DVB Logo
Home
မြန်မာသတင်း
ဗြိတိန်သံအမတ်ဟောင်း ဗစ်ကီဘိုးမန်းနှင့် ခင်ပွန်း ကိုထိန်လင်းကို စစ်ကောင်စီက လဝကဥပဒေပုဒ်မဖြင့် အမှုဖွင့်
DVB
·
August 25, 2022
ဗြိတိန်သံအမတ်ဟောင်း ဗစ်ကီဘိုးမန်းနှင့် ခင်ပွန်း ကိုထိန်လင်းကို စစ်ကောင်စီက လဝကဥပဒေပုဒ်မဖြင့် အမှုဖွင့်
Donate to DVB

မြန်မာနိုင်ငံဆိုင်ရာ ဗြိတိန်သံအမတ်ဟောင်း ဗစ်ကီဘိုးမန်းနဲ့ ခင်ပွန်းဖြစ်သူ ပန်းချီကိုထိန်လင်းတို့ကို ဩဂုတ် ၂၄ ရက်ညက စမ်းချောင်းမြို့နယ် ပန်းလှိုင်အိမ်ရာမှာ စစ်ကောင်စီက ဖမ်းဆီးပြီး လဝကဥပဒေပုဒ်မ ၁၃(၁)/၁၃(၅) နဲ့ အမှုဖွင့် စစ်ဆေးနေတယ်လို့ အုပ်ချုပ်ရေးနဲ့ နီးစပ်သူတွေဆီက သိရပါတယ်။

စစ်ကောင်စီတပ်တွေဟာ သြဂုတ် ၂၄ ရက် ညပိုင်းက စစ်တပ်၊ ရဲနဲ့ လဝက အဖွဲ့အစည်း အစုံအလင်နဲ့ ဗစ်ကီဘိုးမန်းနဲ့ ကိုထိန်လင်းတို့နေထိုင်ရာ စမ်းချောင်းနေအိမ်မှာ လာရောက်ဖမ်းဆီးခဲ့တာ ဖြစ်တယ်လို့ အိမ်ရာမှာနေထိုင်သူတယောက်က ဒီဗွီဘီကို ပြောပါတယ်။

“သူတို့ ဒီမှာနေတာ မကြာသေးဘူး။ အဲ့ညက အဖွဲ့အစည်းအစုံနဲ့ လာဖမ်းတာ။ ဘယ်ကိုခေါ်သွားလဲတော့ မသိဘူး၊ ကျန်တာတော့ မသိဘူး။”

မြန်မာနိုင်ငံဆိုင်ရာ ဗြိတိန်သံအမတ်ဟောင်း ဗစ်ကီဘိုးမန်းနဲ့ ခင်ပွန်းဖြစ်သူ ပန်းချီကိုထိန်လင်းတို့ နှစ်ယောက်ဟာ ၂၀၂၁ ခုနှစ် မေလ ၄ ရက်မှ သြဂုတ် ၉ ရက်နေ့အထိ ရှမ်းပြည်နယ် ကလောမြို့ရှိ ဦးထိန်လင်းအိမ်မှာ နေထိုင်ခဲ့ပြီး ရန်ကုန်ကို ပြန်ရောက်ချိန်မှာ လိပ်စာပြောင်းဖို့ ပျက်ကွက်တဲ့အတွက် ဖမ်းဆီးရတာဖြစ်တယ်လို့ စစ်ကောင်စီက ဒီကနေ့ ထုတ်ပြန်ပါတယ်။

စစ်ကောင်စီနဲ့နီးစပ်သူတယောက်က “ဗြိတိန်သံအမတ်က လိပ်စာမပြောင်းလို့ အဖမ်းခံရတာ။ ကိုထိန်လင်းက ဒါကိုသိရက်နဲ့ အားပေးကူညီလို့ အဖမ်းခံရတာ” လို့ ပြောပါတယ်။

လတ်တလောမှာ မြန်မာနိုင်ငံဆိုင်ရာ ဗြိတိန်သံအမတ်ဟောင်း ဗစ်ကီဘိုးမန်းကို စမ်းချောင်းမြို့မရဲစခန်းမှာ လဝကဥပဒေပုဒ်မ ၁၃(၁)၊ ဦးထိန်လင်းကို လဝကဥပဒေပုဒ်မ ၁၃(၅) နဲ့ အမှုဖွင့် အရေးယူထားတယ်လို့ စစ်ကောင်စီက ထုတ်ပြန်ထားပါတယ်။

ဗစ်ကီဘိုးမန်းဟာ မြန်မာနိုင်ငံဆိုင်ရာ ဗြိတိန်သံအမတ်ကြီးအဖြစ် ၂၀၀၂ ခုနှစ်ကနေ ၂၀၀၆ ခုနှစ်အထိ တာဝန်ထမ်းဆောင်ခဲ့ပြီး လက်ရှိမှာတော့ ကုန်သွယ်ရေး၊ စီးပွားရေးတို့မှာ အလေ့အကျင့်ကောင်းတွေကို မြှင့်တင်ပေးနိုင်ဖို့ ရည်ရွယ်ကာ အနောက်တိုင်းက အလှူရှင်တွေ ထောက်ပံ့မှုနဲ့ တည်ထောင်ထားတဲ့ အဖွဲ့အစည်းတခုဖြစ်တဲ့ တာဝန်သိ စီးပွားရေး မြန်မာစင်တာ Myanmar Center for Responsible Business (MCRB) ကို လုပ်ဆောင်နေတာ ဖြစ်ပါတယ်။

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013