DVB Logo
Home
မြန်မာသတင်း
ကိုဗစ်လူနာအမှတ်၂၄၉ ပိုးကင်းစင်သဖြင့် မိုးမောက်ဆေးရုံမှ နေအိမ်ပြန် (ဓာတ်ပုံ)
DVB
·
July 8, 2020
ကိုဗစ်လူနာအမှတ်၂၄၉ ပိုးကင်းစင်သဖြင့် မိုးမောက်ဆေးရုံမှ နေအိမ်ပြန် (ဓာတ်ပုံ)
1 / 6
Donate to DVB

ကချင်ပြည်နယ်က ဒုတိယပိုးတွေ့လူနာအမှတ် ၂၄၉ ကျန်းမာရေးဝန်ထမ်းဟာ ၂ ကြိမ်စစ်ဆေးပြီး ရောဂါပိုးမတွေ့တာကြောင့် မိုးမောက်ဆေးရုံဆင်းခွင့်ရပြီး ရွှေကူမြို့နယ် မိုးစစ်ကျေးရွာရှိ နေအိမ်ကို မနေ့ညက ပြန်သွားပြီလို့ သိရပါတယ်။

လူနာအမှတ် ၂၄၉ ဟာ လွယ်ဂျယ်မြို့နယ် ဝိန်ခမ်းကျေးရွာမှာကျန်းမာရေးဌာနမှာ တာဝန်ကျ ဝန်ထမ်းဖြစ်တဲ့အတွက် လွယ်ဂျယ်မြို့ နယ်စပ် အဝင်အထွက်ဂိတ်ပေါက်မှာ မေလနဲ့ ဇွန်လအတွင်း ရက်ပိုင်းတာဝန်ထမ်းဆောင်ခဲ့ပါတယ်။ 

နယ်စပ်တာဝန်ကျဝန်ထမ်းတွေကို ကျန်းမာရေး စစ်ဆေးရာမှ ဇွန် ၁၁ ရက်နေ့က ကိုဗစ်-၁၉ ရောဂါပိုးတွေ့ရှိလို့ ဗန်းမော်ဆေးရုံကြီးမှာ တက်ရောက်ခဲ့ရတာပါ။

ဗန်းမော်ဆေးရုံကြီးမှာ ဇွန် ၂၄ ရက်နဲ့ ဇွန် ၂၉ ရက်နေ့တွေက ဓာတ်ခွဲနမူနာ စစ်ဆေးရာမှာ ၂ ကြိမ် ပိုးမတွေ့ အဖြေထွက်ရှိခဲ့တာလည်း ဖြစ်ပါတယ်။

လူနာအမှတ် ၂၄၉ ကို ရွှေကူမြို့နယ်ဆရာဝန်ကြီးနဲ့ ကျန်းမာရေးဝန်ထမ်းတွေ၊ ပရဟိတအသင်းတွေက နှုတ်ဆက်ခဲ့ကြပြီး နေအိမ်မှာ Quarantine ဆက်နေသွားမယ်လို့ သိရပါတယ်။

ကချင်ပြည်နယ်က ပိုးတွေ့လူနာအမှတ် ၁၄၄ နဲ့ ၂၄၉ တို့ဟာ ဘယ်နေရာ သယ်သူ့ဆီက ကူးစက်လာမှန်း မသိရသလို သူတို့နဲ့ထိတွေ့ခဲ့သူတွေလည်း ကူးစက်မခံခဲ့ရဘူးလို့ သိရပါတယ်။

မုန်းမုန်းမင်း

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013