DVB Logo
Home
မြန်မာသတင်း
မွန်ပြည်နယ် ရေတံခွန်နှင့်အပန်းဖြေစခန်းများတွင် နေ့စဉ်လည်ပတ်သူ ထောင်ချီရှိ၊ အစိုးရ ထိန်းချုပ်ရန်လို
DVB
·
July 6, 2020
မွန်ပြည်နယ် ရေတံခွန်နှင့်အပန်းဖြေစခန်းများတွင် နေ့စဉ်လည်ပတ်သူ ထောင်ချီရှိ၊ အစိုးရ ထိန်းချုပ်ရန်လို
1 / 13
Donate to DVB

တရားဝင် ပြန်လည် ဖွင့်လှစ်ခွင့် မပြုသေးတဲ့ မွန်ပြည်နယ်အတွင်းက ရေတံခွန်နဲ့ အပန်းဖြေစခန်းတွေကို လာရောက် လည်ပတ်သူ နေ့စဉ် ထောင်နဲ့ချီ ရှိနေပြီး အစိုးရက ထိန်းချုပ်ဖို့ လိုအပ်နေတယ်လို့ ပေါင်မြို့နယ် လွှတ်တော်ကိုယ်စားလှယ်က ပြောပါတယ်။

မွန်ပြည်နယ်အတွင်း ရေတံခွန်နဲ့ အပန်ဖြေစခန်းတွေဟာ ၁၀ ခုထက်မနည်း ရှိပြီး အဲဒီထဲမှာ ပေါင်မြို့နယ်က ဇင်းကျိုက်ရေတံခွန်နဲ့ ဆင်ရွာ ရေတံခွန်အပြင် ကျိုက်ထိုမြို့နယ် ကင်းမွန်ချောင်းကျေးရွာက ကဒတ်ချောင်း အပန်းဖြေစခန်းတွေဟာ နေ့စဉ် လာရောက်လည်ပတ်သူ ထောင်နဲ့ချီ ရှိနေတာပါ။

ဒီရေတံခွန်တွေနဲ့ အပန်းဖြေစခန်းတွေကိုတော့ တရားဝင် ပြန်လည် ဖွင့်လှစ်ထားပေးထားတာ မရှိသေးဘူးလို့ ပေါင်မြို့နယ် အုပ်ချုပ်ရေးမှူးက ပြောပါတယ်။

ဒီရေတံခွန်နဲ့ အပန်ဖြေစခန်းတွေကို စနေ၊ တနင်္ဂနွေနေ့တွေမှာ အများဆုံး လာရောက်လည်ပတ်ကြတာဖြစ်ပြီး အဲလို နေ့တွေဆို လူဦးရေ သောင်းဂဏန်းလောက် ရှိနိုင်တယ်လို့ ဒေသခံတွေက ပြောပါတယ်။

ရေတံခွန်နဲ့ အပန်းဖြေစခန်းတွေကို လာရောက် လည်ပတ်သူများနေတဲ့ ကိစ္စရပ်ကို အစိုးရအနေနဲ့ ထိန်းချုပ်ဖို့ လိုအပ်နေတယ်လို့ ပေါင်မြို့နယ် ပေါင်မြို့နယ် ပြည်နယ်လွှတ်တော် ကိုယ်စားလှယ် ဦးဇော်ဇော်ထူးက ပြောပါတယ်၊

အခုလို အခြေအနေကို ထိန်းချုပ်နိုင်ခြင်း မရှိရင် နောက်ပိုင်းမှာ စိုးရိမ်စရာတွေ ဖြစ်လာနိုင်တယ်လို့ ဆိုပါတယ်။

လက်ရှိ အခြေအနေမှာ ကိုဗစ်-၁၉ ရောဂါဟာ ထိန်းချုပ်နိုင်ခြင်း မရှိသေးတဲ့အတွက်ကြောင့် နေအိမ်အပြင်ထွက်ဖို့ မလိုအပ်တဲ့သူတွေအနေနဲ့ အပြင်မထွက်ဘဲ အိမ်မှာပဲ နေကြဖို့ မွန်ပြည်နယ် မွန်ပြည်နယ် ပြည်သူ့ကျန်းမာရေးဦးစီးဌာန ဒုပြည်နယ်ဦးစီးမှူး ဒေါက်ခင်စန်းအေးက တိုက်တွန်းလိုက်ပါတယ်။

အခုလို အခြေအနေတွေကြောင့် ကဒတ်ချောင်း အပန်ဖြေစခန်းကို လာမယ့် ရက်ပိုင်းအတွင်း ပြန်လည်ပိတ်သိမ်းသွားဖို့ လုပ်ဆောင်နေတယ်လို့ ကျိုက်ထိုမြို့နယ် ကင်းမွန်ချောင်းကျေးရွာ အုပ်ချုပ်ရေးမှူး ဦးမင်းညွှန့်က DVB ကို ပြောပါတယ်။

မွန်ပြည်နယ်အတွင်းက အပန်းဖြေစခန်းတွေ အပါအဝင် ရုပ်ရှင်ရုံ၊ KTV နဲ့ ပန်းခြံတွေကို လာမယ့်ဇူလိုင် ၁၅ ရက်နေ့အထိ ပိတ်သိမ်းထားတယ်လို့ ပြည်နယ်အစိုးရအဖွဲ့က ဇွန် ၂၉ ရက်နေ့မှာ ထုတ်ပြန်ထားတာပါ။ 

ကင်မွန်းစခန်းကျေးရွာအနီး ကဒက်ချောင်း အပန်းဖြေစခန်း (ဓာတ်ပုံ - ကိုသက်)

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013