DVB Logo
Home
မြန်မာသတင်း
မိတ္ထီလာတွင် တရုတ်နိုင်ငံသား ၁ ဦးကို လဝကဥပဒေဖြင့် အမှုဖွင့်အရေးယူ 
DVB
·
June 16, 2020
မိတ္ထီလာတွင် တရုတ်နိုင်ငံသား ၁ ဦးကို လဝကဥပဒေဖြင့် အမှုဖွင့်အရေးယူ 
Donate to DVB

မန္တလေးတိုင်း၊ မိတ္ထီလာမြို့၊ ပြည်သာယာ ၃ လမ်းထိပ်မှာ ကိုဗစ်-၁၉ ရောဂါ ကာကွယ်ထိန်းချုပ်ဖို့ ထုတ်ပြန်ထားတဲ့ ညမထွက်ရအမိန့်ကို ဖောက်ဖျက်ကျူးလွန်ခဲ့သူ ၃ ဦးကို သက်ဆိုင်ရာက အရေးယူခဲ့ပါတယ်။ 

အရေးယူခံရတဲ့ ၃ ဦးအနက် တစ်ဦးဟာ  အသက် ၂၈ နှစ်အရွယ် တရုတ်နိုင်ငံသား လျိုရှင်(ခ)လျိုထိုက်ဟုန် ဖြစ်ပြီး  ဝမ်းတွင်းမြို့နယ် ကျောင်းကုန်းရွာမှာ ခွင့်ပြုချက်မဲ့ ၅ လကျော်နေထိုင်ခဲ့တာကြောင့် လဝကဥပဒေနဲ့ ဇွန်လ ၁၅ ရက်မှာ အမှုဖွင့်လိုက်တာလို့  မိတ္ထီလာအမှတ်(၃)ရဲစခန်းက ပြောပါတယ်။

စခန်းမှူး ရဲအုပ်ဝင်းမြင့်ဦးက "ဒုလဝကမှူးတစ်ဦးက တရားလိုလုပ်ပြီး အမှုလာဖွင့်တယ်။ လဝကဥပဒေနဲ့ပါ မလှိုင်နယ်ဘက်မှာ စိုက်ပျိုးရေးလုပ်မလို့ ရောက်နေတာ စိုက်တော့ မစိုက်ရသေးဘူး။  ရေတွင်းတူးနေတာလို့ သိရတယ်"လို့ ပြောပါတယ်။

မိတ္ထီလာမြို့နယ်ဘက်မှာ တရုတ်နိုင်ငံသားတွေက လာရောက်ပြီး မြေငှားက စိုက်ပျိုးရေးလုပ်ငန်းတွေ လာရောက်  လုပ်ကိုင်ကြတာဖြစ်ပါတယ်။ 

ဒေသခံကိုမျိုးဦးက " နယ်တွေဘက်မှာ တရုတ်တွေ မြေငှားပြီး စိုက်ပျိုးရေး လာလုပ်ကြတယ်။ နယ်ခံတွေကလည်း မြေငှားခရကြတယ်။ သူတို့ဆီက နည်းပညာယူပြီး နယ်ခံတွေ စိုက်ပျိုးစားကြရင် မြေငှားခထက် ပိုရမှာပါ" လို့ ပြောပါတယ်။

မိတ္ထီလာအမှတ်(၃)ရဲစခန်းမှာ တရုတ်နိုင်ငံသားလျိုရှင်(ခ)လျိုထိုက်ဟုန်ကို နိုင်ငံအတွင်း ခွင်ပြုချက်မဲ့နေထိုင်မှု လဝကအက်ဥပဒေ ၁၃(၁)ဖြင့် အမှုဖွင့်ထားပါတယ်။

သတင်း-မောင်မောင်လင်း

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013