DVB Logo
Home
မြန်မာသတင်း
365 Days ရုပ်ရှင် Netflix တွင် ကြည့်ရှုမှုအများဆုံး စာရင်းဝင်(နမူနာ)
DVB
·
June 27, 2020
365 Days ရုပ်ရှင် Netflix တွင် ကြည့်ရှုမှုအများဆုံး စာရင်းဝင်(နမူနာ)
Donate to DVB

Netflix မှာ ကြည့်ရှုမှုအများဆုံး ရုပ်ရှင်ကား ၁၀ ကားစာရင်းမှာ လိင်ပိုင်းဆိုင်ရာ ဇာတ်ဝင်ခန်းတွေနဲ့ ပိုလန်ရုပ်ရှင်- 365 Days က ထူးထူးခြားခြား ထိပ်တန်းစာရင်းဝင်နေပါတယ်။

လတ်တလောကာလဟာ ကမ္ဘာတလွှား ကိုဗစ်-၁၉ ကပ်ဘေးကြောင့် လူတွေဟာ အိမ်တွေထဲမှာ နေထိုင်နေကြရပြီး အွန်လိုင်းမီဒီယာပလက်ဖောင်းတွေကို အသုံးပြုမှုတွေ ပိုမိုများပြားလာနေခဲ့ပါတယ်။

ဒီထဲမှာတော့ သီချင်းနဲ့ ရုပ်ရှင်လို ဖျော်ဖြေရေးတွေဟာ ပုံစံပြောင်းလာပြီး အွန်လိုင်းမီဒီယာ ပလက်ဖောင်းတွေပေါ်ကတဆင့် ထုတ်လွှင့်လာကြတာ ဖြစ်ပါတယ်။

ဒါရိုက်တာ Barbara Białowąs နဲ့ Tomasz Mandes တို့က ရိုက်ကူးပုံဖော်ထားတဲ့ 365 Days ရုပ်ရှင်ကတော့ ဇွန်လထဲမှာ ကြည့်ရှုမှုအများဆုံး Netflix ထိပ်တန်းရုပ်ရှင်ကား တကား ဖြစ်လာခဲ့တာပါ။

ဇာတ်လမ်းကတော့ အီတလီမာဖီးယားဂိုဏ်းခေါင်းဆောင်တယောက်က ပိုလန်လူမျိုး လုပ်ငန်းရှင် အမျိုးသမီးတယောက်ကို ပြန်ပေးဆွဲသွားပြီး သူ့ရဲ့အချစ်ကို ၃၆၅ ရက်အတွင်း ရအောင်ကြိုးစားတဲ့ ဇာတ်လမ်းဇာတ်ကွက်တွေကို လိင်ပိုင်းဆိုင်ရာ ကြမ်းတမ်းတဲ့ ဇာတ်ဝင်ခန်းတွေနဲ့ ရိုက်ကူးထားခဲ့တာ ဖြစ်ပါတယ်။

ဒီကားထဲမှာတော့ ပိုလန် သရုပ်ဆောင်မင်းသမီး Anna-Maria Sieklucka နဲ့ အီတလီ သရုပ်ဆောင်မင်းသား Michele Morrone တို့က အတွဲညီညီ ခေါင်းဆောင်ပါဝင်ထားကြတာပါ။

ဒီကားကို ပိုလန်နိုင်ငံမှာတော့ ပြီးခဲ့တဲ့ ဖေဖော်ဝါရီလ ၇ ရက်နေ့မှာ စတင်ပြီးတော့ ရုံတင်ပြသခဲ့ပြီး Box Office မှာ ဝင်ငွေအမေရိကန်ဒေါ်လာ ၉ သန်းခွဲ ရရှိထားခဲ့ပါတယ်။

အဲဒီနောက် ဖေဖော်ဝါရီလ ၁၄ ရက်နေ့မှာတော့ ဗြိတိန်နိုင်ငံမှာ ကန့်သတ်ရုပ်ရှင်ရုံတချို့မှာ ပြသခဲ့ပြီး Box Office ဝင်ငွေအမေရိကန်ဒေါ်လာ ၅ သိန်းနီးပါး ရရှိထားခဲ့တာပါ။

ခုဇွန်လထဲမှာ Netflix ကနေတဆင့် ထုတ်လွှင့်ပြသခဲ့ချိန်မှာတော့ ဒီကားဟာ ဂျာမနီ၊ ဆော်ဒီအာရေးဘီးယား၊ လစ်သူယေးနီးယား၊ ဆွစ်ဇာလန်၊ နယ်သာလန်၊ ဘယ်လ်ဂျီယမ်၊ တူရကီ၊ ဆွီဒင်၊ ဩစတီးယား၊ ချက်၊ ဆလိုဗက်ကီးယား၊ ဂရိ၊ ရိုမေးနီးယား၊ တောင်အာဖရိက၊ ပေါ်တူဂီ၊ ပါကစ္စတန်၊ အိန္ဒိယ၊ ယူအေအီး၊ ယူကေ၊ မော်ရေးရှပ်စ်၊ ကနေဒါ၊ အစ္စရေး၊ နယူးဇီလန်၊ မလေးရှား၊ အမေရိကန်စတဲ့ ကမ္ဘာ့နိုင်ငံတွေအနှံ့ အာရုံစိုက်လာစေခဲ့တဲ့ ရုပ်ရှင်ကားတကားဖြစ်လာခဲ့ပြီး ကြည့်ရှုမှုအများဆုံး ထိပ်တန်းအဆင့် ၃ ကားထဲ ရောက်ရှိခဲ့တာ ဖြစ်ပါတယ်။

ဒီကားထဲမှာ ပါဝင်တဲ့ ပြန်ပေးဆွဲ လိင်ပိုင်းအကြမ်းဖက်တဲ့ ဇာတ်ဝင်ခန်းတွေကို ဝေဖန်မှုတွေ ရှိနေခဲ့ပြီး ၂၀၁၅ ခုနှစ်ထွက် ရုပ်ရှင်ကား Fifty Shades of Grey ရုပ်ရှင်နဲ့ နှိုင်းယှဉ်မှုတွေ ရှိပေမယ့် ပိုမိုသာလွန်တဲ့ လိင်ပိုင်းပြကွက်တွေကိုတော့ ဝေဖန်ရေးဆရာတွေက ချီးကျူးမှုတွေလည်း ရှိနေပါတယ်။

ဇွန်လ ၂၄ ရက်နေ့အထိ Netflix မှာ ကြည့်ရှုမှုအများဆုံး ရုပ်ရှင်ကား ၁၀ ကားကတော့ အစဉ်လိုက်အတိုင်း The Nut Job ၊ 365 Days ၊ Feel the Beat ၊ Lost Bullet ၊ Love ၊ Baby Mama ၊ Wasp Network ၊ Magnetic ၊ Despicable Me ၊ The Darkness စတဲ့ ရုပ်ရှင်ကားတွေ ဖြစ်ပါတယ်။

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013