DVB Logo
Home
မြန်မာသတင်း
ရှမ်းပြည်နယ်၌ ကလေးသူငယ်များအတွက် အထူးရဲသီးသန့်ထားရန်မရှိဟု  ပြည်နယ်ဝန်ကြီးပြော 
DVB
·
June 24, 2020
ရှမ်းပြည်နယ်၌ ကလေးသူငယ်များအတွက် အထူးရဲသီးသန့်ထားရန်မရှိဟု  ပြည်နယ်ဝန်ကြီးပြော 
Donate to DVB

ရှမ်းပြည်နယ်အတွင်း အမှုရင်ဆိုင်နေရတဲ့ ကလေးသူငယ်တွေကို ကလေးသူငယ် အခွင့်အရေးနဲ့ ဂုဏ်သိက္ခာမထိခိုက်စေဖို့အတွက် ကလေးသူငယ် အထူးရဲသီးသန့်ထားရှိပေးဖို့ အစီအစဉ်မရှိဘူးလို့ ပြည်နယ်အစိုးရအဖွဲ့ လုံခြုံရေးနဲ့ နယ်စပ်ရေးရာဝန်ကြီးက ပြောပါတယ်။

ရှမ်းပြည်နယ်လွှတ်တော် အစည်းအဝေးမှာ ပြည်နယ်လွှတ်တော် ကိုယ်စားလှယ်တစ်ဦးက ကလေးသူငယ် အထူးတရားရုံးထားပေးဖို့နဲ့ ကလေးသူငယ် အထူးရဲသီးသန့် ထားပေးဖို့ အစီအစဉ် ရှိ၊ မရှိ မေးမြန်းတဲ့အခါမှာ ရှမ်းပြည်နယ် အစိုးရအဖွဲ့ နယ်စပ်ရေးရာနဲ့လုံခြုံရေးဝန်ကြီးက အစီအစဉ်မရှိဘူးလို့ ပြန်ဖြေကြားခဲ့တာပါ။

လုံခြုံရေးနဲ့ နယ်စပ်ရေးရာဝန်ကြီး ဗိုလ်မှူးကြီးလှဦးက “ရှမ်းပြည်နယ်အတွင်း ကလေးသူငယ် ပြစ်မှု ဖြစ်ပွားလာပါက တာဝန်ကျ သက်ဆိုင်ရာရဲအရာရှိသည် ၂၀၁၉ ခုနှစ် ဇူလိုင်လ ၂၃ ရက်နေ့မှာ အတည်ပြုပြဋ္ဌာန်းခဲ့တဲ့ ပြည်ထောင်စုလွှတ်တော်ဥပဒေအမှတ် ၂၂/၉၊ အခန်း-၂၁၊ ပုဒ်မ-၈၀(၁၁) နဲ့အညီ ဆောင်ရွက်နေတာကြောင့် ပြစ်မှုကျူးလွန်သူ ကလေးသူငယ်များရဲ့ အခွင့်အရေးကို ရခံခွင့်ရှိတဲ့အတွက် ကလေးသူငယ် အထူးရဲများ သီးသန့်ထားရှိရန် အစီအစဉ်မရှိသေးပါဘူး” လို့ ပြောပါတယ်။

မြန်မာနိုင်ငံမှာ အသက် ၁၈ နှစ်အောက် ကလေးသူငယ်တွေ သီးခြားစစ်ဆေးဖို့ ရုန်ကုန်တိုင်းနဲ့ မန္တလေးတိုင်းဒေသကြီးတွေမှာ ကလေးသူငယ် အထူးတရားရုံးတွေ ဖွင့်ထားပြီး ရှမ်းပြည်နယ်မှာတော့ သီးသန့်ထားရှိတာ မရှိသေးပါဘူး။

ကလေးသူငယ်တွေဟာ တစ်နှစ်နဲ့တစ်နှစ် အမှုရင်ဆိုင်နေရတဲ့သူ ပိုမိုများပြားလာတဲ့အတွက် ကလေးသူငယ် အထူးတရားခွင်ပေါ်ပေါက်ဖို့ ရွာငံမြို့နယ် ပြည်နယ်လွှတ်တော် ကိုယ်စားလှယ် ဦးအေးမင်းစိုးက လွှတ်တော်မှာ ကြယ်ပွင့်ပြမေးခွန်း မေးမြန်းထားပါတယ်။

ရွာငံမြို့နယ်၊ ပြည်နယ်လွတ်တော်ကိုယ်စားလှယ် ဦးအေးမင်းစိုးက “ရှမ်းပြည်နယ်အတွင်း ကလေးသူငယ် အမှုအခင်းတွေနဲ့ပတ်သက်လို့ ဂုဏ်သိက္ခာအရ စစ်ဆေးမေးမြန်းရာမှာ အထူးတရားခွင်တွေ ပေါ်ပေါက်လာစေဖို့နဲ့ ကလေးသူငယ်များဆိုင်ရာ ကျင့်သုံးမှုဥပဒေအရ အထူးအလေး ဆောင်ရွက်လာစေဖို့ အထူးရဲတွေ ပေါက်ပေါက်လာစေဖို့ ရည်ရွယ်ပြီး တင်ပြသွားပါမယ်။ ကျနော်တို့ရှမ်းပြည်နယ်ဟာ နယ်စပ်ဒေသနဲ့ ဆက်စပ်တဲ့ဒေသ ဖြစ်တဲ့အတွက်ကြောင့် လူကုန်ကူးမှု၊ မူးယစ်ဆေးဝါးမှု၊ လက်နက်ကိုင်ပဋိပက္ခတွေကြောင့် ကလေးသူငယ် အမှုအခင်းတွေနဲ့ ရင်ဆိုင်နေရတာကြောင့် ကလေးသူငယ် အထူးတရားရုံးတွေ မရှိမဖြစ် လိုအပ်နေပါတယ်။ ကလေးသူငယ် အမှုအခင်းတွေ ဆောင်ရွက်ရာမှာ အထူးလေ့ကျင့်ပေးထားတဲ့ ကလေးအထူးရဲတွေလည်း ရှမ်းပြည်နယ်မှာ အထူးလိုအပ်နေပါတယ်” လို့ ပြောပါတယ်။

မြန်မာနိုင်ငံအတွင်း ၂၀၁၅ ခုနှစ်မှာ ကလေးသူငယ် အမှုတွဲပေါင်း ၃၉၆ မှု၊ ၂၀၁၆ ခုနှစ်က ၃၀၇ မှု၊ ၂၀၁၇ ခုနှစ်က ကလေးသူငယ် အမှုတွဲပေါင်း ၄၅၇ မှု ကလေးသူငယ် အမှုတွေ ပိုတိုးလာတယ်လို့ သိရပါတယ်။ 

ခွန်ရာဇာ

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013