DVB Logo
Home
မြန်မာသတင်း
ကိုရီးယားအပါအဝင် ၁၄ နိုင်ငံတွင် အခက်အခဲကြုံနေသည့် မြန်မာ ၁၁၅ ဦးကို ပြန်ခေါ်
DVB
·
July 8, 2020
ကိုရီးယားအပါအဝင် ၁၄ နိုင်ငံတွင် အခက်အခဲကြုံနေသည့် မြန်မာ ၁၁၅ ဦးကို ပြန်ခေါ်
Donate to DVB

ကိုရီးယားအပါအဝင် ပြည်ပ ၁၄ နိုင်ငံမှာ အခက်အခဲကြုံနေရတဲ့ မြန်မာနိုင်ငံသား ၁၁၅ ယောက်ကို ကယ်ဆယ်ရေးလေယာဉ်နဲ့ ဇူလိုင် ၇ ရက်နေ့ ညက ပြန်လည်ခေါ်ဆောင်ခဲ့ပြီး စုစုပေါင်း ၇၀၀၀ နီးပါး ရှိပြီလို့ နိုင်ငံခြားရေးဝန်ကြီးဌာနက ထုတ်ပြန်ပါတယ်။

ကိုဗစ်-၁၉ ကပ်ရောဂါကာလ နိုင်ငံတကာခရီးသည်တင် လေယာဉ်တွေပျံသန်းမှု ယာယီရပ်ဆိုင်းထားတာကြောင့် ပြည်ပနိုင်ငံတွေမှာ အခက်အခဲကြုံတွေ့နေတဲ့ ကိုရီးယားနိုင်ငံက မြန်မာ ၄၅ ဦး၊ ဂျာမနီက ၁ ဦး၊ နော်ဝေက ၁ ဦး၊ ဆော်ဒီအာရေဗျက ၁ ဦး၊ ရုရှားက ၁ ဦး၊ ဩစတြီးယားက ၂ ဦး၊ နယ်သာလန်က ၂ ဦး၊ ဆွစ်ဇာလန်က ၃ ဦး၊ ဂရိနိုင်ငံက ၄ ဦး၊ ဗြိတိန်နိုင်ငံက ၅ ဦး၊ အင်ဒိုနီးရှားက ၁၀ ဦး၊ ပြင်သစ်နဲ့ပိန်နိုင်ငံတို့က ၁၀ ဦး၊ အမေရိကန်က အယောက် ၃၀၊  စုစုပေါင်း ၁၁၅ ဦးကို အင်ချွန်းအပြည်ပြည်ဆိုင်ရာလေဆိပ်ကတဆင့် MAI ကယ်ဆယ်ရေး လေယာဉ်ဖြင့် ပြန်လည်ခေါ်ဆောင်ခဲ့တာဖြစ်ပြီး ဇူလိုင် ၇ ရက်ည ၈ နာရီ ရန်ကုန်အပြည်ပြည် ဆိုင်ရာ လေဆိပ်ကို ရောက်ရှိခဲ့တယ်လို့ ဆိုပါတယ်။

သူတို့က လူဝင်မှုကြီးကြပ်ရေးက ကျန်းမာရေးစိစစ်ရေးနှင့် ၂၁ ရက်တာ အသွားအလာ ကန့်သတ်နေထိုင်ရေးတို့ကို အလုပ်သမား၊ လူဝင်မှုကြီးကြပ်ရေးနှင့်ပြည်သူ့အင်အားဝန်ကြီးဌာန၊ ကျန်းမာရေးနှင့် အားကစား ဝန်ကြီးဌာနနဲ့ ရန်ကုန်တိုင်းဒေသကြီးအစိုးရအဖွဲ့တို့က သက်ဆိုင်ရာအခန်းကဏ္ဍအလိုက် တာဝန်ယူဆောင်ရွက်ပေးခဲ့ပါတယ်။

ပြည်ပနိုင်ငံတွေမှာ အခက်အခဲကြုံတွေ့နေရတဲ့ မြန်မာနိုင်ငံသားတွေကို ပြန်လည်ခေါ်ဆောင်ခဲ့တာ စုစုပေါင်း ၆၉၃၄ ဦးရှိပြီလို့ နိုင်ငံခြားရေးဝန်ကြီးဌာက ထုတ်ပြန်ထားပါတယ်။

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013