DVB Logo
Home
မြန်မာသတင်း
၇၅ နှစ်မြောက် စိန်ရတု တပ်မတော်နေ့ စစ်ရေးပြအခမ်းအနားကို ပြန်ကျင်းပမည်ဟု ကာချုပ်ပြော
DVB
·
June 25, 2020
၇၅ နှစ်မြောက် စိန်ရတု တပ်မတော်နေ့ စစ်ရေးပြအခမ်းအနားကို ပြန်ကျင်းပမည်ဟု ကာချုပ်ပြော
Donate to DVB

မြန်မာ့တပ်မတော်ရဲ့ ၇၅ နှစ်မြောက် စိန်ရတုနှစ်ပတ်လည်နေ့ စစ်ရေးပြအခမ်းအနားကို ပြန်လည်ကျင်းပပြုလုပ်နိုင်ရေး စီစဉ်ဆောင်ရွက်ဖို့ရှိနေတယ်လို့  တပ်မတော်ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင် ကပြောပါတယ်။

ရုရှားနိုင်ငံမှာရောက်ရှိနေတဲ့ ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်ဟာ  ဒီကနေ့ နေ့လည်ပိုင်းက ခေတ္တတည်းခိုနေတဲ့ မော်စကိုမြို့၊ CROWNE PLAZA ဟိုတယ်မှာ ရုရှားနိုင်ငံက  RT သတင်းဌာနကို လက်ခံတွေ့ဆုံရာမှာ ပြောကြားခဲ့တာလို့ တပ်မတော်က သတင်းထုတ်ပါတယ်။

မြန်မာနိုင်ငံမှာ အကြမ်းဖက်သောင်းကျန်းသူတွေပေါ်ပေါက်လာမှုနဲ့ စစ်ရေးနည်းလမ်း၊ နိုင်ငံရေးနည်းလမ်းနဲ့ သံတမန်နည်းလမ်းအရ ဖြေရှင်းဆောင်ရွက်နေတဲ့ အခြေအနေတွေ တပ်မတော်အနေနဲ့ နိုင်ငံတော်လုံခြုံရေးကိစ္စရပ်တွေအပြင်  ကိုဗစ်-၁၉ ရောဂါ ကာကွယ်ထိန်းချုပ်ကုသရေး လုပ်ငန်းတွေမှာ  ပါဝင်ဆောင်ရွက်နေတဲ့ အခြေအနေတွေကိုလည်း ဗိုလ်ချုပ်မှူးကြီးက ဖြေကြားခဲ့တယ်လို့ ဆိုပါတယ်။ 

ဒါ့အပြင် RT သတင်းဌာနအနေနဲ့ မြန်မာနိုင်ငံသို့ လာရောက်ပြီး မြန်မာ့ရှုခင်း၊ မြန်မာ့စိတ်ရင်းတွေနဲ့ မြန်မာနိုင်ငံရဲ့ ရိုးရာယဉ်ကျေးမှုတွေကို ရိုက်ကူးထုတ်လွှင့်နိုင်ရေး စီစဉ် ဆောင်ရွက်ပေးမယ့် ကိစ္စတွေလည်း ဗိုလ်ချုပ်မှူးကြီးက ပြောကြားခဲ့ပါတယ်။

ကမ္ဘာတဝန်း ကူးစက်ပျံ့နှံ့နေတဲ့ ကိုရိုနာဗိုင်းရပ်စ်ရောဂါကြောင့် ပြီးခဲ့တဲ့ မတ်လ ၂၇ နေ့က စိန်ရတု တပ်မတော်နေ့ စစ်ရေးပြအခမ်းအနားကို နေပြည်တော်မှာ ကျင်းပနိုင်ခဲ့ခြင်းမရှိဘဲ ခေတ္တဆိုင်းငံ့ထားခဲ့ရတာပါ။ 

WHO နဲ့ နိုင်ငံတကာက  ကူးစက်မြန်ရောဂါကို ထိန်းချုပ်နိုင်မှုနဲ့ ပတ်သက်ပြီး တစုံတရာထုတ်ပြန်ပြီးမှသာ စိန်ရတုတပ်မတော်နေ့ စစ်ရေးပြ အခမ်းအနားကျင်းပနိုင်ရေးကို ဆက်လက်စီမံဆောင်ရွက်ဖို့ လျာထားထားတယ် တပ်မတော်က အရင်ကတည်းက သတင်းထုတ်ပြန်ထားပါတယ်။

ဓာတ်ပုံ- CINCDS

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013