DVB Logo
Home
မြန်မာသတင်း
ချောက်တွင် ၁ လအတွင်း မော်တော်ဆိုင်ကယ် ဖမ်းဆီးအရေးယူမှု ၇၀၀ ကျော်ရှိ
DVB
·
July 5, 2020
ချောက်တွင် ၁ လအတွင်း မော်တော်ဆိုင်ကယ် ဖမ်းဆီးအရေးယူမှု ၇၀၀ ကျော်ရှိ
Donate to DVB

မကွေးတိုင်း၊ ချောက်မြို့မှာ ၂၀၂၀ မော်တော်ယာဉ်ဥပဒေ ပြဋ္ဌာန်းပြီး မေလကုန်နောက်ပိုင်းက စတင်ကာ ဒီနေ့အထိ စည်းကမ်းမလိုက်နာတဲ့ မော်တော်ဆိုင်ကယ် ဖမ်းဆီးအရေးယူမှု ၇၀၃ မှု ရှိတယ်လို့ မြို့နယ် ယာဉ်စည်းကမ်းလမ်းစည်းကမ်း တာဝန်ခံ ရဲအရာခံ မျ်ုးမြင့်အောင်က ပြောပါတယ်။

“လူတွေက ယာဉ်ထိန်းကြောက်ခြင်း၊ မကြောက်ခြင်းက အရေးမကြီးဘူး၊ မိမိအသက်အန္တရာယ် ထိခိုက်ရှနာမှုကနေ ကင်းဝေးအောင် ဦးထုပ်ဆောင်းဖို့ အရေးကြီးတာ။ ဒါပေမဲ့ လူတွေက ဖမ်းတဲ့အချိန်လောက်ပဲ ဦးထုပ်ဆောင်းတယ်၊ အခုနောက်ပိုင်းအမှုတွေမှာ မေးသိုင်းကြိုးမတပ်တာတွေ များလာတယ်။ ဒါ့အပြင် ပလတ်စတစ်ကြိုးတွေ ချည်ကြိုးတွေ အသုံးပြု သွားလာနေတာလည်း တွေ့နေရတယ်။ နောင်ဆိုရင် ဦးထုပ်အရည်အသွေးနဲ့ ပတ်သက်ပြီး ပညာပေးလည်း လုပ်ဦးမယ်” လို့ ပြောပါတယ်။

နေ့စဉ် အရေးယူနေတဲ့ အမှုတွေက ဆိုင်ကယ်ဦးထုပ်မဆောင်းတာ၊ မီးနီဖြတ်မောင်းတာ၊ မေးသိုင်းကြိုးမတပ်တာနဲ့ သုံးယောက်စီးတာတို့ကို အရေးယူထားတာဖြစ်ပြီး နောက်ပိုင်းမှာလည်း ၂၀၂၀ မော်တော်ယာဉ်ဥပဒေပါ မီးအပိုတပ်ဆင် မောင်းနှင်မှုတွေကို စစ်ဆေးအရေးယူသွားမယ်လို့ ဆိုပါတယ်။

လက်ရှိ အရေးယူခံရသူတွေကို မြို့နယ်တရားရုံးမှာ ဆိုင်ကယ်တစီးကို ဒဏ်ငွေ ၃၀၀၀၀ ကျပ် ချမှတ် ဒဏ်ရိုက်အပြစ်ပေးတယ်လို့ သိရပါတယ်။

ကိုလင်း(ချောက်)

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013