DVB Logo
Home
မြန်မာသတင်း
မွန်၊ ကရင်နှင့် တနင်္သာရီဒေသက စောင့်ကြည့်လူနာများကို  မော်လမြိုင်ဓာတ်ခွဲခန်းတွင် ကိုဗစ်-၁၉  စစ်ဆေးပေးမည်
DVB
·
June 24, 2020
မွန်၊ ကရင်နှင့် တနင်္သာရီဒေသက စောင့်ကြည့်လူနာများကို  မော်လမြိုင်ဓာတ်ခွဲခန်းတွင် ကိုဗစ်-၁၉  စစ်ဆေးပေးမည်
Donate to DVB

မွန်ပြည်နယ်၊ ကရင်ပြည်နယ်နဲ့ တနင်္သာရီတိုင်းဒေသကြီးရှိ စောင့်ကြည့်လူနာတွေကို မော်လမြိုင် ဓာတ်ခွဲခန်းမှာ ကိုဗစ်-၁၉ ရောဂါပိုး ရှိ မရှိ စစ်ဆေးပေးတော့မယ်လို့ မွန်ပြည်နယ် ကုသရေးနဲ့ ပြည်သူ့ကျန်းမာရေးဦးစီးဌာနက သိရပါတယ်။ 

မော်လမြိုင် ပြည်သူ့ကျန်းမာရေးဆိုင်ရာ ဓာတ်ခွဲမှုဌာနမှာ ဇွန်လ ၄ ရက်နေ့ကတည်းက စတင် စစ်ဆေးနေရာမှာ မွန်ပြည်နယ်အတွင်းက စောင့်ကြည့်လူနာတွေကိုပဲ ဓာတ်ခွဲ စစ်ဆေးပေးခဲ့တာ ဖြစ်ပါတယ်။

ဒါပေမယ့် အခုအခါ ဓာတ်ခွဲစစ်ဆေးတဲ့ အရေအတွက် များလာပြီး အမျိုးသားကျန်းမာရေးဆိုင်ရာ ဓာတ်ခွဲဆိုင်ရာဌာန ရန်ကုန် NHL က မနိုင်တော့အတွက်ကြောင့် မွန်ပြည်နယ်၊ ကရင်ပြည်နယ်နဲ့ တနင်္သာရီတိုင်းက ကိုဗစ်-၁၉ စောင့်ကြည့်လူနာတွေကို မော်လမြိုင်မှာပဲ စစ်ဆေးသွားဖို့ ရှိနေတာလို့ မွန်ပြည်နယ် ကုသရေးနဲ့ ပြည်သူ့ကျန်းမာရေးဦးစီးဌာန ပြည်နယ် ဦးစီးမှူး ဒေါက်တာထွန်းအောင်ကြည်က ပြောပါတယ်။

အရင်က တစ်ပတ်ကို သုံးကြိမ်သာ စစ်ဆေးပေးခဲ့ရာက အခုအခါမှာတော့ နေ့စဉ် စစ်ဆေးပေးသွားမယ်လို့လည်း သိရပါတယ်။  မော်လမြိုင် ဓာတ်ခွဲခန်းဟာ တစ်နေ့ကို လူပေါင်း ၃၀၀ နီးပါးကို ဓာတ်ခွဲစစ်ဆေးပေးနေတာ ဖြစ်ပါတယ်။

ဒါပေမဲ့ ဓာတ်ခွဲခန်းမှာ ဝန်ထမ်းဖွဲ့စည်းပုံ မပြည့်တဲ့အပြင် အဏုဇီဝဗေဒ ကျွမ်းကျင် ပညာရှင် တစ်ဦး အပါအဝင် ဝန်ထမ်း ၂၀ ကျော်နဲ့ ဓာတ်ခွဲ စစ်ဆေးနေရတဲ့အတွက်ကြောင့် အခက်အခဲ ရှိနေတယ်လို့ မော်လမြိုင်  ပြည်သူ့ကျန်းမာရေးဓာတ်ခွဲမှုဆိုင်ရာဌာန တာဝန်ခံ  ဒေါက်တာနီနီဟန်က ပြောပါတယ်။

မော်လမြိုင် ဓာတ်ခွဲခန်းမှာ  ဇွန်လ ၂၃ ရက်နေ့အထိ  ကိုဗစ်-၁၉ စောင့်ကြည့်လူနာ ၂၈၀၀ ကျော်ကို ဓာတ်ခွဲ စစ်ဆေးပေးထားတာ ဖြစ်ပြီး အဲဒီထဲမှာ လူနာနံပါတ် ၂၈၇ တစ်ဦးကို ရောဂါပိုး တွေ့ရှိခဲ့တာပါ။

ဓာတ်ခွဲခန်းအတွက် မော်လမြိုင်မြို့ရှိ တီဘီရောဂါတိုက်ဖျက်ရေးဌာနခွဲက ဇီဝလုံခြုံရေးအဆင့် ၃ ရှိတဲ့ ဓာတ်ခွဲခန်းကို အသုံးပြုထားတာ ဖြစ်ပါတယ်။

သတင်း-ဇော်လွင်ထွဋ်

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013