DVB Logo
Home
မြန်မာသတင်း
၂၀၂၀ ရွေးကောက်ပွဲလုံခြုံရေး ဆောင်ရွက်ပေးမည်ဟု  တပ်မတော်ကတိပေး
DVB
·
June 22, 2020
၂၀၂၀ ရွေးကောက်ပွဲလုံခြုံရေး ဆောင်ရွက်ပေးမည်ဟု  တပ်မတော်ကတိပေး
Donate to DVB

၂၀၂၀ အထွေထွေရွေးကောက်ပွဲအတွက် လုံခြုံရေးပိုင်းအပါအဝင် တခြားလိုချက်တွေကိုလည်း တပ်မတော်ဘက်က ဆောင်ရွက်ပေးသွားမှာဖြစ်တယ်လို့ တပ်မတော်ပြောရေးဆိုခွင့်ရှိသူ ဗိုလ်မှူးချုပ်ဇော်မင်းထွန်းက  ဒီကနေ့ ဇွန်လ ၂၂ ရက်က နေပြည်တော်မှာ ကျင်းပတဲ့ အစိုးရသတင်းစာရှင်းလင်းပွဲမှာ ပြောပါတယ်။

တပ်မတော်အနေနဲ့ပါတီစုံဒီမိုကရေစီစနစ်ဖြစ်ပေါ်လာစေဖို့အတွက်တပ်မတော်အစိုးရလက်ထက်ကတည်းက လမ်းခင်းပေးခဲ့တာနဲ့အညီ အခု ၂၀၂၀ ရွေးကောက်ပွဲ ဖြစ်မြောက်လာစေဖို့အတွက်ကိုလည်း လိုအပ်တဲ့တာဝန်တွေကို ထမ်းဆောင်ဖို့ ရှိနေတယ်လို့ ဆိုပါတယ်။

ဗိုလ်မှူးချုပ်ဇော်မင်းထွန်းက " ၂၀၁၅ ရွေးကောက်ပွဲတုန်းက၊၂၀၁၀ ရွေးကောက်ပွဲတုန်းက ဒီလုံခြုံရေးပိုင်းဆိုင်ရာကိစ္စတင်မကဘူး ဆန္ဒမဲလက်မှတ်တွေ အချိန်မီရောက်ရှိဖို့၊ ဆန္ဒမဲလက်မှတ်တွေနဲ့ပတ်သက်ပြီးတော့ ဆန္ဒမဲပေးတဲ့ပုံးတွေကအစ အချိန်မီရောက်ရှိဖို့ရာ တကယ့် ခက်ခဲတဲ့အရပ်တွေမှာ တပ်မတော်ရဟတ်ယာဉ်တွေ၊ လေယာဉ်တွေ သုံးပြီးတော့ ပို့ဆောင်ခဲ့တာ ဖြစ်ပတယ်။ ဒါကြောင့်မလို့ ကျနော်တို့အနေနဲ့ ဒီပါတီစုံဒီမိုကရေစီစနစ်ရဲ့ အသက်ဖြစ်တဲ့ ရွေးကောက်ပွဲနဲ့ ပတ်သက်လာပြီးရင် လုံခြုံရေးအရရော၊ ဆောင်ရွက်နိုင်တဲ့ လုပ်ငန်းမှန်သမျှရော ကျနော်တို့ ဆောင်ရွက်ပေးသွားမှာဖြစ်ပါတယ် " လို့ ပြောပါတယ်။

ပြီးခဲ့တဲ့ ၂၀၁၀ နဲ့ ၂၀၁၅ ရွေးကောက်ပွဲတွေမှာ တပ်မတော်သားတွေအပါအဝင် မိသားစုဝင်တွေဟာ တပ်အတွင်းမှာထားရှိတဲ့ မဲရုံတွေမှာသာ မဲပေးခဲ့ကြရပေမဲ့ အခု ၂၀၂၀ မှာတော့ တပ်ပြင်မဲရုံတွေမှာ မဲပေးကြရတော့မှာပါ။ 

တပ်ပြင်မဲရုံတွေ အပြင်ထုတ်ရေးကို လွှတ်တော်တွေမှာ ဆွေးနွေးခဲ့စဉ်ကလည်း တပ်မတော်သားကိုယ်စားလှယ်တွေက နယ်မြေမအေးချမ်းတဲ့ ဒေသတွေက လုံခြုံရေးကို ထည့်သွင်းဆွေးနွေးခဲ့ကြပါတယ်။

ဒါနဲ့ပတ်သက်ပြီးလည်း ဗိုလ်မှူးချုပ်ဇော်မင်းထွန်းက " တပ်ပြင်မဲရုံတွေနဲ့ ပတ်သက်ပြီး လုံခြုံရေးနဲ့ ပတ်သက်ပြီး ပဋိပက္ခဖြစ်ပွားနေတဲ့ နေရာတွေမှာ တပ်မတော်သားတွေ တပ်ပြင် မဲပေးနိုင်ဖို့၊ ဒါတွေကတော့ တကယ်ဖြစ်ပေါ်လာတဲ့ ရွေးကောက်ပွဲကာလပေါ့နော်၊ ရွေးကောက်ပွဲကာလမှာ တကယ်ဖြစ်ပေါ် လာတဲ့ အခြေအနေတွေအရ ကျနော်တို့ ညှိနှိုင်းဆောင်ရွက်သွားလို့ရပါတယ်" လို့ ပြောပါတယ်။

၂၀၂၀ ရွေးကောက်ပွဲကို လာမယ့် နိုဝင်ဘာလအတွင်း ကျင်းပသွားဖွယ်ရှိသလို ဆန္ဒမဲပေးပိုင်ခွင့်ရှိသူ အရေအတွက်က ၃၇ သန်း ခန့် ရှိတယ်လို့ ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင် က ကြေညာထားပါတယ်။

တပ်မတော်သားတွေနဲ့ မိသားစုဝင် မဲပေးမယ့် စာရင်းကိုတော့ လက်ရှိအချိန်မှာ ပြုစုဆဲလို့ သိရပါတယ်။

ဓာတ်ပုံ- UEC

သတင်း-ဖြိုးသက်ပိုင်မြင့်(နေပြည်တော်)

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013