DVB Logo
Home
မြန်မာသတင်း
တာချီလိတ်နှင့်မိုင်းဆတ်တွင် ကျပ်သိန်း ၃၃၀၀၀ ကျော်တန်ဖိုးရှိ မူးယစ်ဆေးနှင့် လက်နက်ခဲယမ်း များ ဖမ်းမိ
DVB
·
July 2, 2020
တာချီလိတ်နှင့်မိုင်းဆတ်တွင် ကျပ်သိန်း ၃၃၀၀၀ ကျော်တန်ဖိုးရှိ မူးယစ်ဆေးနှင့် လက်နက်ခဲယမ်း များ ဖမ်းမိ
1 / 2
Donate to DVB

ရှမ်းပြည်နယ်၊ တာချီလိတ်မြို့နယ်နဲ့ မိုင်းဆတ်မြို့နယ်တို့မှာ ငွေကျပ်သိန်းပေါင်း ၃၃၀၀၀ ကျော်တန်ဖိုးရှိ မူးယစ်ဆေးဝါးတွေနဲ့ လက်နက်ခဲယမ်းတွေ ဖမ်းဆီးမိခဲ့တယ်လို့ သိရပါတယ်။

ဇွန်လ ၃၀ ရက်နေ့ ညနေ ၄ နာရီလောက်က လုံခြုံရေးတပ်ဖွဲ့ဝင်တွေဟာ တာချီလိတ်မြို့နယ်၊ ရေပူစမ်းကျေးရွာ အနောက်မြောက်ဘက် မီတာ ၃၀၀၀ ခန့်အကွာ အဆောက်အဦအဟောင်းနေရာနဲ့ ဝါးရုံပင်အောက်ရှိ မြေကြီးအတွင်းမှ ဆေးပြားရိုက်ရာမှာ အသုံးပြုတဲ့ တံဆိပ်မပါ သံမို ၁၄ ချောင်း၊ WY တံဆိပ်ပါ သံမို ၁၉ ချောင်း၊ ပင်နီယမ်ပါဒလက်နဲ့ ဆေးပြားရိုက်စက် အပိုင်းအစ အစိတ်အပိုင်း ၁၉ ခု၊ SEMON တံဆိပ်ပါ အခြောက်ခံစက် ၁ လုံး၊ ငွေကျပ်သိန်း ၃၂,၄၉၀ တန်ဖိုးရှိ စိတ်ကြွရူးသွပ်ဆေးပြား ၁,၉၆၆,၀၀၀ ပြား၊ ရေစိုပျက်စီးနေတဲ့ စိတ်ကြွရူးသွပ်ဆေးပြားအခဲ ၂၀ ကီလို၊ ပွိုင့်-၂၂ သေနတ် ၁ လက်၊ ခြောက်လုံးပြူး သေနတ် ၁ လက်တို့ကို သိမ်းဆည်းရမိခဲ့တယ်လို့ ပြည်ထဲရေးက ထုတ်ပြန်ပါတယ်။

အလားတူ ဇွန် ၃၀ ရက်နေ့ မနက် ၁၁ နာရီခွဲလောက်ကလည်း လုံခြုံရေးတပ်ဖွဲ့ဝင်တွေဟာ မိုင်းဆတ်မြို့နယ်၊ မိုင်းတွမ်းတောင်ပေါ်ကျေးရွာအုပ်စု၊ ပူနားကိုကျေးရွာရဲ့ အရှေ့တောင်ဘက် မီတာ ၂ဝဝဝ ကျော်ခန့်အကွာ တောင်ယာဘေးလျှိုအနီးရှိ ချုံအတွင်းမှ မသင်္ကာဖွယ်အထုပ်တစ်ထုပ်အားတွေ့ရှိ စစ်ဆေးရာ ကျပ်သိန်း ၁၁၀၀ ကျော် တန်ဖိုးရှိ စိတ်ကြွရူးသွပ်ဆေးပြား ၉၀,၀၀၀ ပြား၊ အဆင့်နိမ့်ဘိန်း သုည ဒသမ ၁၅ ကီလို၊ အဲဒီနေရာနဲ့ မီတာ ၃၀၀ အကွာ တောင်ယာဘေးချုံအတွင်းမှ စိတ်ကြွရူးသွပ်ဆေးပြား ၃,၀၀၀ ပြား၊ အိုက်စ် ၁ ကီလို တို့ကို ထပ်မံ သိမ်းဆည်းရမိခဲ့ပါတယ်။

မူးယစ်ဆေးဝါးတွေနဲ့ လက်နက်ခဲယမ်းတွေ ဖမ်းဆီးရမိခဲ့တာနဲ့ ပတ်သက်ပြီး မူးယစ်ဆေးဝါးနှင့်စိတ်ကိုပြောင်းလဲစေသော ဆေးဝါးများဆိုင်ရာဥပဒေအရ အရေးယူထားတယ်လို့ သိရပါတယ်။

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013