DVB Logo
Home
မြန်မာသတင်း
မွန်ညီညွတ်ရေးပါတီကိုယ်စားလှယ်လောင်းများကို ချမှတ်ထားသည့်မူဝါဒနှင့်အညီရွေးရန် တိုက်တွန်း
DVB
·
July 6, 2020
မွန်ညီညွတ်ရေးပါတီကိုယ်စားလှယ်လောင်းများကို ချမှတ်ထားသည့်မူဝါဒနှင့်အညီရွေးရန် တိုက်တွန်း
Donate to DVB

မွန်ညီညွတ်ရေးပါတီအနေနဲ့ ကိုယ်စားလှယ်လောင်းတွေကို စိစစ်ရွေးချယ်ရာမှာ ချမှတ်ထားတဲ့ ရွေးချယ်ရေးမူဝါဒနဲ့ လုံးဝမသွေဖည်ဖို့ သတိပြုရမယ်လို့ မွန်နိုင်ငံရေး လေ့လာသူတွေနဲ့ မွန်အဖွဲ့အစည်း တာဝန်ရှိသူတွေက တိုက်တွန်းလိုက်ပါတယ်။

မွန်ညီညွတ်ရေးပါတီအနေနဲ့ ဥပဒေပြုရေးဆိုင်ရာပညာရပ်များ၊ အဆိုပြုရေးအသိပညာတွေနဲ့ တခြားစံသတ်မှတ်ချက် ၁၉ ချက်ပါဝင်တဲ့ ကိုယ်စားလှယ်လောင်းရွေးချယ်ရေးမူဝါဒကို ပြီးခဲ့တဲ့ဇွန်လ ၇ ရက်နေ့က ကျင်းပခဲ့တဲ့ ပါတီဗဟိုအလုပ်အမှုဆောင်အစည်းအ‌ဝေးမှာ အတည်ပြုဆုံးဖြတ်ခဲ့ကြတာဖြစ်ပြီး အဲဒီမူဝါဒတွေနဲ့ သွေဖည်းမသွားဖို့ တိုက်တွန်းခဲ့ကတာပါ။

မွန်နိုင်ငံရေးလေ့လာသုံးသပ်သူတဦးဖြစ်တဲ့ မင်းမင်းနွယ်က ''အဓိကအားဖြင့် ချမှတ်ထားတဲ့ ​ရွေးချယ်​ရေးမူဝါဒနဲ့ ဆန့်ကျင်ဘက်လုံးလုံးမ​သွေဖည်သွားဖို့ သတိပြုရပါမယ်။ ဘာ​ကြောင့်လဲဆို​တော့ မြို့နယ်မှာက ရပ်​/ကျေးကအင်အားစု​တွေနဲ့စုဖွဲ့ထားတာရယ်၊ ပါတီရဲ့ ​​ခြေလက်အသက်​သွေး​ကြောဖြစ်လို့ပဲဖြစ်တယ်။ မြို့နယ်ရပ်/​ကျေးရဲ့ သ​ဘောမပါဘဲ ပါတီဗဟိုသ​ဘောအတိုင်း ​ရွေးချယ်လိုက်မယ်ဆိုရင် ​အောင်နိုင်​ရေးအတွက် ရလဒ်​ကောင်းထွက်မှာ မဟုတ်ပါဘူး'' လို့ ဒီဗွီဘီကို ပြောပါတယ်။

မွန်လူမျိုးတို့ရဲ့ အနာဂတ်နိုင်ငံရေးက ခုရွေးကောက်ပွဲအောင်နိုင်ရေးကို အားပြုထားတာဖြစ်လို့ ရွေးကောက်ပွဲအောင်နိုင်ရေးသည် ပါတီအောင်နိုင်ရေးသက်သက်မဟုတ်ဘဲ မွန်တစ်မျိုးသားလုံး အောင်နိုင်ရေး၊ မွန်ဒေသအတွင်းမှာရှိတဲ့ လူမျိုးစုံတို့ရဲ့ ဒေသတနံတလျားအောင်နိုင်ရေးဖြစ်ပြီး ရလဒ်ကောင်းမထွက်ပေါ်လာပါက သက်ရောက်မှုက မူဝါဒချမှတ်သူတို့မှာသာ တာဝန်ရှိတယ်လို့ဆိုပါတယ်။

ရေးမြို့နယ် မွန်လူငယ်ကွန်ရက်ခေါင်းဆောင် နိုင်မြင့်ထွန်းက ''ရွေးချယ်ရေးအဖွဲ့ကို တိုက်တွန်းချင်တာက ချမှတ်ထားတဲ့စံနှုန်းတွေနဲ့အညီ ဗဟုသုတနဲ့ အသိဉာဏ်ကြွယ်ဝပြီးတော့ အများကြည်ညိုလေးစားသူဖြစ်ရမယ်၊ ပြည်သူကမဲပေးထားတာဖြစ်လို့ ပြည်သူအပေါ်မှာ မိမိရဲ့ အရည်အချင်းနဲ့ ဒေသအကျိုးသယ်ပိုးနိုင်ရမယ်၊ လွှတ်တော်မှာထိုင်အိပ်နေသူ၊ လစာပဲစောင့်နေသူ မဟုတ်ဘဲ အခက်အခဲတွေကို တင်ပြဆွေးနွေးနိုင်ရမယ်၊ ဥပဒေပြုနိုင်ရမယ်၊ ပြုပြင်နိုင်ဖို့ အဆိုတင်သွင်းနိုင်ရမယ်၊ ပြည်သူ့ကိုယ်စားတာဝန်အပြည့်အဝယူပြီး ပြည်သူအများ လက်ခံနိုင်တဲ့သူ ဖြစ်ဖို့လိုတယ်''လို့ ဒီဗွီဘီကို ပြောပါတယ်။

မွန်ညီညွတ်ရေးပါတီအနေနဲ့ လာမယ့် ၂၀၂၀ အထွေထွေရွေးကောက်ပွဲမှာ မွန်နဲ့ ကရင်ပြည်နယ်၊ တနင်္သာရီ၊ ရန်ကုန်နဲ့ ပဲခူးတိုင်းဒေသကြီးတို့မှာ ဝင်ရောက်ယှဉ်ပြိုင်သွားဖို့ရှိနေပြီး ကိုယ်စားလှယ်လောင်းရွေးချယ်ရာမှာ မူဝါဒနဲ့အညီ အမျိုးသမီးနဲ့လူငယ်တို့ကို ဦးစားပေး ရွေးချယ်သွားဖို့ မွန်ညီညွတ်ရေးပါတီတာဝန်ရှိသူတွေက ပြောဆိုထားပါတယ်။

သတင်း - ဝင်းနိုင်သက်

ဓါတ်ပုံ - MUP

Support DVB
Live
DVB Donate၂၀၂၆ ကမ္ဘာ့ဖလား
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013