DVB Logo
Home
မြန်မာသတင်း
ဓညဝတီရေတပ်စခန်းက ဖမ်းထားသူ ၈ ဦးကို အကြမ်းဖက်တိုက်ဖျက်ရေးဥပဒေဖြင့် အမှုဖွင့်
DVB
·
July 6, 2020
ဓညဝတီရေတပ်စခန်းက ဖမ်းထားသူ ၈ ဦးကို အကြမ်းဖက်တိုက်ဖျက်ရေးဥပဒေဖြင့် အမှုဖွင့်
Donate to DVB

ရခိုင်ပြည်နယ် ကျောက်ဖြူမြို့နယ်မှာ ဓညဝတီရေတပ်စခန်းက ဖမ်းဆီးထားသူ ၈ ဦးကို ကျောက်ဖြူမြို့မရဲစခန်းမှာ အကြမ်းဖက်တိုက်ဖျက်ရေးဥပဒေပုဒ်မနဲ့ အမှုဖွင့် တရားစွဲထားတယ်လို့ ရဲစခန်းတာဝန်ရှိသူတဦးက ပြောပါတယ်။

ဇွန် ၂၆ ရက်နေ့က ကပ်သပြေကျေးရွာနေ လူငယ် ၉ ဦးနဲ့ ဇွန် ၂၈ ရက်နေ့က စိုင်ခြုံဒွိန်ကျေးရွာနေ ရာအိမ်မှူး ၁ ဦးတို့ကို ဓညဝတီရေတပ်စခန်းမှ ဖမ်းဆီးခေါ်ဆောင်သွားခဲ့ပြီး ကျောက်ဖြူမြို့မရဲစခန်းကို လွှဲပြောင်းပေးခဲ့တယ်လို့ ဆိုပါတယ်။

ဖမ်းဆီးခဲ့သူတွေထဲက ကပ်သပြေကျေးရွာနေ လူငယ် ၂ ဦးကို ပြန်လည်လွှတ်ပေးလိုက်ပြီး ကျန် ၈ ဦးကိုတော့ အကြမ်းဖက်တိုက်ဖျက်ရေးဥပဒေပုဒ်မနဲ့ ဓညဝတီရေတပ်စခန်းမှ တရား လိုပြုလုပ်ကာ တိုင်းတန်းခဲ့တာကြောင့် အမှုဖွင့်လှစ် စစ်ဆေးနေတယ်လို့ ကျောက်ဖြူမြို့မရဲစခန်းမှူး ဒုရဲမှူး ကျော်ဇောက ဒီဗွီဘီကို ပြောပါတယ်။

“မနေ့ (ဇူလိုင် ၄ ရက်) ညနေက လာအပ်တယ်။ အဲဒီမှာ အမှုနဲ့မသက်ဆိုင်တဲ့ လူငယ် ၂ ယောက် ခင်ဝင်းမောင်နဲ့ မောင်သန်းလှိုင်ကိုတော့ ဒီနေ့မိဘတွေဆီကို လွှတ်ပြောင်းပေးလိုက်ပြီ။ ကျန်တဲ့ ၈ ယောက်ကိုတော့ အမှုဖွင့်ထားတယ်၊ အကြမ်းဖက်ဥပဒေတွေနဲ့ပေါ့။ ပုဒ်မကတော့ ၅၀(က)(ဈ)၊ ၅၂(ည)နဲ့ပါ။ တရားလိုကတော့ ရေတပ်က တရားလို လုပ်ပြီး ဖွင့်ထားတာပါ။”

အကြမ်းဖက်ဥပဒေနဲ့ တရားစွဲဆိုခံရသူတွေကတော့ ကပ်သပြေကျေးရွာမှ လူငယ် ၇ ဦးနဲ့ စိုင်ခြုံဒွိန်ကျေးရွာနေ ရာအိမ်မှူး ဦးလှမြင့်တို့ဖြစ်ပါတယ်။

ကျောက်ဖြူခရိုင် အမ်းမြို့နယ်၊ မြေပုံမြို့နယ်၊ ကျောက်ဖြူမြို့နယ်နဲ့ ပေါက်တောမြို့နယ်တွေမှာ တပ်မတော်က သံသယနဲ့ဖမ်းဆီးတရားစွဲဆိုထားသူ ၃၀ ကျော်ရှိပြီး အထောက်အထားမခိုင်လုံတဲ့အတွက် စွဲချက်မတင်မီ ပြန်လည်လွတ်မြောက်လာသူ ၁၀ ဦးလောက် ရှိတယ်လို့ သိရပါတယ်။

နောင်နောင်

Support DVB
Live
DVB Donate၂၀၂၆ ကမ္ဘာ့ဖလား
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013