DVB Logo
Home
မြန်မာသတင်း
စင်ကာပူတွင် အခက်ကြုံနေသည့် မြန်မာနိုင်ငံသား ၁၅၅ ဦးကို ပြန်ခေါ်
DVB
·
July 9, 2020
စင်ကာပူတွင် အခက်ကြုံနေသည့် မြန်မာနိုင်ငံသား ၁၅၅ ဦးကို ပြန်ခေါ်
Donate to DVB

ကိုဗစ်-၁၉ ရောဂါကြောင့် စင်ကာပူမှာ အခက်အခဲကြုံတွေ့နေရတဲ့ မြန်မာနိုင်ငံသား ၁၅၅ ဦးကို ကယ်ဆယ်ရေးလေယာဉ်နဲ့ မနေ့ညက ပြန်လည်ခေါ်ဆောင်ခဲ့တယ်လို့ နိုင်ငံခြားရေးဝန်ကြီးဌာနက ထုတ်ပြန်ပါတယ်။

မြန်မာနိုင်ငံသား ၁၅၅ ဦးကို စင်ကာပူနိုင်ငံ၊ ချန်ဂီအပြည်ပြည်ဆိုင်ရာ လေဆိပ်မှတဆင့် မြန်မာအမျိုးသားလေကြောင်းလိုင်း (MNA) ကယ်ဆယ်ရေးလေယာဉ်နဲ့ ပြန်လည်ခေါ်ဆောင်ခဲ့တာဖြစ်ပြီး ဇူလိုင် ၈ ရက်နေ့ ညနေ ၅ နာရီလောက် ရန်ကုန် အပြည်ပြည်ဆိုင်ရာ လေဆိပ်ကို ပြန်လည်ရောက်ရှိခဲ့ပါတယ်။

သူတို့အားလုံးကို ကျန်းမာရေးစိစစ်ပြီး ၂၁ ရက်တာ အသွားအလာကန့်သတ် နေထိုင်ဖို့ အလုပ်သမား၊ လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အားဝန်ကြီးဌာန၊ ကျန်းမာရေးဝန်ကြီးဌာနနဲ့ ရန်ကုန်တိုင်း အစိုးရအဖွဲ့တို့က သက်ဆိုင်ရာအခန်းကဏ္ဍအလိုက် ဆောင်ရွက်ပေးနေတယ်လို့ ဆိုပါတယ်။

နိုင်ငံတကာခရီးသည်တင် လေယာဉ်တွေ ပျံသန်းမှု ယာယီရပ်ဆိုင်းထားတာကြောင့် ပြည်ပ နိုင်ငံတွေမှာ အခက်အခဲကြုံတွေ့နေတဲ့ မြန်မာနိုင်ငံသားစုစုပေါင်း ၇၀၈၈ ဦးအား ပြန်လည်ခေါ်ဆောင်ပေးခဲ့ပြီးပြီလို့ ဆိုပါတယ်။

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013