DVB Logo
Home
မြန်မာသတင်း
ကမ္ဘောဒီးယားနှင့် ကိုရီးယားတွင် ပိတ်မိနေသည့်  မြန်မာနိုင်ငံသား  ၂၀၀ ကျော် ပြန်ရောက်
DVB
·
July 1, 2020
ကမ္ဘောဒီးယားနှင့် ကိုရီးယားတွင် ပိတ်မိနေသည့်  မြန်မာနိုင်ငံသား  ၂၀၀ ကျော် ပြန်ရောက်
Donate to DVB

ကမ္ဘောဒီးယားနဲ့ တောင်ကိုရီးယားအပါအဝင် နိုင်ငံတချို့မှာရောက်ပြီး မြန်မာနိုင်ငံကို ပြန်လာဖို့ ခက်ခဲနေတဲ့ မြန်မာနိုင်ငံသား ၂၀၀ ကျော်ကို အစိုးရက ကယ်ဆယ်ရေးလေယာဉ်တွေနဲ့  ဇွန်လ ၃၀ ရက်က  ပြန်ခေါ်လာခဲ့ပါတယ်။

ကိုဗစ်-၁၉ ကပ်ဘေးကာလမှာ နိုင်ငံတကာခရီးသည်တင်လေယာဉ်တွေကို မြန်မာနိုင်ငံက ဆင်းသက်ခွင့်ပိတ်ထားတာကြောင့် အကြောင်းအမျိုးမျိုးကြောင့် ပြည်ပနိုင်ငံကို ရောက်နေသူတွေအနေနဲ့ နေရပ်ပြန်လာလို့ မရဖြစ်နေတာပါ။

ဇွန်လ ၃၀ ရက်မှာတော့ ကမ္ဘောဒီးယားနိုင်ငံ ဖနွမ်းပင် အပြည်ပြည်ဆိုင်ရာလေဆိပ်ကနေ  မြန်မာအပြည်ပြည်ဆိုင်ရာလေကြောင်းလိုင်း (Myanmar Airways International) နဲ့ မြန်မာနိုင်ငံသား အယောက် ၉၀၊ အရေးပေါ်ကိစ္စ တာဝန်နဲ့ သွားရောက်မယ့် နိုင်ငံခြားသား ၇ ယောက်ကို ရန်ကုန်ကို ခေါ်ယူလာခဲ့တယ်လို့  နိုင်ငံခြားရေးဌာနက သတင်းထုတ်ပြန်ပါတယ်။

အလားသူ ကိုရီးယားသမ္မတနိုင်ငံနဲ့ တခြားနိုင်ငံတချို့မှာ ပိတ်မိနေတဲ့ မြန်မာနိုင်ငံသား ၁၂၉ ယောက်ကိုလည်း  ၁၁ ကြိမ်မြောက် ကယ်ဆယ်ရေးလေယာဉ်နဲ့  ပြန်ခေါ်လာတယ်လို့ နိုင်ငံခြားရေးဝန်ကြီးဌာနက ဆိုပါတယ်။

ကိုရီးယားရောက်  မြန်မာနိုင်ငံသား ၆၉ ယောက်၊ အမေရိကန်၊ ဗြိတိန်၊ နော်ဝေ၊ ဂျပန်၊ ဘယ်လ်ဂျီယံ၊ ကနေဒါ၊ ဂျာမနီ၊ ဗီယက်နမ်နဲ့ တောင်ဆူဒန်နိုင်ငံတို့ကနေ လာရောက်လိုက်ပါတဲ့ မြန်မာနိုင်ငံသားအယောက် ၅၀ နဲ့ မြန်မာသင်္ဘောသား ၁၀ ယောက်၊ စုစုပေါင်း ၁၂၉ ယောက်ကို  မြန်မာအပြည်ပြည်ဆိုင်ရာလေကြောင်းလိုင်း (MAI) နဲ့ ပြန်ခေါ်လာခဲ့ပါတယ်။

မနေ့ကလည်း ဟောင်ကောင်အထူးအုပ်ချုပ်ရေး ဒေသနဲ့ မကာအိုဒေသ၊ ကိုရီးယား၊ အင်ဒိုနီးရှားနဲ့ အမေရိကန်နိုင်ငံရောက် မြန်မာနိုင်ငံသား ၃၀၁ ယောက်ကို ပြန်ခေါ်လာခဲ့ပြီး ဒီနေ့အချိန်ထိ ပြည်ပရောက်မြန်မာနိုင်ငံသား အယောက် ၇၀၀၀ လောက်ကို ပြန်ခေါ်လာနိုင်ခဲ့ပြီ ဖြစ်ပါတယ်။

PHOTO-MOFA

Support DVB
Live
DVB Donate၂၀၂၆ ကမ္ဘာ့ဖလား
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013