DVB Logo
Home
မြန်မာသတင်း
မောင်တောမြို့တွင် ကိုဗစ်-၁၉ အတည်ပြုလူနာသစ် ၁ ဦး ထပ်တွေ့
DVB
·
June 23, 2020
မောင်တောမြို့တွင် ကိုဗစ်-၁၉ အတည်ပြုလူနာသစ် ၁ ဦး ထပ်တွေ့
Donate to DVB

ဇွန် ၂၂ ရက်နေ့အတွက် ဓာတ်ခွဲနမူနာ ၁,၇၈၉ အား နှစ်သုတ်ခွဲစစ်ဆေးချက်အရ  မောင်တောမြို့နေ ဘင်္ဂလားဒေ့ရှ်က ပြန်လာတဲ့ ကိုဗစ်-၁၉ အတည်ပြုလူနာသစ် ၁ ဦး တွေ့ရှိခဲ့တယ်လို့ ကျန်းမာရေးနှင့်အားကစားဝန်ကြီးဌာနက ထုတ်ပြန်ပါတယ်။

အမျိုးသားကျန်းမာရေးဓာတ်ခွဲမှုဆိုင်ရာဌာန (ရန်ကုန်) က ဓာတ်ခွဲနမူနာ ၁,၀၅၈ ခု၊ ဆေးသုတေသနဦးစီးဌာန (DMR) က ဓာတ်ခွဲနမူနာ ၁၉၉ ခု၊ ပြည်သူ့ကျန်းမာရေးဓာတ်ခွဲမှုဆိုင်ရာဌာန (မန္တလေး) က ဓာတ်ခွဲနမူနာ ၂၈၀ ခုနဲ့ ရန်ကုန်မြို့၊ အမှတ် (၁) တပ်မတော်ဆေးရုံကြီး(ကုတင် - ၁၀၀၀)  ဓာတ်ခွဲနမူနာ ၂၅၂ ခု၊ စုစုပေါင်း ဓာတ်ခွဲနမူနာ ၁,၇၈၉ ခုအား စစ်ဆေးပြီးစီးခဲ့တာပါ။

အသက် ၃၀ အရွယ် အမျိုးသမီး လူနာသစ်အမှတ် ၂၉၁ ဟာ ဘင်္ဂလားဒေ့ရှ်က ပြန်လာပြီးနောက် မောင်တောမြို့မှာ အသွားအလာ ကန့်သတ်ထားသူဖြစ်ပြီး မောင်တောပြည်သူ့ဆေးရုံမှာ ဆေးကုသမှု ခံယူစေမယ်လို့ ဆိုပါတယ်။

မြန်မာနိုင်ငံမှာ ဒီနေ့မနက် ၈ နာရီအထိ ကိုဗစ်-၁၉ အတည်ပြုလူနာ ၂၉၁ ဦး၊ သေဆုံးသူ ၆ ဦး၊ ၂ ကြိမ်ဆက်တိုက် ပိုးမတွေ့ရှိသူ စုစုပေါင်း အယောက် ၂၀၀ ၊ အဲဒီထဲက ၁၈၆ ဦးအား ဆေးရုံမှ ဆင်းခွင့်ပြုခဲ့ပြီး သတ်မှတ်နေရာတွေမှာ အသွားအလာဆက်လက်ကန့်သတ် စောင့်ကြပ် ကြည့်ရှုနေတယ်လို့ ကျန်းမာရေးက ထုတ်ပြန်ထားပါတယ်။

ဇွန် ၂၁ ရက် မွန်းတည့် ၁၂ နာရီကနေ ၂၂ ရက် မွန်းတည့် ၁၂ နာရီအထိ  စောင့်ကြည့်လူနာအသစ် ၂၃ ဦး ရှိတယ်လို့ ဆိုပါတယ်။

ကမ္ဘာတဝန်းမှာတော့ ဒီနေ့မနက်ပိုင်းအထိ ကိုဗစ်-၁၉ အတည်ပြုလူနာ ၉ ဒသမ ၁ သန်းကျော်၊ သေဆုံးသူ ၄ သိန်း ၇ သောင်းကျော်နဲ့ ရောဂါသက်သာပျောက်ကင်းသူ ၄ ဒသမ ၉ သန်းကျော် ရှိတယ်လို့ သိရပါတယ်။

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013