DVB Logo
Home
မြန်မာသတင်း
ပုသိမ်ပြည်သူ့ဆေးရုံကြီးကို အလှူရရှိငွေ သိန်း ၁၇၀၀ ကျော်အကုန်ကျခံ ပြုပြင်နေ
DVB
·
July 4, 2020
ပုသိမ်ပြည်သူ့ဆေးရုံကြီးကို အလှူရရှိငွေ သိန်း ၁၇၀၀ ကျော်အကုန်ကျခံ ပြုပြင်နေ
Donate to DVB

ဧရာတိုင်း၊ ပုသိမ်မြို့၊ ကုတင် (၅၀၀) ပြည်သူ့ဆေးရုံကြီးကို ရပ်ဝေးရပ်နီးကအလှူရှင်တွေရဲ့ ပါဝင်ထည့်ဝင်လှူဒါန်းငွေ သိန်း ၁၇၀၀ ကျော်နဲ့ အကုန်ကျခံပြုပြင်နေတယ်လို့ ပုသိမ်ပြည်သူ့ ဆေးရုံအုပ်ကြီးက ပြောပါတယ်။

မြောင်းမြပြည်သူ့ဆေးရုံကြီးမှ ပုသိမ်ပြည်သူ့ဆေးရုံကြီးကို ၂၀၂၀ ခုနှစ်၊ ဖေဖော်ဝါရီလပိုင်းက စတင်ပြောင်းရွှေ့လာပြီးနောက်ပိုင်း ၅ လတာကာလအတွင်း ရပ်နီးရပ်ဝေးမှ ပြည်သူတွေရဲ့ လှူဒါန်းငွေ သိန်း ၁၇၁၉ သိန်းနဲ့ ပုသိမ်ဆေးရုံကြီးရဲ့ လိုအပ်တဲ့နေရာတွေကို ပြင်ဆင်နေတာလို့ ဆေးရုံအုပ်ကြီး ဒေါက်တာ သန်းမင်းထွဋ်က ပြောပါတယ်။

"ခုဆို သိန်း ၁၇၀၀ ကျော်လောက်ရှိပြီ၊ အလှူခံပြီးတော့ ပြုပြင်ထားတာ။ ဆရာတာဝန်ယူတဲ့ အချိန် ၅ လနဲ့ လွန်ခဲ့တဲ့ ၅ လပြန်ယှဉ်ကြည့်လို့ရပါတယ်။ ဓာတ်ပုံထဲမှာရော အပြင်မှာပါပေါ့။ ခုလို အဓိက ပြောင်းလဲသွားရတာက ပြည်သူတွေပါလို့ပါ။ ပြည်သူတွေမပါရင် ဘယ်ဟာမှမပြီးဘူး။"

ပုသိမ်ပြည်သူ့ဆေးရုံကြီးမှာ လက်ရှိ ဆေးရုံခွဲစိတ်ခန်းတွေ မိုးယိုနေမှုအား ပြင်ဆင်နိုင်ခဲ့တာ၊ ကိုဗစ်-၁၉ ကာလ လူနာထားရှိနိုင်ဖို့ အရေးပေါ်ကြပ်မတ်ကုသဆောင်မှာ ကုတင်း ၁၇ လုံးထိ တိုးမြှင့်ပြင်ဆင်တာ၊ ကလေးမီးဖွားတဲ့ မွေးခန်းတွေ ပြင်ဆင်တာတွေနဲ့ သံဃာ ဆောင် အမိုးပြင်ဆင်တာတွေ လုပ်ဆောင်ထားနိုင်ခဲ့တယ်လို့ ဆိုပါတယ်။

ဒါ့ပြင် ပြီးခဲ့တဲ့လပိုင်းက မိုးသည်းထန်စွာရွာသွန်းမှုကြောင့် မျက်နှာကျက်ပြိုကျခဲ့တဲ့ အဆောင် ၉ မှ ပျက်စီးမှုတွေကို ပြုပြင်ဖို့ရှိနေပြီး ဆေးရုံရှေ့က မြေကွက်လပ်ဖြစ်နေတဲ့ နေရာကို အများပြည်သူ သွားလာရေးအဆင်ပြေဖို့အတွက် ကွန်ကရစ်ခင်းတာတွေ လုပ်ဆောင်ခဲ့တယ်လို့ သိရပါတယ်။

ပုသိမ်ဆေးရုံအုပ်ကြီးအဖြစ် ၂၀၂၀ ခုနှစ်၊ ဖေဖော်ဝါရီလ ၅ ရက်နေ့က စတင်ပြောင်းရွှေ့ တာဝန်ထမ်းဆောင်ခဲ့တဲ့ ဒေါက်တာ သန်းမင်းထွဋ်ဟာ မြောင်းမြခရိုင်ဆေးရုံကြီးမှာ ၁ နှစ် ၁ လ တာဝန်ထမ်းဆောင်ခဲ့ပြီ အလှူရှင်တွေရဲ့ လှူဒါန်းငွေတွေနဲ့ ကျေးရွာဆေးပေးခန်း၊ စာကြည့်တိုက်၊ ရေသန့်စက်နဲ့ အဝိစီတွင်း တူတာတွေ ဆောက်လုပ်လှူဒါန်းခဲ့တဲ့သူလည်း ဖြစ်ပါတယ်။

မင်းထက်မုန်း (ပုသိမ်)

Support DVB
Live
DVB Donate၂၀၂၆ ကမ္ဘာ့ဖလား
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013