Home
မြန်မာသတင်း
သရုပ်ဆောင် အကယ်ဒမီ မေသန်းနု အင်းစိန်ထောင်မှ ပြန်လွတ်လာ
DVB
·
July 1, 2020
42263810_1969415193079109_6807865537478000640_n
ငွေကြေးလိမ်လည်မှုနဲ့ တရားစွဲခံခဲ့ရပြီး ထောင်ဒဏ်တစ်နှစ်ချမှတ်ခံခဲ့ရတဲ့ သရုပ်ဆောင် အကယ်ဒမီမင်းသမီး မေသန်းနုဟာ ဒီကနေ့ ဇူလိုင် ၁ ရက်က  အင်းစိန်အကျဉ်းထောင်မှ ပြန်လည် လွတ်မြောက်လာပါတယ်။ မေသန်းနုကို တရားလိုဒေါ်စန်းစန်းမြင့်က တိုက်ခန်းအတွက် စရန်ငွေ ကျပ်သိန်း ၄၀၀ လိမ်လည်ယူထားခဲ့တယ်ဆိုတဲ့ စွဲချက်နဲ့ ရန်ကင်းမြို့နယ်တရားရုံးမှာ တရားစွဲဆိုခဲ့တာ ဖြစ်ပြီး တရားရုံးက ငွေကြေးလိမ်လည်မှု ပုဒ်မ ၄၂၀ နဲ့ ပြီးခဲ့တဲ့ ဇန်နဝါရီ  ၂ ရက် နေ့မှာ ထောင်ဒဏ် ၁ နှစ် အမိန့်ချမှတ်ခဲ့တာ ဖြစ်ပါတယ်။ လတ်တလောမှာတော့ ခင်ပွန်းဟောင်းဖြစ်တဲ့ ဒါရိုက်တာ စင်ရော်မောင်မောင်က ဒီအ ကြောင်းနဲ့ပတ်သက်ပြီး သူ့ရဲ့ ဖေ့စ်ဘွတ်ခ်အင်တာနက်လူမှုကွန်ရက်ပေါ်မှာ မိသားစုဓာတ်ပုံတပုံနဲ့အ တူ “မ ဆင့်လွတ်လာပါပြီ ခင်ဗျာ”လို့ ရေးသားပြီး အသိပေးထားခဲ့တာကို တွေ့ရပါတယ်။ အသက် ၅၉ နှစ်အရွယ် ရှိနေပြီဖြစ်တဲ့ မေသန်းနုဟာ ၁၉၈၅ ခုနှစ်မှာ ရုံတင်ပြသခဲ့တဲ့ သင်္ကြန်မိုးရုပ်ရှင်နဲ့အတူ အောင်မြင်ခဲ့တာဖြစ်ပြီး ဖြတ်သန်းခဲ့တဲ့ အနုပညာသက်တမ်း တလျှောက်မှာ မူပိုင်ချစ်သူ၊ ပုဂံမှာသာတဲ့လ၊ အလင်းဖျော့ကောင်းကင်၊ ချစ်ခြင်း၏ အခြားမဲ့၌ ရုပ်ရှင်ကားတွေနဲ့ အကောင်းဆုံးအမျိုးသမီး ဇာတ်ဆောင်အကယ်ဒမီဆု၊ ငါ သူတပါး ယောကျ်ား မိန်းမရုပ်ရှင်နဲ့ အကောင်းဆုံးအမျိုးသမီး ဇာတ်ပို့အကယ်ဒမီဆုတွေကို ဆွတ်ခူးနိုင်ခဲ့သူ ဖြစ်ပါတယ်။ ဓာတ်ပုံ - စင်ရော်မောင်မောင်
Live

About DVB

The Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB was founded in 1992 and is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2024