DVB Logo
Home
မြန်မာသတင်း
လယ်ယာမြေကို အခြားနည်းသုံးခွင့်မရမီ ငါး၊ ပုစွန် မွေးမြူရေးကို ဒဏ်ကြေးပေးစေပြီး ခွင့်ပြုမည်
DVB
·
July 5, 2020
လယ်ယာမြေကို အခြားနည်းသုံးခွင့်မရမီ ငါး၊ ပုစွန် မွေးမြူရေးကို ဒဏ်ကြေးပေးစေပြီး ခွင့်ပြုမည်
Donate to DVB

လယ်ယာမြေကို အခြားနည်း အသုံးပြုခွင့် ခွင့်ပြုမိန့်မရမီ တူးဖော်ဆောင်ရွက်ထားတဲ့ ငါး၊ ပုစွန် မွေးမြူရေးကန်တွေကို သတ်မှတ် ဒဏ်ကြေးပေးဆောင်စေပြီး ခွင့်ပြုမိန့်ထုတ်ပေးသွားမယ်လို့ သိရပါတယ်။ 

မကြာခင်ကာလအတွင်းမှာ ဗဟိုလယ်ယာမြေ စီမံခန့်ခွဲရေးကော်မတီရဲ့ အစီအစဉ်နဲ့ လယ်ယာမြေကို တခြားနည်းအသုံးပြုခွင့် ခွင့်ပြုမိန့်မရခင် လုပ်ငန်းဆောင်ရွက်ထားတဲ့  ငါး၊ ပုစွန် မွေးမြူရေးကန်တွေကို ဒဏ်ကြေးငွေ ၁ ဧကကို ကျပ် ၃၀ဝဝဝ နှုန်းသတ်မှတ်ပြီး ခွင့်ပြုမိန့် ထုတ်ပေးသွားမယ်လို့  စိုက်ပျိုးရေး၊ မွေးမြူရေးနဲ့ ဆည်မြောင်းဝန်ကြီးဌာနရဲ့ လက်ထောက် အတွင်းဝန် ဒေါက်တာထွန်းလွင်က ပြောပါတယ်။

ဒီလိုခွင့်ပြုပေးတာဟာ မြေအသုံးချမှုပြောင်းပြီးတော့ စီးပွားရေး ပိုမိုဖွံ့ဖြိုးတိုးတက်လာစေဖို့အတွက် ရည်ရွယ်တာလို့ ဆိုပါတယ်။

အခုလို လုပ်တာကြောင့် ငါး၊ ပုစွန်မွေးမြူရေးလုပ်ငန်းတွေအတွက် အဓိကကျတဲ့ မြေအသုံးပြုမှုဆိုင်ရာ မူဝါဒ အပြောင်းအလဲဖြစ်ပြီး ခွင့်ပြုချက်မရခင် မွေးမြူနေတဲ့ လုပ်ငန်းရှင်တွေအတွက် မြေပိုင်ဆိုင်မှုဆိုင်ရာ စိုးရိမ်ကြောင့်ကြတာတွေ လျှော့ကျသွားနိုင်ပါတယ်။     

အရင်က ခွင့်ပြုချက်မရရှိသေးဘဲ ဆောင်ရွက်နေတဲ့ ငါး၊ ပုစွန် မွေးမြူရေးလုပ်ငန်းရှင်တွေဟာ  ဘဏ်စနစ်နဲ့ ချိတ်ဆက်ပြီး ချေးငွေရယူနိုင်ခြင်းမရှိဘဲ အပြင်ကနေ အတိုးကြီးကြီးပေးပြီး ချေးငွေ  ရ ယူဆောင်ရွက်နေကြတာလို့ မြန်မာနိုင်ငံငါးလုပ်ငန်းအဖွဲ့ချုပ်ရဲ့ အကြီးတန်း ဒုတိယဥက္ကဋ္ဌ ဒေါက်တာမြင့်စိန်က ပြောပါတယ်။

မြန်မာနိုင်ငံမှာ ငါး၊ ပုစွန်မွေးမြူရေးဧကပေါင်း ၅ သိန်းနီးပါးရှိပြီးတော့  ဧက ၁၂၀,၀၀၀ လောက်သာ လယ်ယာမြေအခြားနည်း အသုံးပြုခွင့် ရရှိထားတာပါ။ 

ကျန်ဧက ၃၇၀,၀၀၀ လောက် လျှောက်ထားဆောင်ရွက်ခဲ့ပေမဲ့ ခွင့်ပြုချက်ရရှိဖို့ ကြန့်ကြာနေခဲ့တာလို့ မြန်မာနိုင်ငံ ငါးလုပ်ငန်းအဖွဲ့ချုပ်ကနေ သိရပါတယ်။ 

စိုးချစ်ချစ်ပိုင်

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013