DVB Logo
Home
မြန်မာသတင်း
ကချင်ပြည်နယ်၌ ဘယ်ကကူးမှန်းမသိသည့် ကိုဗစ်လူနာ တွေ့ပြီးနောက် တရုတ်ပြန်အားလုံးကို ဓာတ်ခွဲနမူနာ စစ်ဆေးပြီ
DVB
·
June 23, 2020
ကချင်ပြည်နယ်၌ ဘယ်ကကူးမှန်းမသိသည့် ကိုဗစ်လူနာ တွေ့ပြီးနောက် တရုတ်ပြန်အားလုံးကို ဓာတ်ခွဲနမူနာ စစ်ဆေးပြီ
Donate to DVB

ပြည်ပခရီးသွားရာဇဝင် မရှိသလို ကိုဗစ်-၁၉ အတည်ပြုလူနာတွေနဲ့ ထိတွေ့မှုမရှိဘဲ ရောဂါကူးစက်ခံရတဲ့ ကချင်ပြည်နယ်က ကျန်းမာရေးဝန်ထမ်း လူနာနံပါတ် ၂၄၉ အမျိုးသမီးမှာ ပိုးတွေ့ရှိပြီးတဲ့နောက် မြန်မာ-တရုတ် နယ်စပ်စစ်ဆေးရေးဂိတ်ကနေတဆင့် ကချင်ပြည်နယ်ကို လာသမျှ တရုတ်နိုင်ငံက ပြန်လာသူအားလုံးကို ဓာတ်ခွဲနမူနာယူစစ်ဆေးနေပြီ ဖြစ်ကြောင်း ဗန်းမော် ပြည်သူ့ဆေးရုံကြီးက ဆေးရုံအုပ်ကြီး ဒေါက်တာမင်းဇော်အေးက ဒီဗွီဘီကိုပြောပါတယ်။

“အကုန်လုံးကို မစစ်နိုင်ဘူး။ အခုနောက်ပိုင်းကတော့ တရုတ်ကဝင်တဲ့ အားလုံးဝင်သမျှတော့ စစ်နေကြပါတယ်။ အရင်ဝင်သွားတဲ့သူတွေကတော့ ပိုများတာပေါ့။ အကုန်လုံးတော့ မလုပ်နိုင်လောက်ဘူး ထင်တယ်။ တိုင်းနဲ့ပြည်နယ် ပေါင်းလုပ်နေတာလည်း ပါတယ်ဆိုတော့လေ။ အဲလိုပဲ ထင်ပါတယ်” လို့ ဒေါက်တာမင်းဇော်အေးက ပြောပါတယ်။

ကချင်ပြည်နယ်မှာ ဇွန်လ ၂၂ရက်အထိ လူဦးရေ ၃၆၁၈ ဦးရဲ့ ဓာတ်ခွဲနမူနာတွေကို ရန်ကုန်မြို့ကို ပေးပို့ခဲ့ပြီး အဲထဲက ရောဂါပိုးတွေ့ရှိသူ ၂ ဦးရှိခဲ့ကာ ရောဂါပိုးမတွေ့သူ ၂၉၅၂ ဦးရှိကြောင်းနဲ့ ကျန်တဲ့ ၆၆၄ ဦးမှာ ဓာတ်ခွဲနမူနာ အဖြေစောင့်ဆိုင်းနေကြောင်း ကချင်ပြည်နယ် ပြည်သူ့ကျန်းမာရေးဦးစီးဌာနက သိရပါတယ်။ 

ကချင်ပြည်နယ်ကို ပြည်ပကပြန်လာသူ လက်ရှိမှာ ၁၀၀၀၀ ကျော်ရှိခဲ့ပေမယ့် အကုန်လုံးတော့ မစစ်နိုင်ခဲ့ကြောင်း၊ ဒါပေမဲ့ ပြည်ပပြန်တွေကို လွယ်ဂျယ်စစ်ဆေးရေးဂိတ်မှာ ကျန်းမာရေးစစ်ဆေးပေးပြီး နောက်ပိုင်း လူနာနံပါတ် ၂၄၉ ကျန်းမာရေးဝန်ထမ်းသားဖွား ဆရာမအနေနဲ့ ရောဂါလက္ခဏာမပြဘဲ ရောဂါကူးစက်ခံခဲ့ရပါတယ်။

ဒီလို ပြည်ပပြန်တွေအကုန်လုံးကို မစစ်နိုင်တဲ့အပေါ်မှာ အဲဒီသူတွေထဲက ရောဂါပိုးပါလာသူ လွတ်ထွက်သွားနိုင်လားဆိုတဲ့ ဒီဗွီဘီရဲ့မေးမြန်းချက်အပေါ် ဒေါက်တာမင်းဇော်အေးက “ဖြစ်နိုင်ပါတယ်။ အဓိကတော့ မြဝတီက အဝင်များတော့ အဲဘက်ကို ပိုလုပ်ပေးနေတယ်။ အကုန်လုံးကတော့ ဘယ်လိုမှ မစစ်နိုင်ဘူး”လို့ ပြောပါတယ်။

ကချင်ပြည်နယ်မှာတော့ ကိုဗစ်-၁၉ အတည်ပြုလူနာ ၂ ဦးဖြစ်တဲ့ လူနာနံပါတ် ၁၄၄ နဲ့ ၂၄၉ နှစ်ဦးထဲက ရန်ကုန်လှိုင်သာယာစက်ရုံတစ်ခုမှာ အလုပ်လုပ်ခဲ့ပြီးနောက် ကူးစက်ခံရတဲ့ မိုးညှင်းမြို့နယ်နေ လူနာနံပါတ် ၁၄၄ ကတော့ ဆေးရုံကဆင်းသွားပြီဖြစ်ပြီး ဇွန်လ ၁၁ ရက်နေ့က ပိုးတွေ့ရှိခဲ့တဲ့ မိုးမောက်မြို့နယ်က လူနာနံပတ် ၂၄၉ ကတော့ ဆေးဝါးကုသမှုခံယူနေဆဲ ဖြစ်ပါတယ်။

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013