဖေဖော်ဝါရီ ၂၈ ရက်နေ့ကနေ မတ် ၂၂ ရက်နေ့အထိ ပြုလုပ်ထားတာပါ။ 

ရန်ကုန်မြို့မှာ ပြေးဆွဲနေတဲ့ YBS အစီးရေဟာ ၆၀၀၀ လောက်ရှိပြီး နေ့စဉ်ယာဉ်အစီးရေ ၄၅၀၀ လောက်နဲ့ ပြေးဆွဲပေးနေသလို နေ့စဉ်ခရီးသည် ၁ ဒဿမ ၈ သန်းကျော်ရှိတယ်လို့ YRTAက ပြောပါတယ်။

စိုးမိုးအောင်

Support DVB
Live
DVB Donate၂၀၂၆ ကမ္ဘာ့ဖလား
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013