DVB Logo
Home
မြန်မာသတင်း
တရားခံပြေး ဦးဝီရသူနှင့် ဘူးလက်လှဆွေတို့ကို ဝရမ်းမပါဘဲ ဖမ်းဆီးနိုင်
DVB
·
June 23, 2020
တရားခံပြေး ဦးဝီရသူနှင့် ဘူးလက်လှဆွေတို့ကို ဝရမ်းမပါဘဲ ဖမ်းဆီးနိုင်
Donate to DVB

တရားခံပြေးအဖြစ် ကြေညာခံထားရတဲ့  ဦးဝီရသူနဲ့ ဘူးလက်လှဆွေတို့ကို ဘယ်နေရာမှာမဆို ဝရမ်းမပါဘဲ ဖမ်းဆီးနိုင်ဖို့ ရဲစခန်းမှတ်ပုံတင် ၃၃ အရ ညွှန်ကြားထားတယ်လို့ ရဲဗိုလ်ချုပ်မျိုးဆွေဝင်းက ပြောပါတယ်။

ဇူလိုင် ၂၂ ရက်က နေပြည်တော်ရှိ ပြန်ကြားရေးဝန်ကြီးဌာနမှာ ကျင်းပတဲ့ အစိုးရလေးနှစ်တာကာလ ဆောင်ရွက်ချက်တွေနဲ့ပတ်သက်တဲ့ သတင်းစာရှင်းလင်းပွဲမှာ ပြောကြားသွားတာပါ။

ဒီအမှုဟာ ရဲအရေးပိုင်တဲ့အမှု မဟုတ်ပေမဲ့ ရာဇဝတ်ကျင့်ထုံးဥပဒေပုဒ်မ ၅၄ တတိယအပိုဒ်အရ ဘယ်ရဲတပ်ဖွဲ့မဆို ဝရမ်းမပါဘဲ ဖမ်းဆီးနိုင်တယ်လို့ ဆိုပါတယ်။

ရုရှားလူမှုကွန်ရက်စာမျက်နှာ VK  မှာ သူတို့နဲ့ပတ်သက်ပြီး တက်လာတဲ့ သတင်းအချက်အလက်တွေကို စစ်ဆေးလိုက်တဲ့အခါမှာ အတုအယောင်တွေသာ ဖြစ်တယ်လို့ ဆိုပါတယ်။

သူတို့နဲ့ပတ်သက်တဲ့သတင်းတွေကို သက်ဆိုင်ရာရဲတပ်ဖွဲ့ကို တိတိကျကျ ပေးလာတဲ့အခါမှာ ဖမ်းဆီးဆောင်ရွက်ပြီး သက်ဆိုင်ရာတရားရုံးကို ပို့ပေးဆောင်ရွက်နိုင်မှာဖြစ်တယ်လို့ ရဲမှူးကြီး ကျော်လင်းကလည်း ပြောပါတယ်။

ရန်ကုန်နဲ့မြိတ်မြို့မှာ ကျင်းပခဲ့တဲ့ ပုဒ်မ ၅၉(စ) မပြင်ဆင်ရေး ဟောပြောပွဲတွေမှာ ဦးဝီရသူရဲ့ ဟောပြောချက်တွေဟာ နိုင်ငံတော်အကြီးအကဲတွေရဲ့ ဂုဏ်သိက္ခာကို ထိခိုက်စေတယ်ဆိုပြီး ဦးဝီရသူကို ပုဒ်မ ၁၂၄ (က) နိုင်ငံတော် အကြည်ညိုပျက်စေမှုနဲ့ ရန်ကုန်တိုင်း အနောက်ပိုင်းခရိုင်၊ ဒုခရိုင် အုပ်ချုပ်ရေးမှူး ဦးစန်းမင်းက တရားလို ပြုလုပ် တရားစွဲထားတာ ဖြစ်ပါတယ်။

ဦးဝီရသူက အဖမ်းမခံဘဲ  ထွက်ပြေးတိမ်းရှောင်နေတဲ့အတွက် အမှုကို မျက်ကွယ်မှာ စစ်ဆေးနေသလို  ပြီးခဲ့တဲ့ သြဂုတ် ၉ ရက်မှာ သူပိုင်ဆိုင်တဲ့ပစ္စည်းတွေကို ချိပ်ပိတ်ဝရမ်းကပ်ဖို့ ရန်ကုန်အနောက်ပိုင်းခရိုင်တရားရုံးက အမိန့်ချမှတ်ထားတာပါ။

ဦးဝီရသူနဲ့  ဦးလှဆွေတို့ကို  အမှုဖွင့်တိုင်ကြားထားပေမဲ့ ခုချိန်အထိ ဖမ်းဆီးရမိခြင်း မရှိသေးတဲ့ အပေါ်  သတင်းမီဒီယာတွေက မေးခွန်းထုတ်နေကြတာဖြစ်ပါတယ်။

Support DVB
Live
DVB Donate၂၀၂၆ ကမ္ဘာ့ဖလား
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013