DVB Logo
Home
မြန်မာသတင်း
ဘင်္ဂလားဒေ့ရှ်မှ တရားမဝင်ပြန်ဝင်လာသူ ၂၉ ဦးကို လဝကဥပဒေဖြင့် အရေးယူ 
DVB
·
July 1, 2020
ဘင်္ဂလားဒေ့ရှ်မှ တရားမဝင်ပြန်ဝင်လာသူ ၂၉ ဦးကို လဝကဥပဒေဖြင့် အရေးယူ 
Donate to DVB

ရခိုင်ပြည်နယ်၊ မောင်တောခရိုင်အတွင်းသို့ ​ဘင်္ဂလားဒေ့ရှ်နိုင်ငံဘက်မှ တရားမဝင် နည်းလမ်းနဲ့ မြန်မာနိုင်ငံထဲ ပြန်လည်ဝင်ရောက်တဲ့သူ ၂၉ ဦးကို လဝက ဥပဒေနဲ့ အမှုဖွင့်အရေးယူထားပါတယ်။

မောင်တောခရိုင် လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အားဦးစီးဌာနမှ ဒုတိယ ညွှန်ကြားရေးမှူး ဦးထိန်လင်းက "ခိုးဝင်ခိုးထွက် လဝကဥပဒေပုဒ်မ ၁၃(၁)နဲ့ အမှု ဖွင့်လှစ်ထားတာရှိတယ်။ အားပေးကူညီမှု ဥပဒေပုဒ်မ ၁၃(၅)နဲ့ အမှုဖွင့်အရေးယူသူတွေလည်း ရှိတယ်။ မောင်ခရိုင်တစ်ခုလုံးမှာ ပထမအသုတ်အနေနဲ့ အားလုံး၂၉ ဦးကို အမှုဖွင့်အရေးယူထားတယ်"လို့ ဒီဗွီဘီကို ပြောပါတယ်။

မောင်တောမြို့နယ်မှ ၁၉ ဦးကို လဝကဥပဒေပုဒ်မ ၁၃(၁) နဲ့ အမှုဖွင့်လှစ်ထားပြီး ဘူးသီးတောင်မြို့မှ ၆ ဦးကို လဝက ဥပဒေပုဒ်မ ၁၃(၁)နဲ့ အမှုဖွင့်ထားကာ  ၄ ဦးကိုတော့ အားပေးကူညီမှု ဥပဒေပုဒ်မ ၁၃(၅)နဲ့  အမှုဖွင့် အရေးယူထားတာဖြစ်ပါတယ်။

၂၀၁၇ ခုနှစ်အကြမ်းဖက်ဖြစ်စဉ်ကြောင့် မောင်တောခရိုင်အတွင်းမှ တစ်ဖက်ဘင်္ဂလားဒေ့ရှ် နိုင်ငံသို့ နေရပ်စွန့်ခွါသွားကြသူတွေ မိမိဆန္ဒအလျှောက်မောင်တောခရိုင်သို့ ပြန်လည်ဝင်ရောက်လာ သူ ၆၉၇ ဦးရှိပြီး  သူတို့ကိုတော့ အရေးယူဆောင်ရွက်ခြင်းမရှိပါဘူး။

ဘင်္ဂလားဒေ့ရှ်ဘက်က ပြန်လာသူ ၇၀၀ နီးပါးထဲက အစိုးရကို အသိပေးပြန်လာသူတွေကိုတော့ အရေးယူတာမရှိဘဲ ကိုဗစ်-၁၉ ရောဂါကာလအတွင် တရားမဝင် ခိုးဝင်လာသူ ၈၀ ဦး လောက်ထဲက ကလေးသူငယ်တွေနဲ့ အသက်မပြည့်သူတွေကို ပယ်ထုတ်ပြီး ကျန် ၂၉ ဦးကို ၁၉၄၇ မြန်မာနိုင်ငံ လူဝင်မှု ကြီးကြပ်ရေးဥပဒေနဲ့ အရေးယူတာ ဖြစ်ပါတယ်။

မောင်တောခရိုင်အတွင်းသို့ ဘင်္ဂလားဒေ့ရှ်နိုင်ငံမှ ပြန်လာသူတွေအထဲက ၉ ဦးမှာ ကိုဗစ်-၁၉ ရောဂါပိုးရှိထားပြီး   နိုင်ငံတော်မှ တရားမဝင် ဝင်ရောက်လာကြသူတွေကို အရေးယူဖို့ တရားဝင်စာထုတ်ပြန်ပြီးနောက် ပထမဆုံး အရေးယူခံတာ ဖြစ်ကြပါတယ်။

 

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013