DVB Logo
Home
မြန်မာသတင်း
မကွေးတိုင်း၌ ဇွန်လအတွင်း လူဦးရေ ၁၀၀၀ ကျော် လေဘေးသင့်ခဲ့
DVB
·
July 7, 2020
မကွေးတိုင်း၌ ဇွန်လအတွင်း လူဦးရေ ၁၀၀၀ ကျော် လေဘေးသင့်ခဲ့
Donate to DVB

မကွေးတိုင်းအတွင်းမှာ ပြီးခဲ့တဲ့ ဇွန်လအတွင်းက လေပြင်းတိုက်ခတ်မှု ၃၂ ကြိမ်ဖြစ်ပွားခဲ့ပြီး လူဦးရေ တစ်ထောင်ကျော် လေဘေးသင့်ခဲ့တယ်လို့ ဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲမှု ဦးစီးဌာနကနေ သိရပါတယ်။

မကွေးတိုင်းဒေသကြီး ဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲမှု ဦးစီးဌာန ညွှန်ကြားရေးမှူး ဦးမြင့်စိုးက “ပြီးခဲ့တဲ့ ဇွန်လအတွင်းမှာ လေပြင်း ၃၂ ကြိမ်တိုက်ခတ်ခဲ့ပြီး ပြိုကျနေအိမ် ၁၅ လုံး၊ တစ်စိတ်တစ်ပိုင်းပျက်စီးတဲ့နေအိမ် ၂၄၀ ကျော်ရှိပြီး လူဦးရေ တစ်ထောင်ကျော် လေဘေးသင့်ခဲ့ တယ်”လို့ ဒီဗွီဘီ ကို ပြောပါတယ်။

ပျက်စီးဆုံးရှုံးမှု အများဆုံးကတော့ မကွေးမြို့နယ်ဖြစ်ပြီး ဆင်ပေါင်ဝဲ၊ ကံမ စတဲ့မြို့နယ်တွေလည်း လေဘေးဒဏ် ခံခဲ့ရပါတယ်။

လေဘေးသင့်ခဲ့တဲ့ နေအိမ်တွေကို အိမ်ဆောက်ပစ္စည်ဖိုး တစ်အိမ်ထောင် တစ်သိန်း ကျပ်နဲ့ ဆန်ရိက္ခာဖိုး တစ်ဦးကို ၂၁၀၀ ကျပ်နှုန်း စီထောက်ပံ့ပေးခဲ့တယ်လို့ ပြောပါတယ်။

မကွေးတိုင်းဒေသကြီးမှာ အခုနှစ်အတွင်း လေပြင်းတိုက်ခတ်မှုအကြိမ်ရေနဲ့ ပျက်စီးဆုံးရှုံးမှု ပြီးခဲ့တဲ့နှစ်ထက် ပိုမိုများပြားတယ်လို့ ဘေးအန္တရာယ်ဆိုင်ရာ ​စီမံခန့်ခွဲမှု ဦးစီးဌာနကနေ သိရပါတယ်။

သတင်း-မင်းထီး

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013