DVB Logo
Home
မြန်မာသတင်း
စတုတ္ထအကြိမ်ပြည်ထောင်စုငြိမ်းချမ်းရေးညီလာခံ သြဂုတ်လဒုတိယပတ်၌ ကျင်းပရန် မျှော်မှန်း
DVB
·
June 23, 2020
စတုတ္ထအကြိမ်ပြည်ထောင်စုငြိမ်းချမ်းရေးညီလာခံ သြဂုတ်လဒုတိယပတ်၌ ကျင်းပရန် မျှော်မှန်း
Donate to DVB

စတုတ္ထအကြိမ်ပြည်ထောင်စုငြိမ်းချမ်းရေးညီလာခံ ၂၁ရာစုပင်လုံကို သြဂုတ်လ ဒုတိယအပတ်မှာ ကျင်းပနိုင်ဖို့ မျှော်မှန်းပြီး အစိုးရ၊ တပ်မတော်နဲ့ အပစ်ရပ်လက်နက်ကိုင်အဖွဲ့တွေ ဆွေးနွေးနေတယ်လို့ ငြိမ်းချမ်းရေးကော်မရှင် အကြံပေးအဖွဲ့ဝင် ဦးလှမောင်ရွှေက ဇွန်လ ၂၃ ရက်နေ့ အစည်းအဝေးအပြီးမှာ ပြောပါတယ်။

၂၀၂၀ ရွေးကောက်ပွဲမတိုင်ခင် စတုတ္ထအကြိမ်ပြည်ထောင်စုငြိမ်းချမ်းရေးညီလာခံ ၂၁ရာစုပင်လုံကို ကျင်းပနိုင်ဖို့ ဇွန်လ ၂၂ ရက်မှ  ၂၅ ရက်နေ့အထိ လေးရက်ကြာ အချိန်ယူပြီး ဆွေးနွေးနေတာပါ။

“လာမယ့် ပြည်ထောင်စုငြိမ်းချမ်းရေးညီလာခံကို သြဂုတ်လလယ် ဒုတိယအပတ်လောက်မှာ လုပ်နိုင်မယ်လို့ မျှော်လင့်ပြီး ပြင်ဆင်နေတာပေါ့ဗျာ။ အဲဒါကို ကြိုတင်ပြင်ဆင်တဲ့အစည်းအဝေးပါပဲ ဒီနေ့တော့။ အခုကတော့ ညှိနှိုင်းဆွေးနွေးနေဆဲပါပဲ။ အတည်ပြုချက်ကတော့ UPDJC မှာ အတည်ပြုမှာပေါ့ဗျာ။ ညှိနှိုင်းနေဆဲပါပဲ”လို့ ဦးလှမောင်ရွှေကပြောပါတယ်။

၂၀၂၀ ရွေးကောက်ပွဲအလွန်ကာလမှာ ငြိမ်းချမ်းရေးလုပ်ငန်းစဉ်မှာပါဝင်တဲ့ အစိုးရအဖွဲ့ဝင်တွေ၊ တပ်မတော်သားကိုယ်စားလှယ်တွေအပြောင်းအလဲရှိလာနိုင်တဲ့အတွက် စတုတ္ထအကြိမ်ပြည်ထောင်စုငြိမ်းချမ်းရေးညီလာခံ ၂၁ရာစုပင်လုံကျင်းပနိုင်ရေးဟာ အရေးကြီးနေတာပါ။.

ဒီနေ့ ဆွေးနွေးပွဲ ဒုတိယနေ့မှာတော့ နိုင်ငံရေးနဲ့ပတ်သက်တာတွေ ဆွေးနွေးခဲ့ပြီး အပစ်ရပ်တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့  EAO ဘက်က ၁၄ ဦးကော်မတီမှာ ၆ ဦးက ရန်ကုန်မှာ အစည်းအဝေးလာပြီး ကျန်တာတွေကတော့ အွန်လိုင်းကနေ အစည်းအဝေးတက်ရောက်ခဲ့ကာ အစိုးရကိုယ်စားလှယ်အဖွဲ့ကတော့ ၉ ဦးမှာ ၈ ဦးက ဒီမှာလာတက်တယ်။

ဒီနေ့ဆွေးနွေးနေတာတွေနဲ့ပတ်သက်ပြီး EAO တွေက နက်ဖြန်မှာ သူတို့ထဲမှာပြန်ဆွေးနွေးကြဖို့ရှိပြီး ဇွန်  ၂၅ ရက်နေ့မှာမှ ပြန်ဆုံပြီးတော့ ပြန်ဆွေးနွေးမယ်လို့  ဦးလှမောင်ရွှေကပြောပါတယ်။

ရွှေးကောက်ပွဲမတိုင်ခင် စတုတ္ထအကြိမ်ပြည်ထောင်စုငြိမ်းချမ်းရေးညီလာခံ ၂၁ရာစုပင်လုံ ကျင်းပဖို့ အပစ်ရပ် တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့တွေဘက်ကလည်း ဆန္ဒရှိနေပြီး သြဂုတ်လမှာ ကျင်းပဖို့ အဆိုပြုထားပါတယ်။

ဒီနေ့အစည်းအဝေးအဖွင့်အမှာစကားမှာတော့ ၂၁ ပင်လုံမှာ အစုအဖွဲ့အားလုံးနဲ့ သင့်တော် အဆင်ပြေတဲ့အချိန်ကို ညှိနှိုင်းဆောင်ရွက်ဖို့လိုတယ်လို့ NCA အကောင်အထည်ဖော်မှုဆိုင်ရာ မူဘောင်ညှိနှိုင်းရေးအဖွဲ့ခေါင်းဆောင် ဗိုလ်မှူးကြီး စိုင်းငင်းက ပြောပါတယ်။

စတုတ္ထအကြိမ်ပြည်ထောင်စုငြိမ်းချမ်းရေးညီလာခံ ၂၁ရာစုပင်လုံညီလာခံ ကျင်းပဖြစ်ရင် အစိုးရ၊ တပ်မတော်နဲ့ အပစ်ရပ်အဖွဲ့တွေ ပြည်ထောင်စုသဘောတူ စာချုပ် အပိုင်းသုံးကို လက်မှတ်ရေးထိုးကြမှာ ဖြစ်ပါတယ်။

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013