DVB Logo
Home
မြန်မာသတင်း
မဲဆောက်တွင် ၅ နှစ်အရွယ် မြန်မာမိန်းကလေးအား မုဒိမ်းကျင့်သတ်ဖြတ်ခဲ့သူကို ဖမ်းမိ
DVB
·
July 6, 2020
မဲဆောက်တွင် ၅ နှစ်အရွယ် မြန်မာမိန်းကလေးအား မုဒိမ်းကျင့်သတ်ဖြတ်ခဲ့သူကို ဖမ်းမိ
Donate to DVB

ထိုင်း-မြန်မာနယ်စပ် တာ့ခ်ခရိုင် မဲဆောက်မြို့မှာ ၅ နှစ်ရွယ် မိန်းကလေး ၁ ဦးအား မုဒိမ်း ကျင့်ပြီး အမှိုက်ကျင်းထဲ စွန့်ပစ်ထားတဲ့ အမျိုးသား ၁ ဦးကို တာဝန်ရှိသူတွေက ဖမ်းဆီးရမိပြီး ဇူလိုင် ၅ ရက်နေ့မှာ ကျူးလွန်ခဲ့ပုံကို ပြန်လည်သရုပ်ဖော်ပြစေခဲ့ပါတယ်။ 

အသက် ၅ နှစ်ရွယ် စုဟန်နာဆိုသူ မိန်းကလေးမှာ လွန်ခဲ့တဲ့ ဇူလိုင်လ ၃ ရက်နေ့က ပျောက်ဆုံးနေကြောင်း မိဘအုပ်ထိန်းသူတွေက မဲဆောက်ရဲစခန်းမှာ လာရောက်တိုင်ကြားခဲ့တဲ့ အတွက် တာဝန်ရှိသူတွေက လိုက်လံရှာဖွေရာခဲ့တာပါ။

ဇူလိုင် ၄ ရက်နေ့မှာတော့ မဲဆောက် မြို့မရပ်ကွက် လက်ဝှေ့ရုံအနီး မြက်တောထဲက အမှိုက်ကျင်းထဲမှာ လည်ပင်းညှစ်ခံထားရတဲ့ဒဏ်ရာ၊ လိင်ပိုင်းပြုကျင့်မှုခံထားရတဲ့ ဒဏ်ရာတွေနဲ့သေဆုံးနေတဲ့ မိန်းကလေးအလောင်းကို တွေ့ရှိခဲ့တာပါ။ 

ရဲစခန်း တာဝန်ရှိသူတွေဟာ ကနဦးမှာ မသင်္ကာသူ အမျိုးသား ၃ ဦးကို ခေါ်ယူစစ်ဆေးခဲ့ပြီး ၃ ဦးအနက် အသက် ၂၇ နှစ်ရွယ် ဇာလင်း ခေါ် ဆလင်းဆိုသူမှာ တဦးတည်းသော ကျူးလွန်သူ တရားခံဖြစ်ကြောင်း စစ်ဆေးဖော်ထုတ်နိုင်ခဲ့ပါတယ်။ 

ဇာလင်းမှာ ပြစ်မှုကျူးလွန်ကြောင်း မျက်မြင်သက်သေနဲ့ အခြားခိုင်လုံတဲ့ အထောက် အထား တွေရှိသလို ကိုယ်တိုင်လည်း ဖွင့်ဟဝန်ခံသွားလို့ အမှုခိုင်မာကြောင်း တာ့ခ်ခရိုင် ရဲတပ်ဖွဲ့မှ ရဲမှူးကြီး ပရင်းယား ဝိဆစ်ဖားကွန်းက သတင်းထောက်တွေကို ပြောပါတယ်။ 

ဇာလင်းက သူဟာ ပြီးခဲ့တဲ့ ၃ ရက်နေ့က မိန်းကလေးကိုခေါ်ပြီး လမ်းလျှောက်ထွက်ခဲ့ကြောင်း၊ အဲဒီနေ့က မူးယစ်ဆေးဝါးသုံးထားပြီး တနေရာအရောက်မှာ  မိန်းကလေးကို မုဒိမ်းကျင့်ဖို့  မြက်တောထဲကိုခေါ်သွားခဲ့ကြောင်း၊ မိန်းကလေးက အော်ဟစ်ရုန်းကန်တာကြောင့် လည်ပင်းကိုလက်နဲ့ဖိပြီး မအော်နိုင်အောင်လို့ မိန်းကလေး ဝတ်ထားတဲ့ ဘောင်းဘီကို ဆွဲချွတ်ကာ ပါးစပ်ထဲဆို့ခဲ့ကြောင်း၊ အဲဒီနောက် မုဒိမ်းကျင့်ပြီးချိန်မှာ မိန်းကလေးက အသက်မရှိတော့လို့ အမှိုက်ကျင်းထဲစွန့်ပစ်ခဲ့တယ်လို့ ဝန်ခံသွားပါတယ်။

မျက်မြင်သက်သေတွေကလည်း ၃ ရက်နေ့က မိန်းကလေးဟာ ဇာလင်းနဲ့အတူထွက်သွား ကြောင်း၊ နောက်မှ ဇာလင်းက တယောက်တည်းပြန်လာပြီး  မိန်းကလေးက ထွက်ပြေးပြီး ပျောက်ဆုံးနေတယ်လို့ လိမ်ပြောကာ သူကိုယ်တိုင်လည်း ပျေက်ဆုံးနေတဲ့မိန်းကလေးကို အုပ်ထိန်း သူတွေနဲ့အတူ လိုက်လံရှာဖွေသလို လုပ်ခဲ့သေးတယ်လို့ ဆိုပါတယ်။ 

ဒီကိစ္စနဲ့ပတ်သက်ပြီး မဲဆောက်အခြေစိုက် မြန်မာပြည်သားများအရေး ပူးတွဲလှုပ်ရှား မှု ကော်မတီ ဥက္ကဋ္ဌ ဦးမိုးကြိုးကလည်း မြန်မာနိုင်ငံသားတွေဖြစ်တဲ့ သေဆုံးသူမိန်းကလေးရဲ့ မိဘနဲ့ တရားခံ ဇာလင်းဟာ ငွေကြေးကိစ္စနဲ့ ရန်ငြိုးရန်စတွေ ရှိခဲ့ကြောင်း၊ ဇာလင်းဟာ ဒီမတိုင်ခင်ကလည်း မူးယစ်မှု၊ ခိုက်ရန်ဖြစ်ပွားမှုတွေနဲ့ ထောင်ကျခဲ့ဖူးပြီး လွတ်လာတာမကြာသေးခင် အခု လိုကြီးမားတဲပြ  စ်မှုကို ထပ်ပြီးကျူးလွန်တာလို့ ဒီဗွီဘီကို ပြောသွားပါတယ်။ 

ကိုးကား - https://www.thairath.co.th/news/local/north/1882783

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013