DVB Logo
Home
မြန်မာသတင်း
ကလေးမြို့ရှိ Lairawn Post  ချင်းသတင်းစာတိုက် မီးလောင်
DVB
·
June 24, 2020
ကလေးမြို့ရှိ Lairawn Post  ချင်းသတင်းစာတိုက် မီးလောင်
Donate to DVB

စစ်ကိုင်းတိုင်း၊ ကလေးမြို့ မြို့လှရပ်ကွက်မှာရှိတဲ့ Lairawn Post သတင်းစာတိုက်မှာ ဇွန် ၂၃ ရက် ညနေ ၄ နာရီလောက်က  မီးလောင်မှုဖြစ်ပွားပြီး စက်ပစ္စည်းတွေ ပျက်စီးဆုံးရှုံးသွားပါတယ်။ 

မီးလောင်မှုကြောင့် ပုံနှိပ်စက် ၁ လုံး၊ Riso Copier ၁ လုံး၊  ကွန်ပျူတာ ၂ လုံး နဲ့ ပုံနှိပ်စက္ကူတွေ မီးလောင်ပျက်စီးသွားတယ်လို့  အဆိုပါသတင်းစာတိုက်က ထုတ်ဝေသူ ကိုဆေထွန်က ဒီဗွီဘီကို ပြောပါတယ်။ 

သတင်းစာတိုက်ပိတ်ထားချိန်မှာ မီးလောင်မှုဖြစ်ပွားခဲ့တာဖြစ်ပြီး ဆိုလာဘက်ထရီ အင်ဗက်တာကနေတဆင့်  မီးစတင်လောင်တာ ဖြစ်နိုင်တယ်လို့လည်း ပြောပါတယ်။ 

မီးလောင်မှုကို ကလေးမြို့မှ မီးသတ်တပ်ဖွဲ့က လာရောက် မီးငြှိမ်းသတ်ခဲ့ရာမှာ  ၄ နာရီ ၁၀ မိနစ် ၁၀ လောက်မှာ မီးငြိမ်းသွားခဲ့ပါတယ်။

Lairawn Post သတင်းစာဟာ ချင်း(ဖလမ်း)ဘာသာနဲ့  နှစ်ရက်တစ်ကြိမ် စောင်ရေ ၁၀၀၀ လောက် ထုတ်ဝေတဲ့ သတင်းစာဖြစ်ပြီး ကိုဗစ်-၁၉ ရောဂါ ကပ်ဘေးကြောင့် ပြီးခဲ့တဲ့ သင်္ကြန်ကာလ ဧပြီလကတည်းက သတင်းစာထုတ်လုပ်မှုကို ရပ်နားထားပါတယ်။

ဓာတ်ပုံ-Zalen

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013