DVB Logo
Home
မြန်မာသတင်း
လူနာအမှတ် ၂၅၀ နှင့် ၂၆၂ တို့ကို ဒုတိယအကြိမ်စစ်ဆေးရာတွင် ကိုဗစ်-၁၉ ရောဂါပိုးတွေ့
DVB
·
June 27, 2020
လူနာအမှတ် ၂၅၀ နှင့် ၂၆၂ တို့ကို ဒုတိယအကြိမ်စစ်ဆေးရာတွင် ကိုဗစ်-၁၉ ရောဂါပိုးတွေ့
Donate to DVB

ရခိုင်ပြည်နယ်၊ ဘူးသီးတောင်မြို့က ကိုဗစ်-၁၉ လူနာအမှတ် ၂၅၀ နဲ့ လူနာအမှတ် ၂၆၂ တို့အား ဒုတိယအကြိမ် စစ်ဆေးရာ ရောဂါပိုးတွေ့ရှိတယ်လို့ မြို့နယ် ဆေးရုံအုပ်ကြီး ဒေါက်တာစောမင်းသိန်းက ပြောပါတယ်။

“ဒုတိယအကြိမ် စစ်ဆေးရာမှာ နှစ်ယောက်လုံး Positive ပါ။ သူတို့ကိုတော့ ရောဂါပိုးမတွေ့တဲ့အထိ စစ်ဆေးသွားရမှာပါ။ နှစ်ယောက်လုံး ကျန်ကျန်းမာမာ ရှိနေပါတယ်။”

သူတို့နှစ်ဦးနဲ့ ထိတွေခဲ့သူ ၈၀ ကျော်ရဲ့ နှာခေါင်းနှင့် အာခေါင်တို့ပတ်တွေ ပထမအကြိမ် စစ်ဆေးတာမှာ အားလုံး Negative ဖြစ်ခဲ့ပြီး ဒုတိယအကြိမ် ထပ်စစ်ဆေးရမယ်လို့ ဆိုပါတယ်။

ဘူးသီးတောင်မြို့မှာ ထမဆုံးတွေ့ရှိတဲ့ လူနာအမှတ် ၂၅၀ အမျိုးသားဟာ တဖက် ဘင်္ဂလားဒေ့ရှ်နိုင်ငံကနေ ဇွန် ၄ ရက်နေ့က ပြန်လည်ခိုးဝင်လာသူဖြစ်ပါတယ်။

ဘူးသီးတောင်မြို့က အသက် ၆၃ နှစ်အရွယ် ဒုတိယမြောက် လူနာအမှတ် ၂၆၂ ကတော့ နာတာရှည်ရောဂါသည်တဦးဖြစ်ပြီး တစ်ဖက်ဘင်္ဂလားဒေ့ရှ်နိုင်ငံ ကူတူပါလောင်ဒုက္ခသည်စခန်းမှာ ဆေးကုသမှုခံယူခဲ့ပြီး မေလဆန်းပိုင်းက ဘူးသီးတောင်မြို့ကို ပြန်လည်ရောက်ရှိလာခဲ့သူဖြစ်ပါတယ်။

မောင်တောခရိုင်မှာ လက်ရှိ ကိုဗစ်-၁၉ ရောဂါပိုးတွေ့ရှိသူ ၉ ဦးရှိပြီး မောင်တောခရိုင် ပြည်သူ့ဆေးရုံကြီးမှာ ၇ ဦးနဲ့ ဘူးသီးတောင်မြို့ ပြည်သူ့ဆေးရုံမှာ ၂ ဦး ဆေးကုသမှု ခံယူနေပါတယ်။

မောင်တောမြို့က ဒုတိယပိုးတွေ့လူနာ ၂၄၄ ကို တတိယအကြိမ် စစ်ဆေးရာမှာ ပိုးမတွေ့ရှိရတော့ပေမဲ့ ဆေးရုံမှာ နောက်နှစ်ပတ်အထိ စောင့်ကြည့်ထားမှာ ဖြစ်ပါတယ်။

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013