DVB Logo
Home
မြန်မာသတင်း
အဆိုတော် မေသူနှင့် ဟာသသရုပ်ဆောင် အိုကေတို့ကို စစ်ကောင်စီ အမှုဖွင့်အရေးယူ 
DVB
·
April 5, 2024
အဆိုတော် မေသူနှင့် ဟာသသရုပ်ဆောင် အိုကေတို့ကို စစ်ကောင်စီ အမှုဖွင့်အရေးယူ 
Donate to DVB

အဆိုတော် မေသူနဲ့ ဟာသသရုပ်ဆောင် အိုကေတို့ကို မြန်မာ့ယဉ်ကျေးမှုနဲ့ ဆန့်ကျင်တဲ့ တေးသီချင်းဗီဒီယိုတွေ လူမှုကွန်ရက်ပေါ် လွှင့်တင်တယ်ဆိုပြီး စစ်ကောင်စီက အမှုဖွင့် အရေးယူလိုက်ပါတယ်။

လူမှုကွန်ရက်မှာ “ဘီယာဗိုက်” အမည်နဲ့ တေးသီချင်းဗီဒီယို ရိုက်ကူးထုတ်လွှင့်ပြသခဲ့တာကြောင့် အဆိုတော် မေသူ၊ ဟာသသရုပ်ဆောင် အိုကေနဲ့ တခြားသက်ဆိုင်သူတွေကို  ရန်ကုန်၊ ဗဟန်းမြို့မရဲစခန်းမှာ အီလက်ထရောနစ် ဆက်သွယ် ဆောင်ရွက်ရေးဥပဒေ ပုဒ်မ-၃၃(က) နဲ့ အမှုဖွင့်ဆောင်ရွက်ထားတာလို့ ဧပြီ ၅ ရက် ဒီနေ့ထုတ် သတင်းစာတွေမှာ ဖော်ပြပါတယ်။

တေးသီချင်းဗီဒီယို ရိုက်ကူးထုတ်လွှင့်သူတချို့ဟာ ထင်ပေါ်ကျော်ကြားမှု ရရှိစေဖို့ မြန်မာ့ယဉ်ကျေးမှုနဲ့ ဖီလာဆန့်ကျင်ပြီး မောင်နှမသားချင်း၊ မိသားစုဝင်ချင်း အတူတကွ ကြည့်ရှုဖို့ မသင့်လျော်တဲ့ ဟီရိဩတ္တပ္ပတရားကင်းမဲ့တဲ့ တေးသီချင်းဗီဒီယိုတွေကို အရှက်သိက္ခာမဲ့စွာ ရိုက်ကူးထုတ်လွှင့်နေကြတယ်လို့ဆိုပါတယ်။

ဒါကြောင့် တေးသီချင်းဗီဒီယိုတွေ ရိုက်ကူးထုတ်လွှင့်ရာမှာ မြန်မာ့ယဉ်ကျေးမှုနဲ့ ဖီလာဆန့်ကျင် ပြောဆိုရိုက်ကူးထုတ်လွှင့်မှုတွေ မပြုကြဖို့နဲ့ လိုက်နာ ဆောင်ရွက်ခြင်းမရှိပါက တည်ဆဲဥပဒေနဲ့အညီ အရေးယူဆောင်ရွက်သွားမယ်လို့ အသိပေး ကြေညာထားပါတယ်။

တေးသီချင်းဗီဒီယို (Music Video) ရိုက်ကူးထုတ်လွှင့်ဖို့ နိုင်ငံရေး၊ ဘာသာရေးနဲ့ လိင်ပိုင်းဆိုင်ရာတွေ ပါဝင်မှုမရှိစေရေး ထုတ်လုပ်သူတွေအနေနဲ့ ပြန်ကြားရေးဝန်ကြီးဌာနကို ဆင်ဆာတင်ရမယ်လို့ စစ်ကောင်စီပြန်ကြားရေးက ထပ်မံထုတ်ပြန်လာတဲ့အပေါ် ဂီတလောကသားတွေက ဝေဖန်ထောက်ပြပါတယ်။

အခုလို စစ်ကောင်စီရဲ့ပြန်ကြားရေးက ထုတ်ပြန်ချက်အပေါ် ဂီတဖန်တီးသူတွေက ခေတ်နောက်ပြန်ဆွဲပြီး ဝါဒဖြန့်သရုပ်ဖော်မှုတွေကို အားကောင်းစေဖို့ လုပ်ဆောင်နေတာလို့ ဝေဖန်နေကြပါတယ်။

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013