DVB Logo
Home
မြန်မာသတင်း
၂၀၂၀ ရွေးကောက်ပွဲ လွတ်လပ်ပြီး တရားမျှတမှုရှိစေရန်  ဦးစားပေးလုပ်မည်ဟု ကာချုပ်ပြော
DVB
·
June 29, 2020
၂၀၂၀ ရွေးကောက်ပွဲ လွတ်လပ်ပြီး တရားမျှတမှုရှိစေရန်  ဦးစားပေးလုပ်မည်ဟု ကာချုပ်ပြော
Donate to DVB

၂၀၂၀ ရွေးကောက်ပွဲ လွတ်လပ်ပြီး တရားမျှတမှုရှိစေဖို့ တပ်မတော်က နံပါတ် ၁ ဦးစားပေးလုပ်ငန်း အဖြစ် ပူးပေါင်းကူညီဆောင်ရွက်သွားမယ်လို့ တပ်မတော်  ကာကွယ်ရေးဦးစီးချုပ်ဗိုလ်ချုပ်မှုးကြီး မင်းအောင်လှိုင်က ပြောပါတယ်။

တပ်မတော် ကာကွယ်ရေး ဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်ဟာပြီးခဲ့တဲ့ ရုရှားနိုင်ငံ ခရီးစဉ်အတွ်း  Arguments and Facts သတင်းဌာနနဲ့ ZVEZDA သတင်းဌာန တို့အား လက်ခံတွေ့ဆုံပြီး မေးမြန်းမှုတွေကို ဖြေကြားရာမှာပြောဆိုခဲ့တာလို့ တပ်မတော် ထုတ်ပြန်ချက်အရ သိရပါတယ်။

“အဓိကကတော့ ဒီရွေးကောက်ပွဲ Process တွေ နောက်တစ်ချက် မှန်မှန်ကန်ကန်နဲ့ တည်တည် ငြိမ်ငြိမ်နဲ့ အောင်အောင်မြင်မြင် ဖြစ်ဖို့က အရေးအကြီးဆုံးပဲ၊ အရေးကြီးဆုံး ဖြစ်ပါတယ်။  အဲ့တော့  ဒီရွေးကောက်ပွဲ  လွတ်လပ်ပြီး  တရားမျှမျှတတရွေးကောက်ပွဲ ဖြစ်ဖို့က နံပါတ်  ၁ အရေးကြီးဆုံး၊၂ဝ၁ဝ မှာ  ရွေးကောက်ပွဲ တစ်ခါလုပ်ခဲ့တယ်။ ၂ဝ၁၅   ခုနှစ် မှာ ရွေးကောက်ပွဲတစ်ခါလုပ်ခဲ့တယ်။ အဲ့ချိန်မှာ တပ်မတော်က လွတ်လပ်ပြီး တရားမျှတတဲ့  ရွေးကောက်ပွဲဖြစ်အောင် တာဝန်ယူဆောင် ရွက်ပေးခဲ့တယ်။ ကူညီပေးခဲ့တယ်။ ပူးပေါင်း ဆောင်ရွက် ပေးခဲ့တယ်။    ဒီလိုပဲ   ၂ဝ၂ဝ  ရွေးကောက်ပွဲမှာလည်း ဒီလိုဖြစ်အောင်ဆောင် ရွက်ရမယ့် တာဝန် ကတော့ နံပါတ် ၁ ဦးစားပေး လုပ်ငန်းဖြစ်တယ်။  အဲ့ဒါယုံကြည်စိတ်ချရမှု ရှိတယ်ဆိုလို့ရှိရင်တော့ ကျွန်တော်တို့ လည်း  နိုင်ငံရေးကို ဘယ်လိုဝင်ပြီးတော့မှ ပါဝင်ရမယ် ဆိုတာစဉ်းစားဖို့ဖြစ်လာတာပေါ့။ အရေးကြီး တာကတော့ ရွေးကောက်ပွဲ၊ လွတ်လပ်ပြီး တရားမျှတတဲ့ ရွေးကောက်ပွဲဖြစ်ဖို့ နံပါတ် ၁ အရေးအကြီးဆုံးပါ။”

လွှတ်တော်ထဲက တပ်မတော်သား ကိုယ်စားလှယ်တွေအားလုံး ဘယ်အချိန်မှာ အနားယူသွားလဲဆိုတဲ့ မေးခွန်းနဲ့ ပတ်သက်ပြီးလည်း နိုင်ငံတည်ငြိမ် မှုတွေရှိသွားပြီဆိုရင်  တပ်မတော်က သူ့ရဲ့လမ်းကြောင်း အတိုင်းပဲ   သွားဖို့ရှိပါတယ်လို့ ကာကွယ်ရေး ဦးစီးချုပ်က ဖြေကြားသွားပါတယ်။

နှစ်ပေါင်း ၄ဝ  ကျော်ကာလအတွင်းမှာ   တိုင်းပြည်အတွက်၊  ပြည်သူအတွက်လုပ်ခဲ့သလို ရှေ့ဆက်လုပ်ဆောင်သွားမယ်လို့လည်း ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်က ပြောပါတယ်။

“ကျွန်တော်က  တပ်မတော်ထဲမှာ နှစ်ပေါင်း ၄ဝ ကျော်  အတွေ့ အကြုံတွေ၊ အရာရှိငယ်ဒုဗိုလ်ဘဝက နေပြီးတော့ တပ်မတော် ကာကွယ်ရေး ဦးစီးချုပ်၊ ဗိုလ်ချုပ်မှူးကြီး ရာထူးအထိ အဆင့်ပေါင်း များစွာ ခြေလျင်တပ်စုမှူးက စပြီးတော့ ကျွန်တော် Commander အဆင့်ဆင့် ကျွန်တော် လုပ်ခဲ့တယ်။ စစ်ရေး အတွေ့အကြုံ ကျွန်တော့်မှာရှိတယ်။ နောက်ဖြတ်သန်းခဲ့ရတဲ့  နိုင်ငံရေး အတွေ့ အကြုံ၊  စောစောကပြောတဲ့ ခေတ်တွေ ကျွန်တော်မီတယ်။ ကျွန်တော်မြင်တယ်။ မြန်မာ့ဆိုရှယ်လစ် လမ်းစဉ်ပါတီ အထိ  ကျွန်တော်မီတယ်။     တပ်မတော်အစိုးရနဲ့  ပါတီစုံဒီမိုကရေစီလမ်းကြောင်း ခေတ်သုံး ခေတ်ကို ကျွန်တော် တပ်မတော်သားဘဝနဲ့ ဖြတ်သန်းလာတာ၊ နောက်အုပ်ချုပ်ရေးအတွေ့ အကြုံ   ကျွန်တော့်မှာ အများကြီးရှိတယ်။  တိုင်းမှူးလုပ်ခဲ့တာရှိတယ်။ နောက်ပြည်နယ် ဥက္ကဋ္ဌ လုပ်ခဲ့တာ ရှိတယ်။ ဒီအတွေ့အကြုံတွေက   တပ်မတော် အတွက် ကော၊   တိုင်းပြည် အတွက်ကော၊ ပြည်သူ့အတွက်ကော၊ ဘယ်လိုပဲဖြစ်ဖြစ်    အထောက်အကူရမယ့် ဟာလို့  ကျွန်တော်ယုံကြည်ပါတယ်။   ကျွန်တော်က  တာဝန်ထမ်းဆောင်ခဲ့တဲ့    နှစ်ပေါင်း ၄ဝ  ကျော်ကာလအ တွင်းမှာ   တိုင်းပြည်အတွက်၊  ပြည်သူအတွက်လုပ်ခဲ့တာ၊ ကျွန်တော်ဆက်ပြီးတော့ ဒီလိုပဲသွားမှာပါ၊” 

ကိုဗစ်-၁၉ ရောဂါ ကြောင့် ခဏရွှေ့ဆိုင်းခဲ့ရတဲ့  တပ်မတော်  စိန်ရတု (၇၅)နှစ်မြောက်နေ့ စစ်ဆေပြ အခမ်းအနားကို ရာသီဥတု အခြေအနေပေးတာနဲ့ ကိုဗစ်-၁၉ နဲ့ပတ်သက်ပြီး   ထိန်းချုပ်နိုင်တဲ့ အခြေအနေရသွားရင်  ခမ်းခမ်းနားနား ပြန်လုပ်မယ်လို့လည်း တပ်မတော် အကြီးအကဲက ရုရှားမီဒီယာတွေကို ပြောပါတယ်။

ဓာတ်ပုံ- CINCDS

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013