DVB Logo
Home
မြန်မာသတင်း
ပုသိမ်တွင် ခိုးမှု၊ လုယက်မှု ၁၃ မှုကျူးလွန်မှုဖြင့် လူငယ် ၉ ဦးကို ရဲတပ်ဖွဲ့ဖမ်းဆီးစစ်ဆေးနေ
DVB
·
July 4, 2020
ပုသိမ်တွင် ခိုးမှု၊ လုယက်မှု ၁၃ မှုကျူးလွန်မှုဖြင့် လူငယ် ၉ ဦးကို ရဲတပ်ဖွဲ့ဖမ်းဆီးစစ်ဆေးနေ
Donate to DVB

ဧရာတိုင်းဒေသကြီး၊ ပုသိမ်မြို့မှာ ပြီးခဲ့တဲ့လပိုင်းအတွင်း ဖြစ်ပွားခဲ့တဲ့ ခိုးမှု လုယက်မှုတွေနဲ့ ပတ်သက်ပြီး လူငယ် ၉ ဦးကို ဖမ်းဆီးစစ်ဆေးနေတယ်လို့ တာဝန်ရှိသူတွေက ပြောပါတယ်။

ခိုးမှု လုယက်မှု ၁၃ မှုနဲ့ ဖမ်းဆီးခဲ့တဲ့ လူငယ် ၁၃ ဦးထံကနေ လုယက်ခဲ့တဲ့ ဖုန်း ၁၇ လုံး နဲ့ ဆိုင်ကယ် ၂ စီးကို ပြန်လည်သိမ်းဆည်းထားနိုင်ပြီး ကျန်တဲ့အမှုအကြောင်းအရာတွေကို ဆက်လက်စုံစမ်းစစ်ဆေးနေတယ်လို့ ပုသိမ်မြို့မရဲစခန်း ရဲစခန်းမှူး ဒုရဲမှူး မြင့်ခင်က ပြောပါတယ်။

"လုယက်မှုနဲ့ ခိုးမှု အကုန်လုံးဆို ၁၃ မှုမှာ ပုသိမ်မြို့မရဲစခန်းအပိုင်းမှာ ၁၁ မှုနဲ့ နယ်မြေရဲစခန်း အပိုင်မှာ ၂ မှု ကျူးလွန်ထားတယ်လို့ စစ်ဆေးတွေ့ရှိရတယ်။ အမှုတွေနဲ့ပတ်သက်ပြီးတော့ ကျူးလွန်ခဲ့တဲ့သူတွေ ဆီကနေ ဖုန်း ၁၇ လုံးနဲ့ ဆိုင်ကယ် ၂ စီးသိမ်းဆည်းထားပါပြီ။" 

ခိုးမှု လုယက်မှုတွေ ကျူးလွန်နေတဲ့ လူငယ်အဖွဲ့ကို ပြီးခဲ့တဲ့ ဇွန်လ ၂၃ ရက်နေ့ညပိုင်းက အထည်ချုပ်က ပြန်လာတဲ့ စုံတွဲတစ်တွဲထံက လူငယ် ၃ ဦးက ကပ်ကြေးနဲ့ထိုးပြီး ဖုန်းနဲ့ ဆိုင်ကယ် လုယူထွက်ပြေးစဉ် ယာဉ်မောင်းလိုင်စင်ထွက်ကျခဲ့တာကို စုံစမ်းဖော်ထုတ်ခဲ့ရာမှ ဖမ်းမိခဲ့တာဖြစ်ပြီး ဖမ်းမိထားသူတွေထဲမှာ အသက် ၁၈ နှစ်မပြည့်သေးသူ ၂ ဦးပါဝင်နေတယ်လို့ ဆိုပါတယ်။

ပြစ်မှုကျူးလွန်တွေထဲမှာတော့ ယခင်က ပြစ်ချက်ဟောင်းရှိသူတွေလည်း ပါဝင်နေပြီး ထိရောက်တဲ့ ပြစ်ဒဏ်တွေပေးနိုင်ဖို့ လုယက်ခံခဲ့ရသူတွေအနေနဲ့ ပုသိမ်မြို့မရဲစခန်းမှာ သိမ်းဆည်းထားတဲ့ ဖုန်းတွေနဲ့ ဆိုင်ကယ်တွေကို လာရောက်ကြည့်ရှုပြီး အမှုဖွင့်တိုင်ကြားနိုင် တယ်လို့ သိရပါတယ်။

"ခုလုယက်မှုနဲ့ ဖမ်းမိမှုမှာ ပိုင်ရှင်တွေအနေနဲ့ အမှုလာဖွင့်ဖို့ လိုပါတယ်။ ဒီလိုမှမဟုတ်ရင်တော့ သူတို့တွေကို ၁၉၄၅ ခုနှစ် ရဲအက်ဥပဒေ ၃၆ နဲ့သာ တရားစွဲဆိုရမှာဖြစ်လို့ ပြစ်ဒဏ်နည်းမယ်" လို့ ပုသိမ်မြို့မရဲစခန်းမှူး ဒုရဲမှူး မြင့်ခင်က သုံးသပ်ပြောဆိုပါတယ်။

လုယက်မှု ခိုးမှုတွေ ကျူးလွန်ထားတဲ့ လူငယ် ၉ ဦးကို ပုသိမ်မြို့မရဲစခန်းမှာ (ပ) ၂၉/၂၀၂၀၊ ရာဇသတ်ကြီးပုဒ်မ ၃၉၄/၁၁၄ စတဲ့ပုဒ်မတွေနဲ့ အမှုဖွင့်ထားသလို ပုသိမ်နယ်မြေ ရဲစခန်းမှာလည်း (ပ) ၂၈၄/၂၀၂၀၊ ရာဇသတ်ကြီးပုဒ်မ ၃၇၉ နဲ့ အမှုဖွင့်ထားပြီး အခြားသော ပြစ်မှုတွေ ကျူးလွန်ထားတာရှိ မရှိကိုတော့ ဆက်လက်စစ်ဆေးနေတယ်လို့ ရဲတပ်ဖွဲ့က ဆိုပါတယ်။

မင်းထက်မုန်း (ပုသိမ်)

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013