DVB Logo
Home
မြန်မာသတင်း
ချောက်မြို့နယ်စည်ပင်က ငွေကျပ်သိန်း ၉,၀၀၀ ကျော်သုံးပြီး ဖွံ့ဖြိုးရေးလုပ်ငန်းပေါင်း ၇၅ ခု ဆောင်ရွက်
DVB
·
June 24, 2020
ချောက်မြို့နယ်စည်ပင်က ငွေကျပ်သိန်း ၉,၀၀၀ ကျော်သုံးပြီး ဖွံ့ဖြိုးရေးလုပ်ငန်းပေါင်း ၇၅ ခု ဆောင်ရွက်
Donate to DVB

မကွေးတိုင်းဒေသကြီး၊ ချောက်မြို့နယ်အတွင်း   ၂၀၁၉-၂၀၂၀ ဘဏ္ဍာနှစ်မှာ  ငွေကျပ် သိန်း ၉,၀၀၀ ကျော်နဲ့ ဒေသဖွံ့ဖြိုးရေးလုပ်ငန်း ၇၅ ခု ဆောင်ရွက်နေတယ်လို့  မြို့နယ်စည်ပင်သာယာရေးအဖွဲ့က သိရပါတယ်။

ဒေသဖွံ့ဖြိုးရေးလုပ်ငန်းတွေထဲမှာ ချောက်မြို့ပေါ်ရှိ ရပ်ကွက်တွေနဲ့ စလေမြို့မှာ ကွန်ကရစ်လမ်း ၃၇ လမ်း၊ လမ်းအရှည် ပေ နှစ်သောင်းခန့်ကို ငွေကျပ် ၃၂၇၇ သိန်းကျော်၊ မြေသားလမ်း နှစ်လမ်း၊ လမ်းအရှည် ပေတစ်သောင်းကျော်အတွက် ငွေကျပ် ၂၂၀ သိန်း၊ ကတ္တရားလမ်း ၁၀ လမ်း၊ လမ်းအရှည် ပေ ၉,၀၀၀ ကျော်ကို ငွေကျပ် ၁၄၂၉ သိန်းကျော်၊ ကျောက်ချောလမ်း တစ်လမ်း၊ လမ်းအရှည် ပေတစ်ထောင်၊ ငွေကျပ် ၁၅၀ သိန်းနဲ့ လမ်းထိန်းသိမ်း ဖာထေးခြင်းလုပ်ငန်းစတာတွေ ပါဝင်တယ်လို့ စည်ပင်သာယာရေးအဖွဲ့ စာရင်းအရ သိရပါတယ်။

မြို့နယ် စည်ပင် အမှုဆောင်အရာရှိ ဦးနေမန်းက “ကျပ်သိန်း ၁၀၀ အောက် လုပ်ငန်း ၄၅ ခုက ၃၂ ခု ပြီးပြီ။ ၁၃ ခု ကျန်‌သေးတယ်။ ကျပ်သိန်း ၁၀၀ အထက် လုပ်ငန်း ၂၈ ခုမှာ ၂၄ ခု ပြီးပြီ။ ၄ ခု ကျန်နေသေးတယ်။ ရုံးအဆောက်အအုံတစ်ခုက ဆောက်လုပ်နေဆဲ၊ အမှိုက်သိမ်းယာဉ် နှစ်စီးက ဝယ်ထားပြီး။ တည်ဆောက်ရေး အားလုံး လုပ်ငန်းပေါင်း ၇‌၅ ခုမှာ ၆၈ ခု ပြီးသွားပြီး ၇ ခုကျန်နေသေးတယ်။ လုပ်ငန်းပြီးစီးက ၉၆ ရာခိုင်နှုန်း ပြီးစီးပြီ”လို့ ပြောပါတယ်။

ပလက်ဖောင်းဖျက်သိမ်းခြင်းနဲ့ အသစ်တည်ဆောက်ခြင်းကို ပေ ၅၅၀ ကို ငွေကျပ် ၁၀၀ သိန်း၊ လမ်းဘေးရေမြောင်းတစ်ခု၊ ပေ ၁၂၀၀၊ ငွေကျပ် ၁၅၀ သိန်း၊ ဈေးရုံနဲ့ ဈေးအိမ်သာ တည်ဆောက်ခြင်း ငွေကျပ် ၁၅၀ သိန်း၊ လမ်းမီးတိုင်တွေမှာ LED မီးလုံးတွေ တပ်ဆင်ခြင်း ငွေကျပ် ၁၃၀ သိန်းလောက် သုံးပြီး လုပ်ဆောင်ဖို့လည်း ရှိပါတယ်။

အခုနှစ်အတွင်း စည်ပင်သာယာရေးအဖွဲ့က မြို့ရေပေးဝေရေးလုပ်ငန်း ၈ ခုအတွက် ငွေကျပ် ၁၆၂၂ သိန်း၊ အမှိုက်သိမ်းယာဉ်နှစ်စီး ဝယ်ယူခြင်း ငွေကျပ် ၄၃၅ သိန်း၊ ဂွေးပင်ကျေးရွာ ဈေးဆိုင်ခန်းတွေ တည်ဆောက်ခြင်း ငွေကျပ် ၆၀ သိန်းနဲ့ ချောက်မြို့ စည်ပင်သာယာရေးအဖွဲ့ရုံး အလျား ၆၀ ပေ၊ အနံ ၃၀ ပေရှိသော RC နှစ်ထပ် ရုံးအဆောက်အအုံ ငွေကျပ် ၆၇ ဒသမ ၅ သန်း တို့ ဖြစ်တယ်လို့ စည်ပင်သာယာရေးအဖွဲ့က သိရပါတယ်။

ကိုလင်း(ချောက်)

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013