
အက်စ်တိုးနီးယားနိုင်ငံ၊ တာလင်းမြို့မှာ အောက်တိုဘာ ၂၆ ရက်က အလိုအလျောက် ပစ္စည်းပို့ စက်ရုပ် တရုပ်ဟာ မီးနီပြနေတာကို ဂရုမစိုက်ဘဲ လူကူးမျဉ်းကျားပေါ် ဖြတ်မောင်းသွားခဲ့တာကြောင့် ဘတ်စ်ကားတစီးနဲ့ တိုက်မိပြီး ကားပေါ်ပါလာတဲ့ ခရီးသည်တချို့ ဒဏ်ရာရသွားပါတယ်။
တာလင်းမြို့ပြ သယ်ယူပို့ဆောင်ရေးအဖွဲ့ရဲ့ ပြောကြားချက်အရ ဘတ်စ်ကားဒရိုင်ဘာဟာ ကားကို အရေးပေါ် ရုတ်တရက် ဘရိတ်အုပ်လိုက်ရတာကြောင့် ခရီးသည် အတော်များများ လဲကျပြီး ဒဏ်ရာ ရသွားခဲ့တာ ဖြစ်ပါတယ်။
သယ်ယူပို့ဆောင်ရေး ကုမ္ပဏီက ထုတ်ပြန်လိုက်တဲ့ ဗီဒီယိုမှတ်တမ်းမှာတော့ ဒယ်လီပို့ စက်ရုပ်နဲ့ ဘတ်စ်ကား တိုက်မိသွားပုံနဲ့ ဘတ်စ်ကားအတွင်းထဲမှာ ခရီးသည်တွေ လဲကျသွားပုံကို တွေ့မြင်ရ ပါတယ်။
ဘတ်စ်ကားဒရိုင်ဘာဟာ အန္တရာယ်ကြုံရချိန်မှာ မှန်မှန်ကန်ကန် တုံ့ပြန်ဆောင်ရွက်နိုင်ခဲ့တာကြောင့် ဒီထက်ပိုပြီး ပြင်းထန်တဲ့ မတော်တဆမှုကို ရှောင်လွှဲနိုင်ခဲ့တာလို့ အဲဒီကုမ္ပဏီက ပြောပါတယ်။
Source: Reuters











