DVB Logo
Home
မြန်မာသတင်း
ရွေးကောက်ပွဲတွင် ကယန်းတိုင်းရင်းသားဝန်ကြီးနေရာ ထည့်သွင်းပေးရန် တောင်းဆို
DVB
·
July 6, 2020
ရွေးကောက်ပွဲတွင် ကယန်းတိုင်းရင်းသားဝန်ကြီးနေရာ ထည့်သွင်းပေးရန် တောင်းဆို
Donate to DVB

အထွေထွေရွေးကောက်ပွဲအတွက် ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်က  ထုတ်ပြန်တဲ့ တိုင်းရင်းသားလူမျိုး မဲဆန္ဒနယ်တွေမှာ ကယားပြည်နယ်တွင်း ကယန်းတိုင်းရင်းသား လူမျိုးရေးရာဝန်ကြီး ထည့်သွင်းပေးဖို့ ကယန်းအမျိုးသားညီညွတ်ရေး ဦးဆောင်ကော်မတီက တောင်းဆိုလိုက်ပါတယ်။

ဇွန်လ ၂၉ ရက်နေ့က ပြည်ထောင်စုရွေးကောက်ပွဲမကော်မရှင်မှ ထုတ်ပြန်ထားတဲ့ ၂၀၂၀ ပြည့် ပါတီစုံဒီမိုကရေစီအထွေထွေရွေးကောက်ပွဲအတွက် သတ်မှတ်ထားတဲ့ တိုင်းရင်းဒေသကြီး လွှတ်တော် (သို့) ပြည်နယ်လွှတ်တော် တိုင်းရင်းသားလူမျိုး မဲဆန္ဒနယ်တွေရဲ့ စာရင်းမှာ ကယားပြည်နယ်လွှတ်တော်မဲဆန္ဒနယ်စာရင်းမှာ ကယန်းတိုင်းရင်းသားရေးရာဝန်ကြီး မဲဆန္ဒနယ် မသတ်မှတ်ထားတဲ့အတွက် ကန့်ကွက်ရှုတ်ချတယ်လို့ ထုတ်ပြန်ထားပါတယ်။ 

ဖွဲ့စည်းပုံအခြေခံဥပဒေပြဋ္ဌာန်းချက်အရ ကယန်းလူမျိုးတွေဟာ ကယားပြည်နယ်မှာ  မြန်မာနိုင်ငံလူဦးရေရဲ့ ၀ ဒသမ ၁ ရာနှုန်းကျော်ရှိတဲ့အတွက် ကယန်းတိုင်းရင်းသားရေးရာ ဝန်ကြီးတဦး ရရှိရမှာဖြစ်မေပယ့် လက်ရှိရွေးကောက်ပွဲကော်မရှင်က ထုတ်ပြန်ထားတဲ့ ကယားပြည်နယ် တိုင်းရင်းသားလူမျိုး မဲဆန္ဒနယ်မှာ ကယန်းတိုင်းရင်းသား လူမျိုးရေးရာဝန်ကြီး မဲဆန္ဒနယ် သတ်မှတ်ထည့်သွင်းခြင်းမရှိပါဘူး။

လွှတ်တော်မှာ ကယားပြည်နယ် မဲဆန္ဒနယ် အမှတ် ၄ အမျိုးသားလွှတ်တော်ကိုယ်စားလှယ် ဦးစောစိန်ထွန်း မေးမြန်းချက်အရ  အမျိုးသားလွှတ်တော်ရုံး သုတေသနဌာန ပြည်သူ့ဆက်ဆံရေးနှင့် နိုင်ငံတကာ ဆက်ဆံရေးဌာနကြီးမှ  ၂၀၁၉ ခုနှစ် ဖေဖော်ဝါရီ ၂ ရက်နေ့ ပြန်လည်ပေးပို့တဲ့ စာအရ ကယားပြည်နယ်အတွင်း  ကယန်းလူဦးရေ ၆၉၉၁၀ ဦးရှိတယ်လို့ ထုတ်ပြန်ချက်မှာ ဖော်ပြထားပါတယ်။

မြန်မာနိုင်ငံ လူဦးရေရဲ့ ၀ ဒသမ ၁ ရာနှုန်းကျော်ရှိတဲ့ ကယန်းလူမျိုးတွေအတွက် ကယန်းတိုင်းရင်းသားရေးရာ ထည့်သွင်းသတ်မှတ်မခြင်းမရှိတာကို ကန့်ကွက်ရှုတ်ချကြောင်းနဲ့ ကယားပြည်နယ် လူဝင်မှုကြီးကြပ်ရေးနှင့်ပြည်သူ့အင်အားဦးစီးဌာန (လဝက) အနေနဲ့ ကယားပြည်နယ်အတွင်းရှိ တိုင်းရင်းသားအသီးသီးရဲ့ လူဦးရေစာရင်းအမှန်ကို တရားဝင် အချိန်မီထုတ်ပြန်ပေးဖို့လည်း တောင်းဆိုထားပါတယ်။

ဒါ့အပြင် ပြည်ထောင်စုရွေးကောက်ပွဲကော်ရှင်အနေနဲ့ လက်ရှိဖော်ပြထားတဲ့ ကယားပြည်နယ်အတွင်း ကယန်းတိုင်းရင်းသားရေးရာဝန်ကြီးကို ပြန်လည်ပြင်ဆင်သတ်မှတ်ပေးဖို့ လည်း ကယန်းအမျိုးသားညီညွတ် ရေးကော်မတီက တောင်းဆိုပါတယ်။ 

ကယားပြည်နယ်မှာ ဗမာတိုင်းရင်းသားရေးရာဝန်ကြီးနေရာ သတ်မှတ်ထားပေမယ့် ကျန်တိုင်းရင်းသားရေးရာဝန်ကြီး သတ်မှတ်ထားတာမရှိပါဘူး။ 

ကယန်းအမျိုးသားညီညွတ်ရေးကော်မတီမှာ ကယန်းပြည်သစ်ပါတီ၊ ကယန်း အမျိုးသားပါတီ၊ ကယန်းစာပေနှင့် ယဉ်ကျေးမှုကော်မတီ၊ ကယန်းအမျိုးသမီး အစည်းအရုံး၊ ကယန်း မျိုးဆက်သစ်လူငယ်အဖွဲ့တို့ ပါဝင်ပါတယ်။ 

Support DVB
Live
DVB Donate၂၀၂၆ ကမ္ဘာ့ဖလား
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013